တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်အောင်ပွဲအလှူကို ကိုရီးယားရောက် ရွှေမြန်မာအပေါင်း ညီညာပေါင်းစု၍ ကောင်းမှုပြုကြရာတွင် စုစုပေါင်း အလှူတော်ငွေ ဝမ် သိန်း (၇၀)ကျော်ကို အမျိုးဘာသာ၊ သာသနာအတွက်နှင့် သံဃာတော်များ ပစ္စည်းလေးပါး အလို့ငါ အသီးသီး ခွဲဝေလှူဒါန်း ဖြစ်ခဲ့ကြပါသည်။ ထိုအလှူများကို အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဖြစ်ခဲ့ကြသကဲ့သို့ အချို့ကို အလှူရှင်များကိုယ်စား ကျောင်းအကျိုးဆောင် အဖွဲ့က ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တထံသို့ ဆက်ကပ်လှူဒါန်း ဖြစ်ခဲ့ကြပါသည်။ ယနေ့ (၂၇၊ ၁၀၊ ၂၀၁၃)လှူဒါန်းဖြစ်ခဲ့သည့် အလှူအသီးသီးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ပင့်သံဃာတော်များ ခရီးစရိတ်နှင့် ပစ္စည်းလေးပါး အလှူတော် ဝမ် (၁၅)သိန်း
၂။ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ထာဝရ ငွေပဒေသာပင် အလှူတော် ဝမ် (၂၀) သိန်း
၃။ ရန်ကုန်မြို့၊ အိမ်တော်ရာ၊ သီရိဇေယျုံကျောင်း ဆောက်လုပ်ဆဲကျောင်းအလှူတော် ဝမ် (၁၀) သိန်း
၎။ မနာပဒါယီ ဖောင်ဒေးရှင်း ရံပုံငွေအလှူတော် ဝမ် (၁၀) သိန်း
၅။ ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ၏ ခရီးစရိတ်အလှူတော် ဝမ် (၁၀) သိန်း နှင့် ဧည့်ပရိတ်သတ် ကျွေးမွေးလှူဒါန်းမှု အပါအဝင် အထွေထွေ ဝေယျာဝစ္စအလှူအတွက် ဝမ် (၁၀)သိန်းကျော် စသည်ဖြင့် အသီးသီးလှူဒါန်း ဖြစ်ခဲ့ကြပါသည်။ အားလုံ ဝမ်းမြောက်နုမော် သာဓုခေါ်စေသော်။ သာဓု သာဓု သာဓု။
*****အလှူရှင် အသေးစိပ်ရှင်းတမ်းကို ကျောင်းပြန်ကြားရေးမှ မကြာမီ တင်ပြပေးသွားမည် ဖြစ်ပါသည်။
0 comments:
Post a Comment