Sunday, September 26, 2010

ချူဆောက်ပိတ်ရက် ရဟန်းဝတ်ပွဲမှတ်တမ်း ဓာတ်ပုံများ

READ MORE......

Friday, September 24, 2010

ရက်လည်ဆွမ်းသွပ် တရားတော်နာ ဖိတ်ကြားခြင်း...

(၁၉-၉-၂၀၁၀) ရက်နေ့တွင် ကွယ်လွန်သွားသော ကိုသန်းမောင် (မြင်းခြံ)၊ အသက် (၃၇)နှစ်အား ရည်စူး၍ ကျန်ရစ်ခဲ့သော မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ၏ ရက်လည်ဆွမ်းကျွေး တရားနာအမျှဝေနှင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများအား ရက်လည်ဆွမ်းသွပ် တရားတော်နာ ကြွရောက်ကြပါရန်နှင့် အတူတကွ အသုဘ လိုက်ပါပို့ဆောင်ပေးနိုင်ပါရန် အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၆- ၉- ၂၀၁၀ (တနင်္ဂနွေနေ့)
ဆွမ်းသွပ်တရားနာချိန် = နံနက် (၈)နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၆ နာရီမှ ၉ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့
မီးသင်္ဂြိုဟ်ချိန် = နေ့လယ် (၁) နာရီ

မှတ်ချက်။ အသုဘလိုက်ပါ ပို့ဆောင်ခြင်းကို ဘုန်းတော်ကြီးကျောင်းမှ စုရပ်အနေဖြင့် ထွက်ခွာမည် ဖြစ်ပါသဖြင့် လိုက်ပါပို့ဆောင်လိုသူများ အနေဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ကြရန် ဖြစ်ပါသည်။ ထွက်ခွါချိန်အတိအကျကို မနက်ဖြန် တရားနာအပြီး ထပ်မံကြေငြာပေးပါမည်။

READ MORE......

Monday, September 20, 2010

ချူဆောက်ပိတ်ရက် ရဟန်းခံပွဲနှင့် ဆွမ်းအလှူပွဲများ

ကိုရီးယားနိုင်ငံ၏ ချူဆောက်ပိတ်ရက်များတွင် ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်း သူငယ်ချင်းတစ်စုတို့၏ ရဟန်းဝတ်ပွဲနှင့် အလှူရှင် အသီးသီးတို့၏ မိမိတို့ တစ်နိုင်တစ်ပိုင် ကုသိုလ်ပြု ဆွမ်းကပ်လှူပွဲများကို အောက်ပါအတိုင်း ကျင်းပပြုလုပ် ဆက်ကပ်လှူဒါန်းကြမည် ဖြစ်ပါသဖြင့် အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် အသိပေး တင်ပြအပ်ပါသည်။

၂၁-၉-၂၀၁၀ (အင်္ဂါနေ့)
ကွယ်လွန်သူ ကိုသန်းမောင်အား ရည်စူး၍ သက်ပျောက်ဆွမ်းအလှူအတွက် ကျန်ရစ်သူ မိတ်ဆွေသူငယ်ချင်းများ၏ နေ့ဆွမ်းအလှူ၊
နေ့လယ်ပိုင်းတွင် ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်းတို့၏ သင်္ကန်းတောင်း ကိုရင်ဝတ်ပွဲ

၂၂-၉-၂၀၁၀ (ဗုဒ္ဓဟူးနေ့)
ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်း သူငယ်ချင်းတစ်စုတို့၏ အရုဏ်ဆွမ်းအလှူ
ဆရာတော်နှင့် ရဟန်းလောင်းများက ဘူဖျောင်းဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်၍ သိမ်တက်ရဟန်းခံကာ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် နေ့ဆွမ်းဘုဉ်းပေး၍ ညနေပိုင်းအရောက် ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်းသို့ ပြန်ကြွမည်။

၂၃-၉-၂၀၁၀ (ကြာသပတေးနေ့)
ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်းနှင့် သူငယ်ချင်းတစ်စုတို့၏ အရုဏ်ဆွမ်းအလှူ
ဒေါက်တာနီနီမာနှင့် သူငယ်ချင်းများ၏ နေ့ဆွမ်းအလှူ

၂၄/၂၅-၉-၂၀၁၀ (သောကြာ/စနေ)
ဒုလ္လရဟန်းများနှင့် သူငယ်ချင်းများ၏ အရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူများ

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster