Monday, December 15, 2008

အသိပေးကြေငြာခြင်း


`စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း` ဖွင့်ပွဲနှင့် ကျောင်းတက်ပွဲကို ရွှေညီအစ်ကိုအများ အားလပ်ရက်ဖြစ်သည့် ပိတ်ရက်တစ်ရက်ရက်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တအနေဖြင့် မြန်မာပြည်ရှိ ဥပစ္ဇျာယ်ဆရာတော်ကြီး၏ ကျန်းမာရေး အသည်းအသန် အခြေအနေကြောင့် မြန်မာပြည်သို့ ခေတ္တပြန်ကြရမည် ဖြစ်သဖြင့် ကျောင်းတက်ပွဲကို ဆရာတော်ပြန်ကြွ လာမှသာ ရက်အတိအကျ ကြေငြာသတ်မှတ် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဆရာတော်အနေဖြင့်လည်း အမြန်ဆုံးပြန်ကြွနိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း မိန့်တော်မူပါသည်။
ထို့အပြင် ဆရာတော် မရှိသည့်ကာလတွင် ကျောင်းတော်နှင့်ပတ်သက်သည့် ကိစ္စအ၀၀ကို ဆရာတော်၏ ညွန်ကြားချက်အတိုင်း ကျောင်းအကျိုးဆောင်များနှင့် တိုင်ပင်ဆွေးနွေး လုပ်ဆောင်နိုင်သည့်အကြောင်း ထပ်မံအသိပေးအပ်ပါသည်။

ကျောင်းအကျိုးဆောင်အဖွဲ့

READ MORE......

Monday, December 8, 2008

အစည်းအဝေးဖိတ်ကြားခြင်း


စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့၏ ပုံမှန်အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသဖြင့် အကျိုးဆောင်များအနေဖြင့် ကြိုးစား၍ တက်ရောက်ကြပါရန်နှင့် အကြံကောင်းများပြုနိုင်ကြစေရန် ကြိုတင်အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၄-၁၂-၂၀၀၈ (တနွင်္ဂနွေနေ့)
အချိန် = နေ့လယ် ၁ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း အနီး)

READ MORE......

Tuesday, December 2, 2008

ဝမ်းမြောက်နုမော် သာဓုခေါ်ပါသည်…

စိတ္တသုခ မြန်မာဘုန်းတော်ကျောင်းတွင် လိုအပ်နေသည့် ပစ္စည်းဝတ္ထုများကို စေတနာရှင် အလှူရှင်များက တတ်နိုင်သမျှ ၀ိုင်းဝန်းလှူဒါန်းလျက်ရှိရာ ယင်းအလှူရှင်များနှင့် အလှူအမျိုးအစားများကို ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။
၁။ ပိဋကသုံးပုံ ပါဠိတော်၊ မြန်မာပြန်စာအုပ်များအလှူရှင်
နုန်းဂုံးရွှေညီအစ်ကို အများစုပေါင်းလှူဒါန်းသည်
၂။ ဘုရားပလ္လင်အလှူရှင်
Ko Win Myint + Kim Ju Hyun
၃။ တရားဟောပလ္လင် နှင့် ထီးဖြူအလှူရှင်
ကိုညွန့်ဝင်း (စကားဝါစတိုး) မိသားစု
၎။ ရေပူ၊ ရေအေးစက်အလှူရှင်
ကိုအောင်မျိုးထက်၊ ကိုဇော်ထူးအောင် (မန္တလေးမြို့)
၅။ အပူပေးပန်ကာအလှူရှင်
မိဘနှစ်ပါးအမှူးထား၍ ကိုထွန်းထွန်းလတ်
၆။ စာအုပ်စင်နှင့် အ၀တ်လျှော်စက်အလှူရှင်
ကိုစိုးမင်း၊ ကိုထွန်းထွန်းလင်း၊ ကိုဦး၊ ကိုကျော်ကျော်မင်း
၇။ စောင်၊ ခေါင်းအုံးထည့် ဗီရိုကြီးအလှူရှင်
ကိုလင်းအောင်ဖြိုး + မချိုပပနိုင်
၈။ ဆွမ်း၊ ဆွမ်းဟင်းထည့် ပုဂံများအလှူရှင်
ကိုစိုးမင်း
၉။ ဖိနပ်စင်အလှူရှင်
ကိုဘုန်းနိုင်
၁၀။ အပူပေးပန်ကာအလှူရှင်
ကိုအောင်ကျော်ငြိမ်း
၁၁။ အပူပေးပန်ကာအလှူရှင်
ကိုစန်းမောင်
၁၂။ အသီးဖျော်စက်အလှူရှင်
ကိုကျော်ကျော်မင်း
၁၃။ ဆရာတော်အခန်း ကွန်ပျူတာခုံအလှူရှင်
ကိုမိုးကောင်း
၁၄။ ဆရာတော်အခန်း စားပွဲတင်ခုံအလှူရှင်
ကွယ်လွန်သူမိခင်ကြီးအား ရည်စူး၍ ကိုကျော်ကျော်မြင့်
၁၅။ ဆရာတော်အခန်းဗီရိုအလှူရှင်
ကိုလင်းဇင်ဦး၊ ကိုရန်ပိုင်ထွန်း၊ ကိုစံသိန်းအောင်၊ ကိုဖြိုးချမ်းငြိမ်း

မှတ်ချက်။ ။ အချို့လည်း လိုအပ်ရာရာ အသေးအဖွဲများကို ကြံလျှင်ကြုံသလို လှူဒါန်းသွားမှုများ ရှိပါသည်။ အသေးစိပ်ကို နောက်မှထပ်မံ စီစဉ်ဖော်ပြမည်ဖြစ်ပါသဖြင့် အမည်မပါသေးသူများ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster