Thursday, August 30, 2012

စိတ္တသုခကျောင်း အကျိုးတော်ဆောင်အဖွဲ ပြင်ဆင်ဖွဲ့ည်းခြင့်း

စိတ္တသုခ အကျိုးတော်ဆောင်အဖွဲ့ အစည်းအဝေးကို (၂၆- ၈- ၂၀၁၂) နေ့က စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပါသည် ၊ ဆရာတော်နှင့်တကွ အကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ စသည်ဖြင့် အဖွဲ့သားများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည် ။ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီးနောက် ဆရာတော်က သြ၀ါဒ မြွက်ကြားရာတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန်နှင့် ရည်ရွယ်ချက်များမှာ

 (၁) ကျောင်းအဖွဲ့ကို ကျစ်ကျစ်လစ်လစ် ထိထိရောက်ရောက် ဖွဲ့စည်းရန် 
(၂) ကျောင်းအဖွဲ့ထဲမှ လူမှုရေးအသင်းအဖွဲ့ လုပ်ငန်းများကို လုပ်ဆောင်ရန် 
(၃) ကျောင်းအဖွဲ့ထဲမှ ဝေယျာဝစ္စကိစ္စများကို လုပ်ဆောင်ရန် တို့ဖြစ်ပါသည် ။ 

ဤသို့ဖြင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်..

  
စဉ်
အမည်
တာဝန်
ဖုန်းနံပါတ်
ဆရာတော် ဦးဝိစိတ္တ
ပဓါန နာယက
010 3787 9693
ကိုမင်းနိုင်
ဥက္ကဋ္ဌ
010 2201 8388
ကိုမျိုးညွန့်သိန်း
ဒု - ဥက္ကဋ္ဌ
010 6868 2988
ကိုဘုန်းနိုင်
အတွင်းရေးမှူး
010 5658 2250
ကိုဝင်းနိင်ဦး
ပြန်ကြားရေးမှူး
010 5785 3015
ကိုလင်းထိန်ဝင်း
ဘဏ္ဍာရေးမှူး
010 4345 1980
ကိုဇေယျာတင့်
အဖွဲ့ဝင်
010 9838 1986
ကိုသန်းဌေး
အဖွဲ့ဝင်

စိုင်းမောင်ဌေး
အဖွဲ့ဝင်
010 5873 3880
၁၀
ကိုလင်းသူရ
အဖွဲ့ဝင်
010 3037 2722
၁၁
ကိုရဲမြင့် (ခ) ကိုမောင်လန်း
အဖွဲ့ဝင်

၁၂
ကိုသူရအောင် (Star Light)
အဖွဲ့ဝင်
010 8263 2250
၁၃
ကိုထွန်းထွန်းလတ်
အဖွဲ့ဝင်
010 3141 2509
၁၄
ကိုဝင်းသန်း
အဖွဲ့ဝင်
010 3040 0857
၁၅
ကိုဇင်ကိုအောင်
အဖွဲ့ဝင်
010 8683 4960



တို့ဖြစ်ပါသည် ၊ ဆက်လက်၍ လူမှုကူညီရေး အဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့တို့ကိုလည်း ဖွဲ့စည်းပြီး ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည် ။





လူမှုကူညီရေးအဖွဲ့ဝင်များမှာ




စဉ်
အမည်
တာဝန်
ဖုန်းနံပါတ်
ကိုဝင်းနိုင်ဦး
ကွန်ပြူတာ နည်းပညာဆိုင်ရာများ  
အလုပ်အကိုင်နေရာများရှာဖွေရေး
010 5785 3015
ကိုဘုန်းနိုင်
ဆေးရုံဆေးခန်းကိစ္စများ
အလုပ်သမားရေးရာကိစ္စများ
010 5658 2250
ကိုဇေယျာတင့်
အလုပ်သမားရေးရာကိစ္စများ

010 9838 1986

ဝေယျာဝစ္စအဖွဲ့ဝင်များမှာ 

(၁) ကိုမင်းနိုင် (010 2201 8388)
(၂) ကိုလင်းထိန်ဝင်း (010 4345 1980)
(၃) ကိုမောင်မောင်
(၄) ကိုထွန်းထွန်းလတ်
(၅) ကိုဝင်းသန်း
(၆) ကိုအောင်ဇင်ထူး
(၇) ကိုဌေးအောင်
(၈) ကိုသက်နိုင် 
(၉) ကိုဖြိုးဝေဝင်း (ခ) ဖြိုးဝေ
(၁၀) ကိုအောင်ဇေယျ (ခ) နွားကြီး
(၁၁) ကိုကိုဥိး
(၁၂) ကိုဟန်လင်းစိုး (ခ) ဘုတို
တို့ဖြစ်ကြပြီး ထပ်တိုး အဖွဲ့ဝင်များကို နောက်တွင် ဆက်လက်တင်ပြပါမည် ၊
အလှူအတန်း ကိစ္စများအတွက် ဝေယျာဝစ္စအဖွဲ့နှင့် ဆက်သွယ်နိုင်ပါသည်။




အထက်ပါ အဖွဲ့ဝင်များသည် မိမိတို့နှင့်သက်ဆိုင်သည့် တာဝန်များကို စူးစိုက်၍ ဦးစားပေးလုပ်ဆောင်ရန် အတွက် တာဝန်ယူမှုများသာဖြစ်ပြီး ယခုအဖွဲ့ဝင်စာရင်းတွင် မပါဝင်သူများသည် စိတ္တသုခ ကျောင်းတော်၏ အကျိုးပြုလုပ်ငန်းများကို မည်သည့်နေရာမှ မဆို ပါဝင်ကူညီရန်ဖြစ်ပြီး တာဝန်အားလုံးနှင့် သက်ဆိုင်သည်ဟု မှတ်ယူကြစေလိုကောင်း အကျိုးတော်အဖွဲ့ဝင်များက မေတ္တာရပ်ခံအပ်ပါသည် ။

READ MORE......

Wednesday, August 22, 2012

စိတ္တသုခ အဖွဲ့သားများ၏ ရခိုင်ဒေသ အလှူတော် မှတ်တမ်းပုံရိပ်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခဖြစ်ခဲ့ကြသည့် တိုင်းရင်းသား ဒုက္ခသည်များအား တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခကျောင်း ဆရာတော်နှင့် ဒယ်ဂူးမြို့အနီးတစ်ဝိုက်ရှိ မြန်မာဒကာဒကာမများ၏ စုပေါင်းထောက်ပံ့ လှူဒါန်းသည့် အလှူတော် ဝမ် (၄၄)သိန်းကျော်ကို (၁၆-၈-၂၀၁၂)ရက်နေ့တွင် စိတ္တသုခကျောင်း အကျိုးဆောင် အဖွဲ့ဝင် ရခိုင်တိုင်ရင်းသား ကိုသိန်းထွန်းမောင် ကိုယ်တိုင်သွားရောက်၍ လှူဒါန်းခဲ့ပါသည်။ ကိုသိန်းထွန်းမောင်မှ မလှူခင် ဒုက္ခသည်များ၏ လိုအပ်ချက်များကို စုံးစမ်းရာတွင် ပစ္စည်းဝတ္ထုမှာ အလှူရှင် အမျိုးမျိုးက လာရောက်လှူဒါန်းထားသည့်သဖြင့် အထိုက်အလျောက် ပြည့်စုံမှုရှိသော်လည်း ပိုက်ဆံငွေကြေးမှာ ဆေးဝယ်ဖို့တောင် မရှိဘဲ ဖြစ်ရတဲ့အကြောင်း သိရှိရတဲ့အတွက် ဒုက္ခသည် အိမ်ထောင်စု ၅၉၈ကို အချိုးကျ ခွဲဝေပြီး တစ်အိမ်လျင် (၄၀၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း အကြောင်းပြန်လာပါသည်။ မှတ်တမ်းဓာတ်ပုံများလည်း ပူတွဲတင်းပြလာပါသည်။ ဒုက္ခသည်များမှာ ဝမ်းသာလွန်းသဖြင့် ကိုရီးယားရောက် အလှူရှင်များအတွက် ဆုတောင်းမေတ္တာများလည်း အကြိမ်ကြိမ်ပို့သကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ကိုသိန်းထွန်းမောင်မှ ပေးပို့လာသည် မိမိတို့၏ အလှူမှတ်တမ်း ပုံရိပ်များကို ဝမ်းသာပီတိ ဖြစ်စေရန် တင်ပြလိုက်ပါသည်။ 
အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ…
 


READ MORE......

Tuesday, August 21, 2012

စိတ္တသုခ အဖွဲ့သားများ၏ စုံညီအစည်းအဝေး ဖိတ်ကြားခြင်း

စိတ္တသုခ ကျောင်းအကျိုးဆောင်အဖွဲ့၊ စိတ္တသုခ ကျောင်းဝေယျာဝစ္စအဖွဲ့နှင့် စိတ္တသုခ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များ၏ စုပေါင်းစုံညီအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့သားများအားလုံး မပျက်မကွက် ကြွရောက်ကြပါရန်နှင့် စိတ်ပါဝင်စားသူများလည်း တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = 26-8-2012၊ တနင်္ဂနွေနေ့
အချိန် = နေ့လည် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့

READ MORE......

Sunday, August 19, 2012

ဝတ်ရွတ်ပူဇော် ကုသိုလ်တော်



ဒီတစ်ရက် နှစ်ရက်ကစပြီး ဘုန်းဘုန်းတို့ စိတ္တသုကျောင်းတော်မှာ ဝတ်ရွတ်ပူဇော် ကုသိုလ်တော်သံတွေနဲ့ လွင့်ပြန့်သာယာကာ စိတ္တသုခရဲ့ ရှင်သန်နေတဲ့ ပုံရိပ်တွေဟာ တစတစ ပိုပိုပြီး အားရစရာ ဖြစ်လာနေပါတယ်။ တနင်္ဂနွေနေ့တွေမှာ ဆိုရင်လည်း အလှူတရားပွဲ ရှိတဲ့အခါ တရားသံ၊ ဝေယျာဝစ္စစံတွေနဲ့ ငြိမ်းချမ်းသာယာနေသလို တရားပွဲ မရှိတဲ့ နေ့တွေမှာဆိုရင်လည်း ကိုရီးယားသင်တန်း ပို့ချသင်ယူသံတွေနဲ့ ပဲ့တင်လျှံနေတော့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ္တသုခ အဖွဲ့သားတွေရဲ့ ရှင်သံနေတဲ့ ပုံရိပ်တွေနဲ့ ဒီပုံရိပ်တွေကို ကြည့်ကာ ပီတိဖြာနေရတဲ့ စိတ္တသုခ ဆရာတော်နဲ့ အကျိုးဆောင်တွေရဲ့ လှုပ်ရှားမှုများရဲ့ တစ်စိပ်တဒေသပဲ ဖြစ်ပါတယ်။ စိတ္တသုခရဲ့ ရည်ရွယ်ချက်ကိုက အမျိုးဘာသာ သာသနာကို အပြောမဟုတ် အလုပ်နဲ့ သက်သေထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဆိုတော့ အခုလို ရှင်သန်နေတာဟာ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်နေတာဖြစ်တဲ့အတွက် အထူးတလည် ဂုဏ်ဖော်စရာမလိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

အခုလည်း တစ်မူထူးခြား ကုသိုလ်တရားတစ်ခုက ဝတ်ရွတ်ပူဇော် ကုသိုလ်တော်ယူကာ ဘုရားရှင်ကို ပူဇော်နေကြတာလေးတွေပဲ ဖြစ်ပါတယ်။ ဝါတွင်းကာလမှာဆိုတော့ ဒီကုသိုလ်လေးတွဟာ လိုက်ဖက်လှတဲ့ သာဓုသံပဲ ဖြစ်ပါတယ်။ ကျောင်းမှာ အလုပ်ရှာရင်း ခေတ္တခဏ ကိုရင်ကြီးဝတ်နေတဲ့ ဒကာတစ်ယောက်ရယ်၊ အလုပ်ရှာဖို့ ထွက်လာရင်း ကျောင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ ဒကာတစ်ယောက်ရယ်ကို ဝတ်ရွတ်စေရာကနေ ကျောင်းကိုရောက်လာတဲ့ ဒကာလေးတွေကလည်း သူတို့ပါ ရွတ်ချင်ပါတယ်လို့ ဆိုရာက ရွတ်ဖြစ်သွားကြတဲ့ ဒီကုသိုလ်တွေဟာ ဝတ်ရွတ်သူတွေတင် မဟုတ်ဘဲ အဲဒီဝတ်ရည်သံကို နားဆင်ရတဲ့ ဘုန်းဘုန်းအပါအဝင် သူတော်ကောင်းနတ်တွေရဲ့ နှလုံးအိမ်အထိ ငြိမ်းချမ်းတဲ့ ပီတိကို ဖြစ်စေတော့တာ ဖြစ်ပါတယ်။ 

 တစ်ယောက်စ၊ နှစ်ယောက်စကနေ စတင်ခဲ့တဲ့ ဝတ်ရွတ်ကုသိုလ်လေးဟာ သဒ္ဓါတရား ဓာတ်ခံရှိနေတဲ့ ဒကာလေးတွေ အချင်းချင်း တိုက်တွန်းရာကနေ ခုဆိုတဖြည်းဖြည်း များလာနေတော့တာ ဖြစ်ပါတယ်။ ကုသိုလ်ရဲ့ အစွမ်းကလည်း ပြုလုပ်သူကို သဒ္ဓါတရားနဲ့ ပိတီအားကို တိုးပွားစေတဲ့အတွက် ဝတ်ရွတ်ကုသိုလ်ယူနေကြတဲ့ ဒကာလေးတွေရဲ့ မျက်နှာမှာ ဝင်းပကြည်လင်တဲ့ အသွင်အထိတောင် ဆောင်သွားစေတော့တာ ဖြစ်ပါတယ်။ ပိုပြီး ကျေနပ်စရာကောင်းတာက ခိုင်းလို့လုပ်ရတဲ့ ကုသိုလ်မဟုတ်ဘဲ သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ လုပ်တဲ့ကုသိုလ် ဖြစ်တဲ့အတွက်လည်း သဒ္ဓါစေတနာအားက ကောင်းလာနေတော့တာပဲ ဖြစ်ပါတယ်။ 
 ကျောင်းမှာရှိတဲ့ ဝတ်ရွတ်စဉ် စာအုပ်ကို ဝတ်ရွတ်စေရင်း ပြီးတဲ့အခါ အဲဒီထဲမှာ ပါတဲ့ အဓိပ္ဗါယ်လေးတွေကိုပါ ရှင်းပြဖြစ်တော့ ရွတ်ဆိုသူ ကလေးတွေမှာ ဘာသာတရား အသိတွေ တိုးစေတဲ့အပြင် မိရိုးဖလာ ဗုဒ္ဓဘာသာ အဖြစ်ကနေပြီး နောင်တစ်ချိန်မှာ အနှစ်သာရရှိတဲ့ ဗုဒ္ဓဘာသာအဖြစ်၊ ပြီးတော့ မိမိတို့ရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်း ရှင်းပြနိုင်တဲ့အထိ အထောက်အပံ့ဖြစ်စေမယ့် ကုသိုလ်ဖြစ်တဲ့အတွက် ဒီဝတ်ရွတ်ပူဇော် ကုသိုလ်တော်ဟာ သူတို့အတွက်တော့ အထူးတလည်ကို အကျိုးရှိနေစေတော့တာ ဖြစ်ပါတယ်။ အကျိုးပေးတာဟာ ကံရဲ့အလုပ်ဖြစ်ပြီး လုပ်ရမှာက ကိုယ့်ရဲ့အလုပ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကုသိုလ်အလုပ်ကို ကိုယ်ကိုယ်တိုင် ကျိုးစားအားထုတ်ပြီး အကုသိုလ်တွေ များနေတဲ့ ဘဝမှာ ကုသိုလ်တရားလေးတွေနဲ့ မှတ်ကျောက်ပြုနေတာလို့ ဝတ်ရွတ်ပူဇော်သူလေးတွေကို ပြောပြပေးဖြစ်ပါတယ်။ 

 နောက်တစ်ချက်က ဘဝမှာ ကုသိုလ်ဆိုတာ သီးသန့်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်တဲ့အပြင် မိမိတို့အတွက် ဒီလိုအချိန်မှာ ဒီလိုကုသိုလ်ဝတ်လေးတွေကို လုပ်ဖူးတယ်ဆိုတဲ့ ကုသိုလ်နဲ့ ပတ်သက်တဲ့ သက်သေခံ သစ္စာပြုစရာ အဓိဋ္ဌာန်ချက်လေးတွေလည်း ရရှိသွားတဲ့အတွက် ဝတ်ရွတ်ပူဇော် ကုသိုလ်တော်ဟာ ရွတ်ဆိုသူတွေအတွက်တော့ အထူးကို အားအင်တွေ ဖြစ်နေစေတော့တာ ဖြစ်ပါတယ်။ အလုပ်ပင်ပန်းလို့ ကုသိုလ်ရေးကို မလုပ်ဖြစ်တဲ့ကြားက ဒီလို ဝတ်ရွတ်ကုသိုလ်လေးတွေ လုပ်ဖြစ်ကြတယ်ဆိုတာဟာ တော်ရုံသဒ္ဓါတရားနဲ့တော့ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ သေချာတွေးကြည့်ရင် ဗုဒ္ဓဘာသာ အမည်ခံထားပေမယ့် တခြားဘာသာဝင်တွေလောက် ပုံမှန် ဘာသာတရား အလုပ်တွေကို မလုပ်ဖြစ်တဲ့ အမည်ခံ ဗုဒ္ဓဘာသာ အဖြစ်ကနေ စွမ်းနိုင်သမျှ ဒီလို ဝတ်ရွတ်ကုသိုလ်လေးတွေ လုပ်ဖြစ်တာဟာ အကြိမ်ကြိမ် သာဓုခေါ်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ဘာသာ သာသနာအတွက် သာဓုခေါ်ဖြစ်တာထက် သူတို့ရဲ့ ကိုယ်ပိုင်သဒ္ဓါတရားနဲ့ ကုသိုလ်စိတ်အတွက် သာဓုခေါ်တယ်ဆိုရင် ပိုမှန်မှာ ဖြစ်ပါတယ်။ 
 အခုလို သူတို့လေးတွေရဲ့ ပင်ကိုယ်သဒ္ဓါတရားနဲ့ ဝတ်ရွတ်ပူဇော် ကုသိုလ်တော် ယူသလို သူတို့လိုပဲ သဒ္ဓါပေါက်ပြီး ဝတ်ယူပူဇော် ကုသိုလ်တော် ယူလိုသူများ ရှိခဲ့မယ်ဆိုရင်တော့ စိတ္တသုခကျောင်းတော်မှာ ညစဉ် ည(၈)နာရီအချိန်မှာ ဝတ်ရွတ်ပူဇော် ကုသိုလ်တော် အစီအစဉ်မှာ ပါဝင်ပြီး ကုသိုလ်တော် ယူနိုင်မှာ ဖြစ်ပါကြောင်းနှင့် ဝတ်ယူပူဇော်ချိန်ဟာ အများဆုံး နာရီဝက်ခန့်သာ ဖြစ်တဲ့အတွက် အချိန်ရလို့ အဓိဋ္ဌာန်နဲ့ ကုသိုလ်ယူကာ ဝတ်ရွတ်ပူဇော်လိုသူများ အချိန်ကိုက်ကာ လာရောက်ပူဇော် ကုသိုလ်တော် ယူနိုင်ပါကြောင်းလည်း အထူးတလည် တိုက်တွန်းနှိုးဆော်ရင်း ဖိတ်မန္တက ပြုအပ်ပါတယ်။ အတင်းတိုက်တွန်းမှု မဟုတ်ပေမယ့် သဒ္ဓါတရား ဓာတ်ခံရှိသူများ ကုသိုလ်တော် ယူလိုက ယူခွင့်ရအောင် အသိပေး ဝေမျှလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

READ MORE......

Friday, August 17, 2012

စတုတ္ထအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအတွက် အလှူရှင်များ စာရင်း

ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကို လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံတော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင်သလို၊ ဒကာမတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန်အဖိုးထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ ဒါက ရိုးရိုး သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်းကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူဖြစ်တဲ့အတွက် စီဝရဒါနခေါ် သင်္ကန်းအလှူမြောက်ရုံတင် မကတော့ပဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီးထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်တဲ့အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ် ၊ ဒါကြောင့် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ အရာ ဆုထူးဆုမြတ်တွေကို ရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ စတုတ္ထအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအတွက် အလှူရှင်များ စာရင်းကို တင်ပြအပ်ပါတယ် .. 




စဉ်

အလှူရှင်အမည် နှင့် လှူဒါန်းမှု
အလှူငွေ  (သောင်း)
ခမည်းတော် ဦးတင်မောင် + မယ်တော်ဒေါ်ခင်ထွေး ၀ါဆိုသင်္ကန်း (၁) စုံ
ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် မိသားစု ပန်ကာ (၁) လုံး နှင့် ၀ါဆိုသင်္ကန်း (၂) စုံ
၁၆
ကိုမျိုးမင်းသန်း မိသားစု ပန်ကာ (၁) လုံး နှင့် ၀ါဆိုသင်္ကန်း(၁) စုံ
၁၃
ကိုဖြိုးေ၀၀င်း မိသားစု ပန်ကာ (၁) လုံး
၁၀
မရွှေရည်ဖြိုး သင်္ကန်း (၁) စုံ
မထားထားဦး သင်္ကန်း (၁) စုံ
ကိုမင်းနိုင် + မအေးယုနွယ် မိသားစု ၀ါဆိုသင်္ကန်းအတွက်
၁၀
ကိုဇေယျာတင့် ၀ါဆိုသင်္ကန်း(၁) စုံ

ဒါဆန်းရွှေညီအစ်ကိုများက ၀ါဆိုသင်္ကန်းကပ်လှူပွဲအတွက်

ကိုသန်းဌေး
၁၅
၁၀
ကိုဝင်းကျော်
၁၅
၁၁
ကို - ကိုကိုနိုင်
၁၂
ကိုဘိုဘိုနိုင်
၁၃
ကိုအောင်ကိုဦး
၁၄
ကိုကျော်လွင်ဦး
၁၅
ကိုစိုင်းမောင်ဌေး
၁၅
၁၆
ကိုကျော်နိုင်
၁၅
၁၇
ကိုလှစိုး
၁၅
၁၈
ကိုကျော်ကျော်လွင်
၁၅
၁၉
ကိုရန်နိုင်ထွန်း
၁၅
၂၀
ကိုမင်းထွန်း
၁၅
၂၁
ကိုရှိုင်းမြတ်ကို
၁၅
၂၂
ကိုဖြိုးသန့်တင်
၁၅
၂၃
ကိုကရင်ကြီး
၂၄
ကိုဝင်းအောင်ခိုင်
၁၀
၂၅
ကိုအောင်ကျော်ဇံ
၁၀
၂၆
ကိုတင့်ကျော်
၁၀
၂၇
ကိုဇော်မင်းထွန်း
၂၈
ကိုကျော်စိန်ထွန်း (ကရင်လေး)
၁၀
၂၉
ကိုညီညီအောင် (ဆုံဆောမှလာပေါင်း)
၁၀
၃၀
ကိုကျော်မိုး (ဆုံဆောမှလာပေါင်း)
၁၀
၃၁
ကိုကျော်သူရ
၃၂
ကိုအောင်ကျော်သူ ( ၀ဲဂွမ်မှလာပေါင်း)
၁၅
၃၃
ကိုထွန်းမင်း ( ၀ဲဂွမ်မှလာပေါင်း)
၁၅
၃၄
ကိုကိုလွင်
၃၅
ကိုစည်သူစိုင်း
၃၆
ကိုသီဟလွင်
၁၀
၃၇
ကိုစိုးလှိုင်ဝင်း
၃၈
ကိုအောင်မျိုးသန်း
၃၉
ကိုစိုးဝင်းထွန်း
၄၀
ကိုသန်းလွင်
၁၀
၄၁
ကိုဇေယျာမျိုး
၁၅

ကိုဇေယျာမျိုးက ဆရာတော်၏ ရန်ကုန်မြို့ သီရိဇေယျုံကျောင်းတိုက် ဆောက်လုပ်မှုအတွက်
၁၀

ကိုဇေယျာမျိုး- ၀ါဆိုသင်္ကန်း (၂) စုံအတွက်
၄၂
ဖခင်ကြီး ဦးမင်းဥာဏ်လှိုင်အားရည်စူး၍ ကိုမင်းထောလေ (ကိုစိုင်းမောင်ဌေး) က သင်္ကန်း (၁) စုံ
၄၃
ဒါဆန်းရွှေညီအစ်ကိုများ၏ သြဂုတ်လအတွက် လစဉ်အလှူငွေ
၃၃
၄၄
ကိုစိန်ချွန် ၀ါဆိုသင်္ကန်းအတွက်
၄၅
ဦးမြင့်ဆွေ + ဒေါ်ရွှေကြည် မိသားစု ၀ါဆိုသင်္ကန်းအတွက်
၄၆
ကိုချန်ဒူးဝမ် ကိုလင်းလင်းစိုး ၀ါဆိုသင်္ကန်းအတွက်
၄၇
ကိုမြင့်ဦး ၀ါဆိုသင်္ကန်းအတွက်
၄၈
ကိုအာကာ ၀ါဆိုသင်္ကန်းအတွက်
၄၉
ကိုသက်ပိုင်ဦး ၀ါဆိုသင်္ကန်းအတွက်
၅၀
ကိုသော်ဇင်ထွန်း ၀ါဆိုသင်္ကန်းအတွက်
၅၁
ကိုထွန်းထွန်းလတ် ၀ါဆိုသင်္ကန်းအတွက်
၅၂
ကိုဝင်းမြင့်အောင်က မိဘနှစ်ပါး အမှူးထား၍ ၀ါဆိုသင်္ကန်းအတွက်
၅၃
ကိုကျော်ကျော်မင်း ၀ါဆိုသင်္ကန်းအတွက်
၅၄
ဦးသောင်းလွင် + ဒေါ်လှလှ တို့အား အမှူးထား၍ သားဇာနည်လွင် ၀ါဆိုသင်္ကန်းအတွက်
၅၅
ကိုမောင်မောင် မိသားစု ၀ါဆိုသင်္ကန်းအတွက်
၅၆
ကွယ်လွန်သူမိခင်ကြီး ဒေါ်ထွေးစိန်အားရည်စူး၍ ဦးမောင်ကျော်မိသားစု ၀ါဆိုသင်္ကန်းအတွက်
၅၇
ကွယ်လွန်သူမိခင်ကြီး ဒေါ်မြင့်မြင့်ခိုင်အား ရည်စူး၍ သားပြည့်ဟန်မျိုးဝင်း သမီးချောစုမျိုးဝင်းတို့က
၅၈
ကိုလှထွန်း ဂင်မဲ မှ ၀ါဆိုသင်္ကန်း (၁) စုံ
၅၉
ကိုမောင်မောင် ၀ါဆိုသင်္ကန်းအတွက်
၆၀
ကိုဝင်းသန်း ကိုဟန်လင်းစိုး ၀ါဆိုသင်္ကန်းအတွက်
၆၁
ကိုဇင်ကိုအောင် ၀ါဆိုသင်္ကန်းအတွက်
၆၂
ကွယ်လွန်သူ ဖခင်ကြီး ဦးသန်းညွန့်အားရည်စူး၍ ကိုဝင်းနိုင်ဦး ၀ါဆိုသင်္ကန်းအတွက်
၆၃
ကိုမျိုးညွန့်သိန်း + မသဇင်ငြိမ်း ၀ါဆိုသင်္ကန်းအတွက်
၆၄
ကိုစိုးမိုးနိုင် + မကေဇင်မိုး ၀ါဆိုသင်္ကန်းအတွက်
၆၅
ကိုဌေးအောင် ၀ါဆိုသင်္ကန်းအတွက်
၆၆
ကိုနေမျိုးအောင်စိုး ၀ါဆိုသင်္ကန်းအတွက်
၆၇
ကိုသန်းမင်းစိုး ၀ါဆိုသင်္ကန်းအတွက်
၆၈
ဦးစိန်ထွန်း + ဒေါ်ကြည်ကြည်ဌေးမိသားစု ( ကိုအောင်မျိုးထွန်း) ၀ါဆိုသင်္ကန်းအတွက်
၆၉
ဦးစိန်ထွန်း + ဒေါ်ကြည်ကြည်ဌေးမိသားစု ( ကိုအောင်စိုးလင်း) ၀ါဆိုသင်္ကန်းအတွက်
၇၀
ကိုထွန်းအောင်ကျော် + မကြည်ကြည်မော် ၀ါဆိုသင်္ကန်းအတွက်
၇၁
ကိုဇော်မင်းလေး ၀ါဆိုသင်္ကန်းအတွက်
၇၂
ကိုသက်နိုင် + မသင်းသင်းဌေး ၀ါဆိုသင်္ကန်းအတွက်
၇၃
ကိုစိုးမိုးထက် ၀ါဆိုသင်္ကန်းအတွက်
၇၄
ကိုဟိုးဟိုး ၀ါဆိုသင်္ကန်းအတွက်
၇၅
ကိုဝင်းနိုင်လတ် ၀ါဆိုသင်္ကန်းအတွက်
၇၆
ကိုအောင်ဇော်ဝင်း ၀ါဆိုသင်္ကန်းအတွက်
၇၇
ကိုကောင်းထက်လင်း ၀ါဆိုသင်္ကန်းအတွက်
၇၈
ကိုဇော်မင်း ၀ါဆိုသင်္ကန်းအတွက်
၇၉
ကိုမျိုးမြင့်ခိုင် ၀ါဆိုသင်္ကန်းအတွက်
၁၀
၈၀
ကိုကျော်သဲဦး
၈၁
ဂျော်အန်းညီအစ်ကိုများ (ဂယောင်ဂျူး) ၀ါဆိုသင်္ကန်း (၃)စုံ

ဂျော်အန်းညီအစ်ကိုများ (ဂယောင်ဂျူး) ဝေယျာဝစ္စ အလှူငွေ
၁၆
၈၂
ရွှေကမ္ဘာမြန်မာဆိုင် - ဒေါ်ခင်ပြုံးဝင်း ၀ါဆိုသင်္ကန်းအတွက်
၈၃
ကိုဖြိုးအောင် ( ဂယောင်ဂျူး) ၀ါဆိုသင်္ကန်းအတွက်
၈၄
ကိုဘုန်းနိုင် + Ms. Dimple ၀ါဆိုသင်္ကန်းအတွက်
၈၅
ကိုသက်ဝင်းအောင် (ဆုံဆော) ၀ါဆိုသင်္ကန်းအတွက်
၈၆
ကိုအောင်ကျော်ဇော ( ဂျီလယန်း) ၀ါဆိုသင်္ကန်းအတွက်
၈၇
ကိုကျော်စွာမင်း ၀ါဆိုသင်္ကန်းအတွက်
၈၈
ကိုရဲရင့် ၀ါဆိုသင်္ကန်းအတွက်
၈၉
ကိုရဲဝင်းသူ ကိုဇာနည်နှင့် သူငယ်ချင်းများ
၉၀
ကိုမြင့်စိုးဦး ၀ါဆိုသင်္ကန်းအတွက်
၉၁
ကိုဇော်မင်းထိုက် ၀ါဆိုသင်္ကန်းအတွက်
၉၂
ကိုတင်ယုထွန်း ၀ါဆိုသင်္ကန်းအတွက်
၉၃
ကိုသက်ခိုင်ထူး (ဂင်မဲ) ၀ါဆိုသင်္ကန်းအတွက်
၉၄
ကိုအောင်ဇေယျ ၀ါဆိုသင်္ကန်းအတွက်
၉၅
ကိုကျင်စိန် ၀ါဆိုသင်္ကန်းအတွက်
၉၆
ကိုထွန်းမြင့် ၀ါဆိုသင်္ကန်းအတွက်
၉၇
ကိုညီညီအောင် ကိုဘဲဥ ၀ါဆိုသင်္ကန်းအတွက်
၉၈
ဦးရန်ငွေ + ဒေါ်ရင်ရင်လှ မိသားစု ၀ါဆိုသင်္ကန်းအတွက်
၉၉
ကွယ်လွန်သူ ဦးစန်းငွေအားရည်စူး၍ တူကိုကျော်ဝဏ္ဏ ၀ါဆိုသင်္ကန်းအတွက်
၁၀၀
ကိုမင်းကျော်ထင် ၀ါဆိုသင်္ကန်းအတွက်
၁၀၁
ကိုသီဟဇော် ၀ါဆိုသင်္ကန်းအတွက်
၁၀၂
ကိုကျော်သူဆန်း ၀ါဆိုသင်္ကန်းအတွက်
၁၀၃
ကိုကျော်ဟိန်း ၀ါဆိုသင်္ကန်းအတွက်
၁၀၄
ကိုကျာ်သူအောင် ၀ါဆိုသင်္ကန်းအတွက်
၁၀၅
ကိုဟန် (ဖျောင်းထက်) ၀ါဆိုသင်္ကန်းအတွက်
၁၀၆
ကိုဇော်မိုးထိုက် ၀ါဆိုသင်္ကန်းအတွက်
ဝ.၅
၁၀၇
ကိုတင်လင်း ၀ါဆိုသင်္ကန်းအတွက်
၁၀၈
ကိုခင်မောင်ချင်း ၀ါဆိုသင်္ကန်းအတွက်
၁၀၉
ကိုကျော်ကိုကိုဝင်း ၀ါဆိုသင်္ကန်းအတွက်
၁၁၀
ကိုဇော်ကြီး ကိုရဲဝင်းထွန်း ၀ါဆိုသင်္ကန်းအတွက်
၁၁၁
ကိုသန်းထွန်းအောင် ၀ါဆိုသင်္ကန်းအတွက်
၁၁၂
ဒေါ်တင်တင်အေးမိသားစု (မန္တလေး) - ကိုနေ၀င်း ၀ါဆိုသင်္ကန်းအတွက်
၁၁၃
ကိုမင်းကျော်စိုး ၀ါဆိုသင်္ကန်းအတွက်
၁၁၄
ကိုဇေယျာအောင် ၀ါဆိုသင်္ကန်းအတွက်
၁၁၅
ကိုစောထီမူး ၀ါဆိုသင်္ကန်းအတွက်
၁၁၆
ကိုရှမ်းလေး (ဂျီလယန်း) ၀ါဆိုသင်္ကန်းအတွက်
၁၁၇
ကိုဌေးအောင်ခိုင် ၀ါဆိုသင်္ကန်းအတွက်
၁၁၈
ကိုစောလင်းစိုး ၀ါဆိုသင်္ကန်းအတွက်
၁၁၉
ကိုဟိန်းထက် (မန္တလေး) ၀ါဆိုသင်္ကန်းအတွက်
၁၂၀
ကိုအေးလွင် (မကွေး) ၀ါဆိုသင်္ကန်းအတွက်
၁၂၁
ကိုမျိုးကျော်ဆန်း ၀ါဆိုသင်္ကန်းအတွက်
ဝ.၅
၁၂၂
ကိုသူရအောင် Star light မြန်မာဆိုင် ၀ါဆိုသင်္ကန်းအတွက်
၁၂၃
ကိုနေလင်းအောင် ၀ါဆိုသင်္ကန်းအတွက်
၁၂၄
ကိုဝင်းကို ၀ါဆိုသင်္ကန်းအတွက်
၁၂၅
다가지 ၀ါဆိုသင်္ကန်းအတွက်
၁၂၆
다가마지 ၀ါဆိုသင်္ကန်းအတွက်
၁၂၇
ဝါဆိုသင်္ကန်းအတွက်
၁၂၈
ဝါဆိုသင်္ကန်းအတွက်
၁၂၉
Ms.Chatdapon (Thailand) ၀ါဆိုသင်္ကန်းအတွက်
၁၃၀
ကိုအောင်ဖြိုးထွေး ၀ါဆိုသင်္ကန်းအတွက်
၁၃၁
ကိုစိုးမင်းထက် ၀ါဆိုသင်္ကန်းအတွက်
၁၃၂
ကိုကျော်ဌေး ၀ါဆိုသင်္ကန်းအတွက်
၁၃၃
ကိုမော်ကြီး ၀ါဆိုသင်္ကန်းအတွက်
၁၃၄
ကိုဝေဖြိုးအောင် ၀ါဆိုသင်္ကန်းအတွက်
၁၃၅
ကိုရှမ်းလေး နွန်ကုန်း ၀ါဆိုသင်္ကန်းအတွက်
၁၃၆
ကိုခွန်မင်းလွင် ၀ါဆိုသင်္ကန်းအတွက်
၁၃၇
ကိုနိုင်ဝင်း + မ၀င်းဝင်းမော် ၀ါဆိုသင်္ကန်းအတွက်
၁၃၈
ကိုမျိုးမင်း (ခ) ကိုမျိုးမြင့်အောင် ၀ါဆိုသင်္ကန်းအတွက်
၁၃၉
ကိုမောင်မောင် ၀ါဆိုသင်္ကန်းအတွက်
၁၄၀
ကိုကျော်မင်းဦး ၀ါဆိုသင်္ကန်းအတွက်
၁၄၁
ကိုတင်ဇော်မြင့် ၀ါဆိုသင်္ကန်းအတွက်




စုစုပေါင်း ( ၇၅,၇၀,၀၀၀)
၇၅၇


မှတ်ချက် ။  ။ စာရင်းမတင်လိုက်မိသော အလှူရှင်များရှိသည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည် ၊ သိလျင်သိခြင်း ပြင်ဆင်ဖြည့်စွက် တင်ပြပေးပါမည် ။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster