Thursday, March 25, 2010

အပတ်စဉ် တရားပွဲများနှင့် တရားသင်တန်းများ…

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တမှ ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အပတ်စဉ် တရားပွဲများ၊ အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများနှင့် ဓမ္မသင်တန်းများကို အောက်ပါအတိုင်း ဟောကြားပြသ သင်ကြားပို့ချ ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်နာယူ၊ လေ့လာသင်ယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (မြန်မာများအတွက် တနင်္ဂနွေတရားပွဲ)
အချိန် = နေ့လယ် ၁နာရီမှ ၂နာရီအထိ
နေရာ = စိတ္တသုခ ဘုန်းတော်ကြီးကျောင်း

၂။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (ကိုရီးယားများအတွက် ဗုဒ္ဓဟူး ဓမ္မသင်တန်း)
အချိန် = ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၁-၄-၂၀၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုရီးယားလို သင်ကြားပို့ချပေးမည်။

၃။ အပတ်စဉ် စနေနေ့တိုင်း (မြန်မာ၊ ကိုရီးယားများအတွက် စနေတရားပွဲနှင့် ၀ိပဿနာတရား အားထုတ်နည်း)
အချိန် = နေ့လယ်၂ နာရီမှ ၃ နာရီခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၄-၄-၂၀၁၀ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကိုရီးယားလို ဟောကြားပြသပေးမည်။

READ MORE......

Monday, March 8, 2010

စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အလှူမှတ်တမ်း

မှတ်တမ်းဓါတ်ပုံရိုက်ကူးရာတွင် ဂေဟာ၏တာဝန်ရှိသူများမှ ကလေးငယ်များရုပ်ပုံကို ရိုက်ကူးခွင့် မပြုသဖြင့် ပြည့်စုံစွာ မဖေါ်ပြနိုင်ပါ-

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ကိုရီးယား)၏ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သုခရိပ်မြုံဂေဟာ (မြန်မာနိုင်ငံ) ရှိ HIV/AIDS ရောဂါဝေဒနာရှင် ကလေးငယ်များအတွက် မြန်မာငွေ ကျပ် ၁၂ သိန်း ပေးပို့ လှူဒါန်း ခဲ့ပါသည်။အလှူရှင်စာရင်းနှင့် မှတ်တမ်းဓါတ်ပုံ ကို တင်ပြပါသည်-

အလှူရှင်စာရင်း
ဆရာတော် ဦးဝိစိတ္တ……………………………………..ဝမ် တစ်သိန်း
United Brothers မြန်မာဆိုင်…………………………..ဝမ် တစ်သိန်း
ဂယောင်ဆန်(세안 정기)လူငယ်များ…………….....တစ်သိန်း ရှစ်ထောင်
ဦးရွှန်းဝင့်နွယ်……………………………………………….ငါးသောင်း
ဦးမင်းနိုင်+ဒေါ်အေးယုနွယ်……………………………...ငါးသောင်း
ဦးလင်းထိန်ဝင်းနှင့် ဇနီး………………………………….ငါးသောင်း
ဦးစိုင်းမြတ်ထွန်း………………………………………....ငါးသောင်း
ဦးမျိုးညွန့်အောင်………………………………………...ငါးသောင်း
ကိုမင်းမင်းနှင့်ဇနီး…………………………………….....ငါးသောင်း
ကိုအောင်ကျော်ငြိမ်း………………………………….....ငါးသောင်း
ကိုရဲမြင့်ဟိန်း……………………………………… ......ငါးသောင်း
ကိုစလေနှင့်မိသားစု……………………………… ...…ငါးသောင်း
ကိုကျင်စိန်နှင့်မိသားစု…………………………….....…ငါးသောင်း
ကိုဇော်ဝင်းထွန်းနှင့် မိသားစု………………….............ငါးသောင်း
ကိုချစ်လင်းအောင်နှင့် သူငယ်ချင်းများ…………..........လေးသောင်း
ကိုဝင်းနိုင်ဦး(ဦးဇော်)……………………………....….သုံးသောင်း
ကိုအောင်စိုးလင်း(ဘူဆန်)……………………… .သုံးသောင်း
ကိုမင်းချမ်း…………………………………………..သုံးသောင်း
ကိုချမ်းမင်းထွန်း…………………………………….သုံးသောင်း
ကိုလင်းလင်းစိန်…………………………………….သုံးသောင်း
ကိုလင်းလင်းစိုး……………………………………..သုံးသောင်း
ကိုဖြူဖွေး……………………………………………..သုံးသောင်း
ကိုမန်းဝင်း……………………………………………သုံးသောင်း
ကိုမင်းမောင်………………………………………..နှစ်သောင်း
ကိုဖြိုးကို…………………………………………….နှစ်သောင်း
ကိုကျော်မင်းစံ……………………………………..နှစ်သောင်း
ကိုဌေးအောင်ခိုင်………………………………….နှစ်သောင်း
ကိုအောင်ကောက်………………………………..နှစ်သောင်း
ကိုလေးလေးနိုင်…………………………………..နှစ်သောင်း
ကိုရဲလင်းအောင်…………………………………တစ်သောင်းခွဲ
ကိုအောင်မျိုးထွန်း……………………………….တစ်သောင်း
ကိုဇော်မင်း……………………………………….တစ်သောင်း
ကိုကျော်လင်းထွန်း……………………………..တစ်သောင်း
ကိုအောင်ဆန်း…………………………………..တစ်သောင်း
ကိုရှမ်းလေး……………………………………….တစ်သောင်း
ကိုအောင်မျိုးထက်……………………………..တစ်သောင်း
စိတ္တသုခ ကျောင်းရံပုံငွေ………………….....….ကိုးသောင်း
စုစုပေါင်း ဝမ် တစ်ဆယ့်လေးသိန်း နှစ်သောင်းသုံးထောင် (မြန်မာငွေ တစ်ဆယ့်နှစ်သိန်း) လှူဒါန်းနိုင်ခဲ့ပါသည်။

READ MORE......

Tuesday, March 2, 2010

ဆရာတော် နိုင်ငံခြားခရီး ကြွရောက်တော်မူမည်…

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာနနာယက ကျောင်းထိုင်ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)သည် ယခုလာမည့် စနေ(၆-၃-၂၀၁၀)နေ့မှစ၍ (နှစ်ပတ်သုံးပတ်ခန့်) စင်္ကာပူ၊ မလေးရှားနှင့် (ကမ္ဘောဒီယား) နိုင်ငံများသို့ ခေတ္တကြွရောက်တော် မူမည်ဖြစ်ပြီး ဆရာတော် ပြန်လည်ကြွရောက်တော် မူလာသည့် အခါမှသာ မြန်မာ၊ ကိုရီးယားများအတွက် အပတ်စဉ်တရားပွဲများ၊ တရားသင်တန်းများနှင့် ၀ိပဿနာပြမှုများကို ဆက်လက်ပြုလုပ်ပေးတော် မူမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆရာတော်မရှိသည့်အခိုက် ကျောင်းတော်နှင့်ပတ်သက်သည့် ကိစ္စအ၀၀ကို ကျောင်းအကျိုးဆောင်များမှ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ဒကာဒကာမများအနေဖြင့် ကျွန်တော်များ ကျောင်းအကျိုးဆောင် အဖွဲ့ထံ ဆက်သွယ်ကာ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကျောင်းအကျိုးဆောင်အဖွဲ့
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster