Monday, May 14, 2012

တိပိဋကဓရ ဆရာတော် ကိုရီးယား သာသနာပြုခရီး ကြွရောက်တော်မူမည်

ကိုရီးယားနိုင်ငံသား ထေရဝါဒ ရဟန်းတော် တစ်ပါးဖြစ်သည့် ဆိုးလ်မြို့ ဗိုရိဆု (보리수-ဗောဓိ) ဝိပဿနာ တရားရိပ်သာ ပဓာန နာယကဆရာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်လျှောက်ချက်အရ ရန်ုကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်း တိပိဋကကျောင်းတော်နှင့် စစ်ကိုင်း၊ မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်ကြီးများ၏ ပဓာန နာယက၊ နဝမမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရသည် မကြာမီ ရက်များအတွင်း ကိုရီးယားနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။ ဗိုရိဆုဆရာတော်၏ စီစဉ်ဆောင်ရွက်ချက်အရ ဆရာတော်၏ ကိုရီးယား သာသနာပြု အစီအစဉ် အကြမ်းဖျင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ၂၃-၅-၂၀၁၂ ~ ၈-၆-၂၀၁၂ = ဗိုရိဆုရိပ်သာ ကိုရီးယား ယောဂီများအား ဓမ္မစကြာ ဒေသနာတော်နှင့် အနတ္တလက္ခဏသုတ် ဒေသနာတော် ဟောပြောပို့ချပေးခြင်း (၂ပတ်သင်တန်း)
(အချိန် = တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် ညနေ (၇) နာရီ (၃၀) မှ (၉)နာရီ (၃၀)အထိ၊ စနေ၊ တနင်္ဂနွေနေ့များတွင် နေ့လည် (၂)နာရီမှ (၄)နာရီအထိ)
- ၃၀-၅-၂၀၁၂ = ဗုဒ္ဓဘာသာ အသံလွင့်ဌာန (불교방송) အထူးတရားပွဲ
- ၁-၆-၂၀၁၂ = ဂွန်ဂျူးကိုရီးယား တရားပွဲ
- ၃-၆-၂၀၁၂ = ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း မြန်မာများအတွက် အထူးတရားပွဲ
(မြန်မာများအတွက် တရားပွဲအစီအစဉ်ကို အသေးစိပ်ထပ်မံကြေငြာပါမည်)
- သင့်လျော်သည့် ကြားရက်တစ်ရက်ရက် = ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်း၌ နေ့ဆွမ်းကပ်လှူခြင်း၊ ဆရာတော်ထံမှ သြဝဒါခံယူခြင်း (ရက်အတိအကျကို အသိပေးကြေငြာပါမည်)
- ၉-၆-၂၀၁၂ ~ ၁၁-၆-၂၀၁၂ = ဂျယ်ဂျူဒို တက္ကသိုလ် ကိုရီးယား တရားပွဲနှင့် ဂျယ်ဂျူကျွန်း လေ့လာရေး
- ၁၁-၆-၂၀၁၂ = ညနေ (၇)နာရီ ဘူဆန် ကိုရီးယားတရားပွဲ
- ၁၂-၆-၂၀၁၂ = ဆိုးလ်မြို့တော်တစ်ခွင် အစီအစဉ်
- ၁၃-၆-၂၀၁၂ = မြန်မာပြည် ပြန်လည်ကြွရောက်တော်မူခြင်း

မှတ်ချက်။ ။ ဆရာတော် ကိုရီးယားတွင် သီးတင်းသုံး နေထိုင်စဉ်ကာလအတွင်း ဆရာတော်ထံ ဆက်သွယ်လိုသူများ အနေဖြင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။
၀၁၀-၃၇၈၇-၉၆၉၃

READ MORE......

Wednesday, May 2, 2012

ဆိုင်အမည် ပြောင်းလဲဖွင့်လှစ်ခြင်း အထိမ်းအမှတ် အလှူမင်္ဂလာ ဖိတ်ကြားလွှာ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြှို့၊ ဆောင်ဆောရပ်၌ရှိသော United Brothers မြန်မာစတိုးနှင့် စားသောက်ဆိုင်အား ယခုအခါ အကောင်းဆုံး အခင်းအကျင်း၊ အကောင်းဆုံး ဝန်ဆောင်မှု၊ အကောင်းဆုံး ပြင်ဆင်ပံ့ပိုးမှုများဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံပြီး STAR LIGHT (စတားလိုက်) ဟူသော အမည်သစ်ဖြင့် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။

ဆိုင်အမည်အသစ်ပြောင်းလဲဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဒယ်ဂူးမြို့ စိတ္တသုခကျောင်း ဆရာတော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော် နာယူခြင်းနှင့် ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား နန်းကြီးသုပ်၊ လဘက်ရည်၊ အအေးတို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးရှိ မိတ်ဟောင်းမိတ်သစ် ရွှေညီအစ်ကိုမောင်နှမများ အနေဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်ပါရန် ကျွန်တော်များ စတားလိုက် မိသားစုမှ လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည်။

နေ့ရက် = ၆-၅-၂၀၁၂ (တနင်္ဂနွေနေ့)
ပရိတ်တရား နာကြားချိန် = နံနက် ၆ နာရီ ၃၀
ဧည့်ခံချိန် = နံနက် ၇နာရီမှ ၁၂နာရီအထိ
နေရာ = စတားလိုက် မြန်မာစတိုးနှင့် စားသောက်ဆိုင် (ယခင် United Brothers နေရာ)


လေးစားစွာဖြင့်
သူရအောင် (စတားလိုက် မြန်မာစတိုးနှင့် စားသောက်ဆိုင်)

ဆက်သွယ်ရန်
ကိုသူရအောင် (ကာကာကြီး)
STAR LIGHT Myanmar Store and Restaurant
Ph: 010-8263-2250

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster