Saturday, March 28, 2009

လေးစားစွာ ဖိတ်ကြားအပ်ပါသည်...


READ MORE......

Sunday, March 15, 2009

နှစ်သစ်အကြို အထူးတရားပွဲ၊ ငါးလွှတ်ပွဲနှင့် မြန်မာ့ရိုးးရာသင်္ကြန်ပွဲ

မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရာ နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့် နှစ်သစ်အကြို အထူးတရားပွဲ၊ ငါးလွှတ်ပွဲနှင့် မြန်မာ့ရိုးးရာသင်္ကြန်ပွဲကို စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာ အပေါင်းတို့အား တရားတော်နာ ကြွရောက်ကြပါရန်နှင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို အတူတကွ ပါဝင်ဆင်နွဲနိုင်ကြစေရန် အထူးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၂- ၄- ၂၀၀၉ (၁၃၇၀ခုနှစ်၊ တန်ခူးလဆုတ် ၃ရက်) တနင်္ဂနွေနေ့
တရားပွဲအချိန် = နံနက် ၁၀ နာရီ
ဧည့်ခံကျွေးမွေးချိန် = ဆရာတော်နေ့ဆွမ်းကပ်ပြီးချိန်မှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ထိုနေ့တွင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်အား ဂယောင်ဆန်- ဂျိလျန်းရှိ ရွှေညီအစ်ကိုများအဖွဲ့မှ မြန်မာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းမည် ဖြစ်ပါသည်။ ဆက်လက်ပြီး ငါးလွှတ်ပွဲနှင့် ရိုးရာသင်္ကြန်ပွဲကို သင့်လျှော်မည့် ငါးလွှတ်ကန်ရှိရာသို့ နေ့လယ် ၂နာရီတွင် ကျောင်းမှ ကားများဖြင့် အတူတကွ သွားရောက်ဆင်နွဲကြမည်ဖြစ်ပြီး ဂျိလျန်းအဖွဲ့မှ ရွှေရင်အေးများဖြင့်လည်း ထပ်မံဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

READ MORE......

Tuesday, March 3, 2009

၂၀၀၉၊ (၃) လပိုင်းအတွက် အလှူပွဲများ

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)တွင် နေ့စဉ်ဆွမ်းအလှူရှင်များမှ ပုံမှန် ဆွမ်းဆက်ကပ်လှူဒါန်းမှုများကို ပြုနေကြသကဲ့သို့ အထူးအလှူပွဲကြီးများအဖြစ် ရွှေညီအစ်ကိုများ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အများအားလပ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့များတွင် ဆရာတော်နှင့်တကွ ကြွရောက်လာသည့် မည်သည့်ဧည့်သည်များကိုမဆို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကျွေးမွေးမှုများ ပြုနေကြသည်မှာ အလွန်အားရ ၀မ်းမြောက်ဖွယ် ကောင်းလှပါသည်။ ယခု (၃)လပိုင်းအတွက်လည်း လှူဒါန်းရန် ကြိုတင်လျှောက်ထားမှုများ ရှိနေပြီဖြစ်သဖြင့် နောက်ထပ်အလှူဒါန ပြုလိုသူများအနေဖြင့် အောက်ဖော်ပြပါ အလှူရှင်များ၏ အလှူရက်များကို ရှောင်၍လှူဒါန်းနိုင်ကြစေရန် အသိပေးဖော်ပြအပ်ပါသည်။

၁။ ၈- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ကိုအောင်ကို ဦးဆောင်သော ယုံအမ်းမှ သူငယ်ချင်းများ

၂။ ၁၅- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ကိုအောင်နိုင်ဦး ဦးဆောင်သည့် ရွှေကမ္ဘာစတိုး မိသားစု

၃။ ၂၂- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ကိုသိန်းအောင်မိသားစု

၎။ ၂၉- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ဂုမီနှင့်ယက်မုက်မှ ရွှေညီအစ်ကိုသူငယ်ချင်းတစ်စု

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster