Monday, July 26, 2010

ဆရာဒကာတို့၏ အောင်ပွဲတစ်ခု…

ရေးသားသူ = ကပ္ပိယဆန်းကြယ်

ပြီးခဲ့တဲ့ တနင်္ဂနွေ (၂၅-၇-၂၀၁၀) နေ့က ကျွန်တော်တို့ရဲ့ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီး ကျောင်းမှာ ဒုတိယ အကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဒီအလှူပွဲမှာ အဝေးက ကြွရောက်တော် မူလာကြတဲ့ ဆရာတော်များနဲ့ ပရိတ်သတ်ကို စိတ္တသုခကျောင်း ဆရာတော်က အရင်ဆုံး မိတ်ဆက်ပေးပါတယ်။ ဆရာတော်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ဘယ်ကျောင်းက ဆရာတော်များ ကြွလာတယ် ဆိုတာကိုပါ သိရှိဖူးမျှော်ကြည်ညိုခွင့် ရခဲ့ပါတယ်။ အလှူပွဲကို ဘူဆန်မြို့မှာရှိတဲ့ ပြည်တော်ဦးကျောင်း ဆရာတော်၊ ဆိုးလ်မြို့မှာရှိတဲ့ ဗောဓိရိပ်သာကျောင်း ဆရာတော်နဲ့ အင်ချွန်း၊ ဘူဖျောင်းမြို့မှာရှိတဲ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်တို့ ကြွရောက်ချီးမြှောက်တော် မူပါတယ်။ ကိုရီးယားရောက် မြန်မာဆရာတော်များနဲ့ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ဆရာတော်တို့ ကြွရောက်ကာ တရားတော်များ ဟောကြားချီးမြှင့်တော် မူတဲ့အတွက် ကျွန်တော်တို့လည်း တရားစကား မှတ်သာနာကြားခွင့် ရခဲ့ကြပါတယ်။

အဲဒီနေ့ အခမ်းအနားမှာ ပြည်တော်ဦးဆရာတော် ဟောကြားတော်မူတဲ့ ဆရာဒကာညီညွတ်ဖို့ လိုကြောင်း တရားစကားတော်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေမိပါတယ်။ ပြည်တော်ဦးဆရာတော်က “ဆရာနဲ့ ဒကာမှာ ဆရာချည်းပဲလည်း မပြီးသလို ဒကာချည်းပဲလည်း မပြီးတဲ့အကြောင်း၊ ဆရာရှိပေမယ့် ဒကာမရှိရင် မဖြစ်နိုင်သလို ဒကာရှိပေမယ့်လည်း ဆရာမရှိရင် မဖြစ်နိုင်ကြောင်း ဆရာဒကာ နှစ်ဘက်စုံမှ အောင်မြင်မှု ရနိုင်ကြောင်း၊ ဗုဒ္ဓသာသနာ့သမိုင်း တစ်လျှောက်ကြည့်ရင် ဆရာဒကာ ညီညီညွတ်ညွတ် ရှိခဲ့တဲ့အတွက်ကြောင့် ဒီနေ့အထိ သာသနာတော်ဟာ ကမ္ဘာတစ်ဝှန်း ပြန်နှံ့တည်နေနိုင်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီနေ့ပွဲဟာလည်း ပြောမယ်ဆိုရင် ဆရာနဲ့ဒကာတို့ရဲ့ ညီညွတ်မှု အထိန်းအမှတ် အောင်ပွဲတစ်ခုပင် ဖြစ်ကြောင်း” စသဖြင့် မိန့်ကြားတော် မူပါတယ်။

အလှူနေ့က ဆရာတော် ဟောကြားတာတွေနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်း တိုးတက်လာမှုလေးတွေကို ပြန်စဉ်းစားရင်း ဘုန်းကြီးကျောင်းနဲ့ ပတ်သက်တာတွေကို အစအဆုံး သိနေခဲ့တဲ့ ကပ္ပိယတစ်ယောက် အနေနဲ့ ပီတိဖြစ်ရပါတယ်။ ဆရာဒကာ ညီညွတ်ဖို့ လိုတယ်ဆိုတဲ့ အပိုင်းမှာ ကျွန်တော်တို့ရဲ့ ဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ ဒကာတွေကတော့ ပြောစရာ မလိုလောက်အောင် ညီညွတ်နေတယ်လို့ ခံစားမိပါတယ်။ ဆရာကလည်း ဆရာဆိုပြီး အရာရာ မိမိသဘောအတိုင်း မလုပ်သလို ဒကာတွေကလည်း ဆရာ့ကိုကျော်ပြီး လုပ်တာ ဘာမှမရှိတာကို ဆရာတော့်အနားမှာ ရှိနေတဲ့ ကပ္ပိယကျွန်တော်က ပိုသိနေတော့ ညီညွတ်မှုရဲ့ အားကိုလက်တွေ့ ခံစားမိပါတယ်။

ဒီလို ဆရာဒကာ ညီညွတ်တဲ့ အတွက်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းဟာ အချိန်တို အတွင်းမှာကို အတိုင်းအတာ တစ်ခုအထိ တိုးတက်ဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ပေါ်ပေါက်လာတာ တကယ်တော့ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုဆို ဘုန်းကြီးကျောင်းဟာ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ဝန်းဝန်းနဲ့ တကယ့်ကိုပဲ ဂုဏ်ယူစရာ ဖြစ်လာနေပါတယ်။ အရင်တုန်းက ခပ်ကျဉ်းကျဉ်းလေးဆိုတော့ ဆရာတော် ကိုယ်တိုင်လည်း တစ်ခြားဆရာတော်တွေနဲ့ ဧည့်သည်တွေကို ကျောင်းကိုပင့်ဖိတ်ချင်ပေမယ့် မပင့်ဖိတ်နိုင်ဘူးလို့ အမိန့်ရှိဖူးပါတယ်။ ခုတော့ အဝေးမှာရှိနေတဲ့ ဆိုင်ရာဆိုင်ရာ ကျောင်းထိုင်ဆရာတော်များအထိ ပင့်ဖိတ်ပြီး စိတ္တသုခ ဘုန်းတော်ကြီးကျောင်းရဲ့ ဆရာဒကာ ညီညွတ်မှုကို ပြသနိုင်ခဲ့ပါတယ်။ ကြွရောက်တော်မူလာကြတဲ့ ဆရာတော်များရဲ့ ချီးမြှောက်မှုကြောင့် ကုသိုလ်တရား တိုးပွားပြီး ၀မ်းသာမဆုံး ဖြစ်နေကြတဲ့ ဒကာဒကာမတွေရဲ့ မျက်နှာပေါ်မှာ ပီတိနဲ့အတူ ညီညွတ်မှုရဲ့အားကိုပါ မြင်ရတော့ ကြွရောက်လာကြတဲ့ ဆရာတော်များကလည်း ထပ်တူဝမ်းသာပီတိ ကိုယ်စီနဲ့ ပြုံးရွှင်နေကြတာကိုပါ ဖူးတွေ့ရပါတယ်။

ပိုပြီးကျေနပ်စရာ ကောင်းတာက ဒယ်ဂူးမြို့မှာ ဘုန်းကြီးကျောင်း ပေါ်ပေါက်လာပြီးနောက်မှာ ဆရာတော်နဲ့ ကျောင်းအကျိုးဆောင်များ ဒယ်ဂူးမြို့ရှိ ဒကာဒကာမများက ဘုန်းကြီးကျောင်းအတွက်တင် မဟုတ်ဘဲ မြန်မာပြည်မှာ ရှိနေတဲ့ အရေးပေါ် လိုအပ်တဲ့ နေရာတွေအထိ တတ်နိုင်သမျှ ပို့ဆောင်လှူဒါန်း နေတယ်ဆိုတဲ့ အချက်ပါပဲ။ ပြီးခဲ့တဲ့ နှစ်လပိုင်းကလည်း ကျောင်းတစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ မြန်မာပြည်မှာရှိတဲ့ အိတ်ခ်ျအိုင်ဗီ ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာအတွက် တတ်နိုင်သမျှ ၀ိုင်းဝန်း လှူဒါန်းလိုက်ကြပြီး ဖြစ်တဲ့အပြင် ဟိုတစ်လောကပဲ မြန်မာပြည် ရေပြတ်လတ်မှုမှာ တတ်နိုင်သမျှ လှူဒါန်းလိုက်ကြပါသေးတယ်။ ပြီးတော့ မကြာသေးခင်ကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်စက် အလှူမှာ အားဖြည့်လှူဒါန်း ခဲ့ကြပြန်ပါတယ်။ ကျွန်တော်တို့ ဆရာဒကာတွေဟာ ကိုရီးယားမှာတင်မဟုတ်ဘဲ မြန်မာပြည်အထိ တတ်နိုင်သမျှ ပရဟိတအလုပ်တွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ကျေနပ်စရာကောင်းတဲ့ ဆရာဒကာညီညွတ်မှုရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ သမိုင်းတစ်ခုအနေနဲ့ ရေးထိုးနိုင်စေမယ့် ကျွန်တော်တို့ရဲ့ ဆရာဒကာညီညွတ်မှုရဲ့ သင်္ကေတတွေကို တစ်ခုချင်း ပြောမယ်ဆိုရင်တော့ မကုန်နိုင်ပါဘူး။ သေချာတာကတော့ ဒယ်ဂူးမြို့မှာရှိတဲ့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်နဲ့ ဒကာဒကာမများရဲ့ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွတ်မှုတွေကတော့ ကျေနပ်စရာနဲ့ ဂုဏ်ယူစရာတွေပဲ ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အမြင် ကျွန်တော်တို့ရဲ့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း အချိန်အတိုအတွင်းမှာ ခုလိုတူတူတန်တန် လေးဖြစ်လာတာဟာ ဆရာနဲ့ ဒကာတွေအားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ တူညီတဲ့ သဒ္ဓါတရားနဲ့ တူညီတဲ့ စိတ်ထားတွေကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။ ဆရာတော်ပဲ ဖြစ်ဖြစ် ဒကာဒကာမတွေပဲ ဖြစ်ဖြစ် ဒီကျောင်းတော်အပေါ်မှာ ဘယ်သူမှ တစ်သီးပုဂ္ဂလ ခံစားချက်မရှိကြဘဲ အားလုံးရဲ့စိတ်မှာ ဒီကျောင်းကြီး ဒီထက်ပိုမိုတိုးတက် စည်ပင်ပြန့်ပွားဖို့ပဲ ရှိနေကြတော့ ကျောင်းတော်နဲ့ ပတ်သက်လာမယ်ဆိုရင် ဆရာရော ဒကာပါ အကုန်အနစ်နာ ခံနိုင်တယ်ဆိုတာ အထူးပြောစရာ မလိုအောင် ဖြစ်နေပါတယ်။ ဘုန်းကြီးကျောင်းကို ခုတုံးလုပ်ပြီး အသုံးချမယ့်သူများ၊ ဘုန်းကြီးကျောင်း သိက္ခာကျစေမယ့် လုပ်ရပ်များကို ဖြစ်ပေါ်စေမယ့်သူများ တစ်ဦးတစ်ယောက်မှ မရှိတာကလည်း ဒီကျောင်းကြီး ကောင်းစေရေးအတွက် အထူးအားအင်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ဦးစနှစ်ဦးစ အနေနဲ့တော့ ဆရာတော့်အပေါ် အမြင်စောင်းတဲ့သူတွေ ရှိချင်ရှိနိုင်ပါတယ်။ ဒါကလည်း လောကမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဆရာတော် ရင်ထဲမှာတော့ အားလုံးအပေါ် အနီးအဝေးမခွဲ တစ်ပြေးညီတည်း ထားတယ်ဆိုတာ ညစဉ်ပွားနေတဲ့ ဆရာတော်ရဲ့ မေတ္တာအားတွေက သက်သေပြနေ တယ်ဆိုတာ အနီးနေ ကပ္ပိယဖြစ်တဲ့ ကျွန်တော်က ပိုပြီးသိနေပါတယ်။ ထားပါတော့။ အနာဂတ် ကာလမှာ ဒီကျောင်းကို ဘယ်သူကဦးဆောင်ပြီး ဘယ်သူက ပံ့ပိုးပေးကြမယ်ဆိုတာ မပြောနိုင်ကြပေမယ့် နောင်လာမယ့် ဆရာနဲ့ဒကာတွေအတွက် လက်ရှိသူတွေကတော့ အခိုင်အမာ သမိုင်းတစ်ရပ် ထွန်းနိုင်အောင် ရှိတဲ့အခိုက်မှာ အထူးကြိုးစား နေကြတယ်ဆိုတာ သေချာပေါက် ပြောနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီဆရာနဲ့ ဒီဒကာတွေရဲ့ ညီညွတ်မှုတွေမှာ တစ်ဦးနဲ့တစ်ဦး ကျေးဇူးထားတာတွေက ရှိနေကြတော့ သာမန်ညီညွတ်မှုနဲ့ မတူဘူးဆိုတာ ပြောနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဆရာတော် ကိုယ်တိုင်ကလည်း ဒီဒကာဒကာမတွေရဲ့ ပံ့ပိုးမှုကြောင့် ဆရာတော် သာသနာပြု လုပ်ငန်းတွေ လုပ်နေနိုင်တာ၊ ပရဟိတ လုပ်ငန်းတွေ လုပ်နေနိုင်တာဆိုပြီး ကျေးဇူးတင်ကာ မေတ္တာများများ ပွားပေးနေသလို ဒကာဒကာမတွေကလည်း ဆရာတော် အခုလို သတင်းသုံးနေထိုင်ပြီး ဟောပြောဆုံးမ၊ ရေးသားပြသနေတာ တွေကြောင့် ကုသိုလ်တရားများ လုပ်ခွင့်ရနေတာလို့ဆိုကာ ဆရာတော့်အပေါ် ကျေးဇူးတင် ဦးခိုက်နေတာ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ကျေးဇူးတင်နေတတ်တာကိုက ညီညွတ်မှုနဲ့ အောင်မြင်မှုရဲ့ သော့ချက်တစ်ခု ဖြစ်နေတာလို့ ကျွန်တော်ကတော့ မြင်ပါတယ်။

ပြီးခဲ့တဲ့ အလှူပွဲနေ့ကတောင် ပြန်ခါနီး ဒကာမတစ်ယောက်က ဆရာတော်ကို လျှောက်နေတာ ကျွန်တော် ကြားလိုက်ရပါသေးတယ်။ အဲဒီဒကာမက “တပည့်တော်တို့ အခုလို ကုသိုလ်တရားတွေ လုပ်ခွင့်ရတာ၊ တပည့်တော်တို့ အခုလို လှူနိုင်တမ်းနိုင်ကြတာ ဆရာတော် ရှိနေလို့ပဲ ဘုရား..၊ မနှစ်က ဆရာတော် မြန်မာပြည် ပြန်ကြွသွားတော့ တပည့်တော်တို့မှာ တော်တော် ခြောက်ခြောက်ကပ်ကပ် ဖြစ်သွားပြီး ကုသိုလ်တရားတွေပါ လုပ်ဖို့ခက်သွားတာကို လက်တွေ့ခံစား ခဲ့ရပါတယ်ဘုရား…၊ ဒါကြောင့် အခုလို ဒီမှာသတင်းသုံးပြီး ကုသိုလ်တရားတွေ လုပ်ခွင့်ပေးနေတဲ့ ဆရာတော်ကို ကျေးဇူးတင်ပါတယ်ဘုရား…”လို့ လျှောက်ထားတာကို ကြားလိုက်ရပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဘုန်းကြီးကျောင်းနဲ့ ဆရာဒကာတွေရဲ့ အပြန်အလှန် ညီညွတ်မှု၊ တစ်ဦးနဲ့ တစ်ဦးကျေးဇူးတင်တတ်မှု၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုနဲ့ ကွယ်ရာမှာ ပြစ်တင်ပြောဆိုတာတွေ မရှိမှုတွေကတော့ ဘာနဲ့မှ မလဲနိုင်တဲ့ ဆရာနဲ့ဒကာတို့ရဲ့ အောင်ပွဲတစ်ခု ဆိုတာကတော့ တိုးတက်ဖြစ်ထွန်းပြီး တတ်နိုင်တဲ့ဘက်က အမျိုးဘာသာ သာသနာအတွက် ပံ့ပိုးဖြစ်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ဒကာဒကာမတို့ရဲ့ လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေက သက်သေပြနေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတော့တယ်။ နောင်အနာဂတ်မှာလည်း ဒီလိုပဲ ညီညီညွတ်ညွတ် သွားနေကြမယ်ဆိုရင် အောင်မြင်မှုတွေဟာ တစ်ခုပြီးတစ်ခု ဆက်ဆက်ဖြစ်ပေါ်နေမယ် ဆိုတာအသေအချာပဲလို့ စဉ်းစားရင်း နောက်ဆုံးအနေနဲ့ ကပ္ပိယ ကျွန်တော်ကတော့ ဒီလို ပြောလိုက်ချင်ပါတော့တယ် “အဲဒါ… ဆရာဒကာတို့ရဲ့ ညီညွတ်တဲ့ အားနဲ့ ဆရာဒကာတို့ရဲ့ အောင်ပွဲတစ်ခုပဲ”လို့…။

READ MORE......

(왜관 - 태진) ဝဲဂွမ်၊ထယ်ဂျင်းစက်ရုံမှရွှေညီအကိုများ၏ လစဉ်အလှူစာရင်း

(왜관 - 태진) ဝဲဂွမ်၊ထယ်ဂျင်းစက်ရုံမှရွှေညီအကိုများ၏
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းသို့ လစဉ်လှူဒါန်းသည့် အလှူငွေစာရင်း

၁။ဇော်ထက်ဦး .......................... ၃၀၀၀၀။
၂။ ခင်ဇော် ............................... ၃၀၀၀၀။
၃။ ထွန်းထွန်လင်း ....................... ၃၀၀၀၀။
၎။ လှမျိုးဝင်း ............................. ၂၀၀၀၀။
၅။ မောင်မောင် .......................... ၁၀၀၀၀။
၆။ ယျာမိုး ................................. ၁၀၀၀၀။
၇။ အောင်သူ.............................. ၁၀၀၀၀။
၈။ နိုင်ဝင်းထွန်း........................... ၁၀၀၀၀။
၉။ ကျော်ထက်အောင်................... ၁၀၀၀၀။
၁၀။ စိုးမင်းအောင်........................ ၁၀၀၀၀။
၁၁။ စည်သူသက်ဝင်း.................... ၁၀၀၀၀။
၁၂။ ဇော်ထွေးမြင့်........................ ၁၀၀၀၀။
၁၃။ ကိုဖြိုး................................. ၁၀၀၀၀။
၁၄။ စိုးမိုးအောင်.......................... ၁၀၀၀၀။
၁၅။ ထက်ကိုအောင်..................... ၁၀၀၀၀။
၁၆။ မျိုးထွန်းဦး........................... ၁၀၀၀၀။
၁၇။ ကျော်မင်းဦး......................... ၁၀၀၀၀။
၁၈။စောလင်း............................. ၁၀၀၀၀။
၁၉။ ၀င်းထွဏ်အောင်................... ၁၀၀၀၀။
၂၀။ ဇော်ဝင်းထွန်း....................... ၁၀၀၀၀။
၂၁။ မင်းအောင်.......................... ၁၀၀၀၀။
၂၂။ မင်းထွန်း............................. ၁၀၀၀၀။
၂၃။ ဖြိုးဇေအောင်........................ ၁၀၀၀၀။

စုစုပေါင်းလစဉ် ၃၀၀၀၀၀ ဝမ်ဖြစ်ပါသည်။(ကိုဇော်ထက်ဦးမှ စာရင်းပေးပို့၍ တင်ပြခြင်းဖြစ်ပါသည်။)

အပြည့်အစုံသို့...

READ MORE......

Sunday, July 25, 2010

ဓာတ်ရောင်ခြည်စက်အလှူ အောင်မြင်စွာ လှူဒါန်းပြီးစီးခြင်း…

ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း ဆရာတော်နှင့် ကိုရီယားရောက် မြန်မာဒကာဒကာမများ၏ ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး ကင်ဆာဌာနတွင် လိုအပ်လျက်ရှိသည့် ကင်ဆာ ဝေဒနာရှင်များအသုံးပြုရန် ဓာတ်ရောင်ခြည်စက် အတွက် အားဖြည့်လှူဒါန်းကြတဲ့ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀-၇-၂၀၁၀(အင်္ဂါ)နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ရုံးခန်းတွင် ကျင်းပပြုလုပ်ဖြစ်ခဲ့ပါသည်။ အလှူရှင်များကိုယ်စား ဆရာတော်၏ ရဟန်းမယ်တော်ကြီးနှင့် ဒကာမများအဖွဲ့က မြန်မာကျပ်ငွေ အလှူငွေ ဆယ်သိန်းကို ပေးအပ်လှူဒါန်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်နုနုသာနှင့် ဆရာမများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ အလှူမှတ်တမ်းဓာတ်ပုံများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို အလှူရှင်များနှင့် မြန်မာဒကာဒကာမအားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်စေဖို့ တင်ပြလိုက်ပါသည်။ အလှူရှင်များကိုလည်း ပြန်လည်ဖော်ပြလိုက်ပါသည်။

ဝမ် နှစ်သိန်း အလှူရှင်
- စိတ္တသုခကျောင်း ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)

ဝမ်တစ်သိန်း အလှူရှင်များ
၁။ စိတ္တသုခကျောင်း ကျောင်းအကျိုးဆောင်အဖွဲ့
၂။ ကိုလင်းထိန်ဝင်း နှင့် ဇနီး
၃။ United Brothers (မြန်မာစတိုး) မိသားစု
၎။ ရွှေကမ္ဘာမြန်မာစတိုး

ဝမ်ငါးသောင်း အလှူရှင်များ
၁။ ကိုရွှန်းဝင့်နွယ်
၂။ ကိုမင်းနိုင်
၃။ ကိုဘုန်းနိုင်
၎။ ကိုမျိုးအောင်
၅။ ကိုကျော်နိုင်ဌေး
၆။ ကိုလင်းလင်းစိန်(ဗိုလ်လင်း)
၇။ ကိုလင်းလင်းစိုး
၈။ မကျန်ကျားရင်
၉။ ကိုလှိုင်ဦး
၁၀။ ကိုမျိုးညွှန့်အောင်
ဝမ်သုံးသောင်း အလှူရှင်များ
၁။ ကိုနေမျိုးဆွေ
၂။ ကိုရဲမြင့်ဟိန်း

ဝမ်နှစ်သောင်း အလှူရှင်များ
၁။ ကိုသန်းဌေး
၂။ ကိုကောင်းဇော်ညွန့်
၃။ ကိုမျိုးညွန့်သိန်း
၎။ ကိုဖြိုး
၅။ ကိုလေးလေးနိုင်

ဝမ်တစ်သောင်း အလှူရှင်များ
၁။ ကိုရဲမြင့်
၂။ ကိုမောင်ထွေး
၃။ ကိုသန့်ဇော်
၎။ ကိုဟိန်းဘိုဘို
၅။ ကိုနိုင်နိုင်ထွန်း
၆။ ကိုသူရထွန်း
၇။ ကိုညီညီထူး
၈။ ကိုဖုန်းနိုင်

ဝမ်ငါးထောင် အလှူရှင်များ
၁။ ကိုအေးမင်းဦး
၂။ ကိုနေလင်းဦး

READ MORE......

အပတ်စဉ် တနင်္ဂနွေ( ၂၅-၇-၂၀၁၀) ၏ အလှူဒါန ဝမ်းမြောက်ဖွယ်ရာ....

၁၃၇၂၊ ဝါဆိုလဆန်း(၁၄)ရက်၊ ၂၀၁၀၊ဇူလိုင်လ (၂၅)ရက်
စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊
ဒုတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း အလှူရှင်များ နှင့် အရပ်ရပ် အလှူရှင်များ စာရင်း

၁။ဂျီလန်း စက်မှုဇုံမှ မြန်မာရွှေညီအကိုများ စုပေါင်း၍
-နံနက်အာရုံဆွမ်း အလှူဒါန(မြီးရှည်ခေါက်ဆွဲ)များဖြင့်လည်းကောင်း၊
-ဆရာတော်သံဃာတော်များ အတွက် တစ်ယောက်ထိုင် ခေါက်ခုံနှစ်လုံးကိုလည်းကောင်း၊
-ဝါဆိုသင်္ကန်း(၅)စုံ၊သီလရှင်ဝတ်စုံ(၂)စုံကိုလည်းကောင်း၊
-ကျောင်းတော်ကြီး၏ ဧည့်ခန်းဆောင် ကြမ်းခင်းအလှူအတွက် ဝမ် သိန်းနှစ်ဆယ် ကိုလည်းကောင်း၊
-မေလနှင့်ဇွန်လ နှစ်လပေါင်း ကျောင်းတော်ကြီးဝေယျာဝစ္စအတွက် ဝမ်ကိုးသိန်းတစ်သောင်း တို့ကို လှူဒါန်းသွားပါသည်။

၂။ယူရှင်း၊ဟာဘင်း၊ဘုံချွန်း မှ မြန်မာရွှေညီအကိုများမှစုပေါင်း၍
-နေ့ဆွမ်း မြန်မာထမင်းဟင်းများကို ဆရာတော်သံဃာတော်များအား ဆပ်ကပ်ပြီး မိတ်သဂ္ဂဟ အပေါင်းတို့အားကျွေးမွေှးဧည့်ခံခြင်း ကိုလည်းကောင်း၊
-ဆရာတော်နဝကမ္မအလှူနှင့် ကျောင်းတော်ကြီး ဝေယျာဝစ္စအတွက် အလှူငွေများနှင့်
-ဝါဆိုသင်္ကန်း(၅)စုံ တို့အတွက် စုစုပေါင်း အလှူငွေ ဝမ် တစ်ဆယ့်လေးသိန်း လှူဒါန်း သွားပါသည်။

၃။မနီနီမာ( Dr Ni Ni )-Kyung Buk University မှ
-ဘုန်းတော်ကြီးကျောင်း ဆိုင်းဘုတ်
-ဖိနပ်ဘီဒို
-(၆)လစာ ရေ၊တယ်လီဖုန်း၊အင်တာနက် အလှူငွေ
-ထာဝရငွေပဒေသာပင် တို့အတွက် အလှူငွေစုစုပေါင်း ဝမ် ဆယ်သိန်း ကိုးသောင်း ခြောက်ထောင် ကိုလှူဒါန်း သွားပါသည်။

၎။ယုံအမ်းမှ မြန်မာရွှေညီအကိုများ စုပေါင်း၍ ဘုရားစင် အောက်ခံဘီဒို(ကုန်ကျငွေ ဝမ်ခုနှစ်သိန်း) ကို လှူဒါန်း သွားပါသည်။

၅။ကိုသန်းဌေး မှ ထာဝရ ငွေပဒေသာပင်အတွက် ဝမ် တစ်သိန်းလှူဒါန်းသွားပါသည်။

၆။Dasan မှ မြန်မာညီအကိုများ စုပေါင်း၍ လစဉ် ဝေယျာဝစ္စအလှူငွေ ဝမ်တစ်သိန်း လှူဒါန်းပါသည်။

ရ။ကိုကျော်စွာမှ လစဉ် ဝေယျာဝစ္စကုသိုလ် (၅)လအတွက် ဝမ် ငါးသောင်းလှူဒါန်းပါသည်။

၈။ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲတွင် ကျောင်းတော်ကြီး၏ ဝေယျာဝစ္စ ရံပုံငွေမှ ဆရာတော်များကို နဝကမ္မအလှူ ဝမ် လေးသိန်း ထုတ်ယူလှူဒါန်းပါသည်။

ဝါဆိုသင်္ကန်းအလှူရှင်များ-
၁။ခမည်းတော် ဦးတင်မောင်၊မယ်တော် ဒေါခင်ထွေး------------သင်္ကန်း တစ်စုံ။
၂။ကိုရွှန်းဝင့်နွယ် -----------------------------------------------သင်္ကန်း တစ်စုံ။
၃။ကိုမင်းနိုင်၊မအေးယုနွယ်--------------------------------------သင်္ကန်း တစ်စုံ။
၎။ကိုထွန်းထွန်းလတ်--------------------------------------------သင်္ကန်း တစ်စုံ။
၅။ကိုစိုးမိုးထက်၊ကိုစောမူးထူး------------------------------------သင်္ကန်း တစ်စုံ။
၆။ကိုညီ----------------------------------------------------------သင်္ကန်း တစ်စုံ။
ရ။ကိုကျော်စွာမြင့်------------------------------------------------သင်္ကန်း တစ်စုံ။
၈။ကိုဝင်းနိုင်ဦး---------------------------------------------------သင်္ကန်း တစ်စုံ။
၉။ကိုဇော်ဝင်းထွန်း-----------------------------------------------သင်္ကန်း တစ်စုံ။
၁၀။ကိုကိုဦး------------------------------------------------------သင်္ကန်း တစ်စုံ။
၁၁။ကိုကျင်စိန်---------------------------------------------------သင်္ကန်း တစ်စုံ။
၁၂။ကိုမိုးမင်းကို--------------------------------------------------သင်္ကန်း တစ်စုံ။
၁၃။ကိုရဲမိုးဝင်း---------------------------------------------------သင်္ကန်း တစ်စုံ။
၁၄။ကိုဇော်ထက်ဦး----------------------------------------------သင်္ကန်း တစ်စုံ။
၁၅။မကျန်ကျားရင်-----------------------------------------------သင်္ကန်း နှစ်စုံ။
၁၆။ကိုအောင်ကောက်၊မကြည်ကြည်မော်-----------------------သင်္ကန်း တစ်စုံ။
၁၇။ကိုမျိုးအောင်-------------------------------------------------သင်္ကန်း တစ်စုံ။
၁၈။ကိုရှမ်းလေး၊ကိုနိုင်အောင်ကျော်-----------------------------သင်္ကန်း တစ်စုံ။
၁၉။ကိုမင်းထွန်း--------------------------------------------------သင်္ကန်း တစ်စုံ။
၂၀။ကိုသန်းဌေး--------------------------------------------------သင်္ကန်း တစ်စုံ။
၂၁။ကိုဖြိုးသန့်တင်-----------------------------------------------သင်္ကန်း တစ်စုံ။
၂၂။ကိုလှထွန်း---------------------------------------------------သင်္ကန်း တစ်စုံ။
၂၃။ကိုစိန်ချွန်-----------------------------------------------------သင်္ကန်း တစ်စုံ။
၂၄။ကိုသန့်ဇင်ထွန်း-----------------------------------------------သင်္ကန်း တစ်စုံ။
၂၅။ကိုကျော်စွာ---------------------------------------------------သင်္ကန်း တစ်စုံ။
၂၆။ကိုထွန်းဝင်း---------------------------------------------------သင်္ကန်း တစ်စုံ။
၂၇။ကိုသီဟ------------------------------------------------------သင်္ကန်း တစ်စုံ။
၂၈။ကိုချမ်းမွန်----------------------------------------------------သင်္ကန်း တစ်စုံ။
၂၉။ကိုသန်းကြိုင်-------------------------------------------------သင်္ကန်း တစ်စုံ။
၃၀။ကိုအောင်ကျော်ငြိမ်း၊ကိုရဲမြင့်ဟိန်း---------------------------သင်္ကန်း တစ်စုံ။
၃၁။ကိုကျော်မိုး---------------------------------------------------သင်္ကန်း တစ်စုံ။
၃၂။ကိုခင်မောင်လင်း---------------------------------------------သင်္ကန်း တစ်စုံ။
၃၃။ကိုစိုင်းဇော်မင်း-----------------------------------------------သင်္ကန်း တစ်စုံ။
၃၄။ကိုမျိုးညွန့်သိန်း၊ကိုဖုန်းနိုင်၊ကိုဇော်မင်း-----------------------သင်္ကန်း တစ်စုံ။
၃၅။ကိုဝင်းနိုင်လတ်----------------------------------------------သင်္ကန်း တစ်စုံ။
၃၆။ကိုအောင်ဇော်မင်း-------------------------------------------သင်္ကန်း တစ်စုံ။
၃၇။ကိုစိုးမြင့်အောင်၊မနီနီမာ-------------------------------------သင်္ကန်း နှစ်စုံ။
၃၈။မယမင်းထွေး------------------------------------------------သင်္ကန်း တစ်စုံ။
၃၉။ကိုကြည်မောင်၊ကိုမြတ်ဇော်၊ကိုအောင်ကျော်သာ------------သင်္ကန်း နှစ်စုံ။
၄၀။ကိုမျိုးညွန့်အောင်--------------------------------------------သင်္ကန်း တစ်စုံ။
၄၁။ကိုနေမျိုး-----------------------------------------------------ဝမ် နှစ်သောင်း။
၄၂။ကိုရန်နောင်စိုးနှင့် သူငယ်ချင်းများ---------------------------ဝမ် လေးသောင်း။

အလှူရှင် အမည် ကွဲလွဲမှု ရှိပါက ပြင်ဆင်ပေးပါမည်။


အပြည့်အစုံသို့...

READ MORE......

Monday, July 19, 2010

စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင် များ၏ ဦးဆောင်မှု၊ ယူရှင်းစက်ရုံ ရွှေမြန်မာညီအစ်ကိုများနှင့် ဂယောင်ဆန် ဂျီလျန်းစက်မှုဇုံ ရွှေညီအစ်ကိုများ၏ သဒ္ဓါဖွေးဖြူ ပေးလှူ လှူဒါန်းမှုတို့ဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်း၊ ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး တရားဓမ္မများလည်း နာကြားကြမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မြန်မာညီအစ်ကို မောင်နှစ်မအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်၍ ကုသိုလ်အတူ ယူနိုင်ကြစေရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
အလှူမင်္ဂလာ နေ့ရက် = ၂၅-၇-၂၀၁၀ (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် ၁နာရီ
ကျွေးမွေးဧည့်ခံချိန် = မနက် ၆နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား၊ ဒယ်ဂူးမြို့)

အရုဏ်ဆွမ်း အလှူရှင် = ဂယောင်ဆန်၊ ဂျီလျန်းစက်မှုဇုံ ရွှေမြန်မာ ညီအစ်ကိုများ (မြီးရှည်ခေါက်ဆွဲ)
နေ့ဆွမ်း အလှူရှင် = ယူရှင်းကုမ္ပဏီ စက်ရုံ ရွှေမြန်မာ ညီအစ်ကိုများ (မြန်မာအစားအစာ)

မှတ်ချက်။ ။ ၀ါဆိုသင်္ကန်းများကို တစ်စုံလျှင် ၃၀၀၀၀ (၀မ်သုံးသောင်း)နှုန်းဖြင့် အကျိုးဆောင်များထံသို့ ဆက်သွယ်၍လည်းကောင်း၊ အလှူနေ့တွင် ဖွင့်လှစ်ထားရှိမည့် အလှူခံ ဌာနတွင် တိုက်ရိုက် လှူဒါန်းခြင်းဖြင့် လည်းကောင်း၊ ကျောင်းဆိုဒ်ရှိ ဘဏ်အကောင့်သို့ ပေးပို့၍လည်းကောင်း မိမိတို့ အဆင်ပြေသလို ပါဝင်လှူဒါန်းနိုင်ကြောင်း အကျိုးဆောင်အဖွဲ့ထံမှ သတင်းရရှိပါသည်။

READ MORE......

Friday, July 16, 2010

ဇွန်လအတွင်း သုံးစွဲပြီး ငွေစာရင်း (ရှင်းလင်းချက်)

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး)
ဇွန်လအတွင်း သုံးစွဲပြီး ငွေစာရင်း (ရှင်းလင်းချက်)

၁။ အိမ်စပေါ်ပေးငွေ…………………………………- ၇,၀၀၀,၀၀၀-
၂။အိမ်လခကြိုပေး…………………………………….. ၇၆၀,၀၀၀-
၃။နောက်ဖေးမီးဖိုချောင် ပြင်ဆင်ခ…………………...- ၃၀၀,၀၀၀-
၎။အရှေ့ကြမ်းခင်းပြင်ဆင်ခ…………………………..၂,၀၀၀,၀၀၀-
၅။နံရံကပ်၊မှန်ကပ်၊မှန်ချပ်လဲ………………………… ... ၅၀၀,၀၀၀-
၆။(၅)လပိုင်း ဂက်စ်ဖိုး…………………………………... ၆၉,၄၀၀-
ရ။တယ်လီဖုန်း ၅သောင်းနှုန်းနှင့် (၆)လစာ ကြိုပေး....... ၃၀၀,၀၀၀-
ဂ။မီတာခ(၄/၅/၆) သုံးလစာ………………………….... ၁၆၀,၀၀၀-
စုစုပေါင်း……………………………………... ၁၁,၀၈၉,၄၀၀-


အပြည့်အစုံသို့...

READ MORE......

Sunday, July 11, 2010

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ထာဝရငွေပဒေသာပင်အတွက် နိုးဆော်ခြင်း

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများ၏ စုပေါင်းဒါနဖြင့် တည်ထားခဲ့ကြပါသည်။ ဤကျောင်းတော်ကြီး ရေရှည်တည်တန့်စေရေးအတွက် သဒ္ဓါတရားထက်သန်စွာ အလှူရှင်များမှ လစဉ်အလှူငွေများ ထည့်ဝင်လှူဒါန်းနေသဖြင့် ယခုဆိုလျှင် ကျောင်းတော်ကြီးကို ကျယ် ကျယ်ဝန်းဝန်း ခမ်းခမ်းနားနားဖြစ်အောင် ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်များမှ မွမ်းမံပြင်ဆင်ထားပြီး ဖြစ်ပါသည်။ အလှူပွဲများ တရားပွဲများကို တရားနာပရိတ်သတ်များ အလှူရှင်များ စိတ်ချမ်းမြေ့စွာ ဆောင်ရွက်နိုင်ကြပြီဖြစ်ပါသည်။ မြန်မာပြည်မှ တရားဟောဓမ္မကထိက ဆရာတော်များ ပင့်ဖိတ်ပြီး တရားပွဲများ ဆင်ယင်ကျင်းပ နိုင်ရန် နေရာထိုင်ခင်း အသင့်စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်သည့် အတွက် နောင် အနာဂတ်ကာလများတွင် ကုသိုလ် တရားများ ဆထက်ထမ်းပိုး တိုး၍ ရယူနိုင်ကြပြီ ဖြစ်ပါသည်။

သို့ပါ၍ ဤကျောင်းတော်ကြီးသို့ အာစိဏ္ဏကံ ကုသိုလ်ဖြစ် လှူဒါန်းလိုသော ထာဝရအလှူ စေတနာရှင်များ၊ လစဉ်အလှူငွေ လှူဒါန်းလိုသော်လည်း စက်ရုံပြောင်းရွှေ့သွားသဖြင့် ရပ်ဝေးဒေသသို့ ရောက်နေ ကြသည့်စေတနာရှင်များ၊ တစ်ကြိမ်တည်း စုဆောင်း၍ စုပေါင်းလှူဒါန်းလိုသော စေတနာရှင်များ၊ အကြောင်း အမျိုးမျိုးကြောင့် မလှူဖြစ်ကြသေးသည့် စေတနာရှင်များ စသည်တို့အတွက် ကျောင်းတော်ကြီးမှ ထာဝရငွေပဒေသာပင် အဖြစ် လှူဒါန်းကုသိုလ်ပြုနိုင်ရေး စီစဉ် ဆောင်ရွက် ထားပါသည်။ မိမိတို့ အားလပ်ရက်(သို့မဟုတ်) အလှူအတန်းကျင်းပသည့် နေ့ရက် (သို့မဟုတ်)ဘဏ်ငွေလွှဲ၍ ဖြစ်စေ အစဉ်ပြေသလို လှူဒါန်း ကုသိုလ် ပြုနိုင်ကြပြီပါသည်။ ထာဝရ ငွေပဒေသာပင် အလှူရှင်များ အတွက် ကျောင်းတော်ကြီးမှ ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ပါမည်။ မိမိတို့ ဘာသာသာသနာ ထွန်းကားစည်ပင်စေရေး နိဗ္ဗါန်အကျိုးမျှော် နိုးဆော် လိုက်ရပါသည်။
စိတ္တသုခ ပြည့်စုံကြ ဒုက္ခထွေထွေ ကင်းပါစေ။
အပြည့်အစုံသို့...

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster