Monday, January 26, 2009

အခြေခံ ကိုရီးယားဘာသာစကားသင်တန်းနှင့် အခြေခံ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောပွဲ သင်ကြားဟောပြော ပို့ချပေးမည်

အခြေခံ ကိုရီးယားဘာသာစကားသင်တန်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)တွင် ကိုရီးယားနိုင်ငံတွင် လာရောက် အလုပ် လုပ်နေကြသော မြန်မာနိုင်ငံသား ရွှေညီအစ်ကိုများအတွက်ရည်ရွယ်၍ ကိုရီးယားဘာသာစကား (အခြေခံ အရေး၊ အဖတ်၊ အပြောနှင့် နားထောင်ရည်စွမ်း) သင်တန်းကို ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ယခုလာမည့် တနင်္ဂနွေ(၃၁-၁-၂၀၀၉)နေ့မှ စတင်ကာ အပတ်စဉ် ပို့ချသင်ကြား ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ ရွှေညီအစ်ကိုများ မည်သူမဆို အောက်ပါအစီအတိုင်း လာရောက်တက်ရောက် နိုင်ပါကြောင်း သီတင်းကောင်း ပါးအပ်ပါသည်။
အချိန် = နေ့လယ် ၂ နာရီမှ ၄ နာရီအထိ
နေ့ = အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ၀ါးလျုံးရှိဂျန်းအနီး)
ပို့ချပေးမည့် စာအုပ်= Korean made easy for beginners (Seung Eun Oh)

မှတ်ချက်။ ယခု သင်တန်းသည် ကိုရီးယားဘာသာစကားကို ဘာမျှ မသိသေးသူများ အတွက်သာ အခြေခံအဖြစ် ပို့ချပေးမှာဖြစ်ပြီး ယခု သင်တန်းပြီးပါက ကိုရီးယား နိုင်ငံသားများ ကိုယ်တိုင်လာရောက် ပို့ချပေးရန် စီစဉ်ထားပါသည်။ သင်တန်းတက်လို သူများသည် စာအုပ်ကို မိမိတို့အစီအစဉ်အတိုင်း ၀ယ်ယူလာကြရန် ဖြစ်ပါသည်။


အခြေခံ ဗုဒ္ဓဘာသာဆိုင်ရင် ဟောပြောပွဲ
ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြသော်လည်း ဗုဒ္ဓဘာသာအကြောင်း ဘာမျှမသိသေးသူများ၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာဆိုင်ရာများကို လေ့လာလိုသော်လည်း အခွင့်အရေး မရှိကြသူများ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း ဘာသာရေးအပေါ် စိတ်ဝင်စားသူများ စသူစသူတို့အတွက် ရည်ရွယ်၍ ယခု ဤအခြေခံ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောပွဲကို ဆရာတော်ကိုယ်တိုင် ပြုလုပ်ဟောပြောပေးမှာ ဖြစ်ပါသည်။ တရားပွဲပုံစံမျိုးမဟုတ်ဘဲ လွတ်လပ်စွာ နားထောင်ဆွေးနွေး မေးမြန်းနိုင်သည့် ဘာသာရေးဆိုင်ရာ စကားဝိုင်းဟု ပြောလျင်လည်း ရနိုင်ပါသည်။ ဘာမှ မသိသေးသည်နှင့်စာလျှင် တစ်လုံးတစ်ပါဒမျှ သိရှိသွားသည်က ပို၍အကျိုးများနိုင်သည့်အတွက် အခွင့်အရေးကို လက်လွတ်မခံကြဖို့ တိုက်တွန်းလိုပါသည်။

ယခု ဤအခြေခံ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောပွဲကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၅နာရီမှ ၆နာရီအထိ တစ်နာရီခန့် ပို့ချဟောပြောပေးမည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နားထောင် နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။


READ MORE......

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)၏ ကျောင်းဖွင့်ပွဲ

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)၏ ကျောင်းဖွင့်ပွဲနှင့် ကျောင်းတက်ပွဲကို ဒယ်ဂုမြိုရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့(၂၆-၁-၂၀၀၉) နေ့လယ် ၁၂နာရီခွဲတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ကျောင်းဖြစ်မြောက်ရေး အကျိုးဆောင်များ၊ ကျောင်းအလှူရှင်များ၊ ရပ်ဝေးရပ်နီးမှ ရွှေညီအစ်ကိုအများ စုံလင်စွာတက်ရောက် ကြည်ညိုသဒ္ဓါတရားပွားများကြသည်။ အခမ်းအနား မစတင်မီ နံနက် ၉နာရီခန့်မှ စတင်ကာ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့အား ကြက်သားပလာတာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးပြီး ကျောင်းဖွင့်ပွဲအခမ်းအနားကို စုပေါင်းကျင်းပကြသည်။

အခမ်းအနားတွင် ကိုရွှန်းဝင့်နွယ်မှ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။ အစီအစဉ်အရ ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လစ်ပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တအထံတော်မှ ငါးပါးသီလခံယူ ဆောက်တည်ကာ ကိုလှထွန်းမှ ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်သည်။ ထို့နောက် ကျောင်းအကျိုးဆောင်များကိုယ်စား (Golden friends) မြန်မာစားသောက်ဆိုင်နှင့် စတိုးဆိုင်ပိုင်ရှင် ကိုမော်ကြီးမှ ကျေးဇူးတင်စကား ပြောကြားလျှောက်ထားပြီး ဘဏ္ဍာရေးအဖွဲ့ကိုယ်စား ကိုလင်းထိန်ဝင်းမှ ဘဏ္ဍာရေး ရှင်းတမ်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ဆရာတော်အထံမှ အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာကြားကြသည်။ နိဂုံးချုပ်အားဖြင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့် ရွှေမိုးငွေမိုး ရွာသွန်းခဲ့သည်။

အခမ်းအနားအပြီး၌ ကျောင်းအကျိုးဆောင်အဖွဲ့၏ အစည်းအဝေးကို ဆက်လက်ကျင်းပကာ အောက်ဖော်ပြပါ ကျောင်းရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအကျိုးဆောင်အဖွဲ့နှင့် အထွေထွေ ဝေယျာဝစ္စ အဖွဲ့ကို အတည်ပြု ဖွဲ့စည်းလိုက်ကြသည်။

ဘုန်းတော်ကြီးကျောင်း ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့
ဆရာတော် ဦးဝိစိတ္တ (နာယကဆရာတော်)
၁။ ဦးမော်ကြီး - ဥက္ကဋ္ဌ
၂။ ဦးရွှန်းဝင့်နွယ် - ဒု-ဥက္ကဋ္ဌ
၃။ ဦးမင်းနိုင် -စာရင်းစစ်မှူး
၎။ ဦးဇေယျာတင့် - ပြန်ကြားရေးမှူး
၅။ ဦးလင်းထိန်ဝင်း - ဘဏ္ဍာရေးမှူး
၆။ ဦးရဲထွန်း အဖွဲ့ဝင်
၇။ ဦးလေးလေးနိုင် - အဖွဲ့ဝင်
၈။ ဦးဇော်လတ် (ခ) ဦးရှမ်းကြီး - အဖွဲ့ဝင်
၉။ ဦးလင်းအောင်ဖြိုး (ခ) ဖြိုးကြီး - အဖွဲ့ဝင်
၁၀။ ဦးအောင်ကျော်ငြိမ်း အဖွဲ့ဝင်
၁၁။ ဦးလှမိုး - အဖွဲ့ဝင်
၁၂။ ဦးကျော်မင်းဟန် - အဖွဲ့ဝင်
၁၃။ ဦးသူရစော - အဖွဲ့ဝင်
၁၄။ ဦးခင်ညွှန့် - အဖွဲ့ဝင်
၁၅။ ဦးမျိုးညွှန့်အောင် - အဖွဲ့ဝင်
၁၆။ ဦးဘုန်းနိုင် - အတွင်းရေးမှူး(၁)
၁၇။ ဦးလှထွန်း - အတွင်းရေးမှူး(၂)

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း(ကိုရီးယား)
အထွေထွေဝေယျာဝစ္စ အဖွဲ့
၁။ ကိုရှမ်းကြီး - ဘူဆန်-ဂင်မဲ
၂။ ကိုလွင် - ။
၃။ ကိုနေမျိုး - ။
၎။ ကိုကျော်ကျော်မြင့် - ။
၅။ ကိုထွန်းထွန်းအေး - ။
၆။ ကိုဇော်သူရ - ။
၇။ ကိုမျိုးကြီး - ။
၈။ ကိုဝင်းစိန် - ။
၉။ ကိုပေါက်ကျိုင်း - ။
၁၀။ကိုထွန်းထွန်းလတ် - ဂယောင်ဆန်
၁၁။ ကိုစိုးမင်း - ။
၁၂။ ကိုဦး - ။
၁၃။ ကိုကျော်ကျော်မင်း - ။

READ MORE......

Wednesday, January 21, 2009

ကျောင်းဖွင့်ပွဲဖိတ်ကြားခြင်း

ကျောင်းဖွင့်ပွဲဖိတ်ကြားခြင်း
စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ၏ ကျောင်းဖွင့်ပွဲနှင့် ကျောင်းတက်ပွဲအခမ်းအနားကို ရွှေမြန်မာအများ အားလပ်ရက်ဖြစ်သည့် ကိုရီးယား နှစ်သစ်ကူးပိတ်ရက်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်ပပြုလုပ်မည်ဖြစ်ပါသဖြင့် ကျောင်းအလှူရှင်များနှင့် ရပ်ဝေးရပ်နီးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၆-၁-၂၀၀၉ (တနင်္လာနေ့)
ဧည့်ခံကျွေးမွေးချိန် = နံနက် ၉နာရီမှ ၁၂နာရီအထိ
အခမ်းအနားကျင်းပချိန် = နေ့လည် ၁နာရီမှ ၃နာရီအထိ
နေရာ = စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း
(ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါလျုံးရှီဂျန်းအနီး)

မှတ်ချက်။ ။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံပါမည်။


READ MORE......

Monday, January 19, 2009

ဆရာတော်ပြန်လည်ကြွရောက်လာပြီ ဖြစ်ပါကြောင်း…

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တသည် ယနေ့(၂၀-၁-၂၀၀၉) နေ့လယ်တွင် မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးကျောင်းတည်ရှိရာ ဒယ်ဂုမြို့သို့ ပြန်လည်ကြွရောက် တော်မူလာပြီ ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွင် အချိန်ပြည့်သီတင်းသုံး နေထိုင်ပေးနေပြီဖြစ်ပါကြောင်း ရွှေမြန်မာအပေါင်းအား အသိပေးအကြောင်းကြားအပ်ပါသည်။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster