ကိုရီးယားနိုင်ငံ၏ ချူဆောက်ပိတ်ရက်များတွင် ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်း သူငယ်ချင်းတစ်စုတို့၏ ရဟန်းဝတ်ပွဲနှင့် အလှူရှင် အသီးသီးတို့၏ မိမိတို့ တစ်နိုင်တစ်ပိုင် ကုသိုလ်ပြု ဆွမ်းကပ်လှူပွဲများကို အောက်ပါအတိုင်း ကျင်းပပြုလုပ် ဆက်ကပ်လှူဒါန်းကြမည် ဖြစ်ပါသဖြင့် အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် အသိပေး တင်ပြအပ်ပါသည်။
၂၁-၉-၂၀၁၀ (အင်္ဂါနေ့)
ကွယ်လွန်သူ ကိုသန်းမောင်အား ရည်စူး၍ သက်ပျောက်ဆွမ်းအလှူအတွက် ကျန်ရစ်သူ မိတ်ဆွေသူငယ်ချင်းများ၏ နေ့ဆွမ်းအလှူ၊
နေ့လယ်ပိုင်းတွင် ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်းတို့၏ သင်္ကန်းတောင်း ကိုရင်ဝတ်ပွဲ
၂၂-၉-၂၀၁၀ (ဗုဒ္ဓဟူးနေ့)
ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်း သူငယ်ချင်းတစ်စုတို့၏ အရုဏ်ဆွမ်းအလှူ
ဆရာတော်နှင့် ရဟန်းလောင်းများက ဘူဖျောင်းဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်၍ သိမ်တက်ရဟန်းခံကာ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် နေ့ဆွမ်းဘုဉ်းပေး၍ ညနေပိုင်းအရောက် ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်းသို့ ပြန်ကြွမည်။
၂၃-၉-၂၀၁၀ (ကြာသပတေးနေ့)
ကိုထွန်းထွန်းလတ်၊ ကိုကျော်ဇောအောင်၊ ကိုကျော်ကျော်မင်းနှင့် သူငယ်ချင်းတစ်စုတို့၏ အရုဏ်ဆွမ်းအလှူ
ဒေါက်တာနီနီမာနှင့် သူငယ်ချင်းများ၏ နေ့ဆွမ်းအလှူ
၂၄/၂၅-၉-၂၀၁၀ (သောကြာ/စနေ)
ဒုလ္လရဟန်းများနှင့် သူငယ်ချင်းများ၏ အရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူများ

0 comments:
Post a Comment