ကွယ်လွန်သူ ကျေးဇူးရှင် မိခင်ကြီး ဒေါ်စန်းရီအား ရည်စူး၍ သားဖြစ်သူ ကိုရန်နိုင်ထွန်း (ဒါဆန်းစက်မှုဇုန်) ၏ မိခင်ရည်စူး တစ်လပြည့် ရက်လည် ကုသိုလ်အလှူထူးတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းလျက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း အထူးစပါယ်ရှယ် ကြက်သား ပလာတာဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမည်ဖြစ်ပြီး လှူဒါန်းမှု အစုစုတို့ကို မိခင်ကြီးနှင့်တကွ (၃၁)ဘုံ ရှိရှိသမျှ သတ္တဝါအပေါင်းအား ရေစက်သွန်ချ အမျှအတမ်း ပေးဝေကြမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေး မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေဖို့ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
နေ့ရက် = ၂၀-၁၀-၂၀၁၃ (တနင်္ဂနွေနေ့)
ဧည့်ခံကျွေးမွေးချိန် = နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း
ဖိတ်ကြားသူ
လေးစားစွာဖြင့် .. ကိုရန်နိုင်ထွန်း
0 comments:
Post a Comment