ဓမ္မဒူတ (ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပဓါနနာယက ဆရာတော်
ဒေါက်တာအရှင်ဆေကိန္ဒ၏ သြဝါဒနှင့် လမ်းညွှန်ပံ့ပိုးမှုကိုခံယူလျက် ၊ ဆရာတော်
ဒေါက်တာ အရှင်နန္ဒက နှင့် အရှင်ကိတ္တိသာရ တို့၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့်
၊ ကိုရီးယားနိုင်ငံအတွင်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဓမ္မဒူတ
မြေနေရာဝယ်ယူရေး နှင့် မြန်မာဘုန်းတော်ကြီးကျောင်းဆောက်လုပ် လှူဒါန်းရေး
အစီအစဉ် အတွက် အလှူတော်ငွေများ ပေးပို့လှူဒါန်းလိုကြကြောင်း
အနယ်နယ်အရပ်ရပ်မှ မေးမြန်းကြသည့် ပါရမီရှင်များအား ဓမ္မဒူတ (ကိုရီးယား) က
ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မေတ္တာစကား ပါးအပ်ပါသည် ။
အဆိုပါ မေးမြန်းထားကြသည့် မြန်မာမိတ်ဆွေ ပါရမီရှင် တို့အနေဖြင့်
မိတ်ဆွေတို့၏ အလှူတော်ငွေများကို အောက်ပါဘဏ်စာရင်းအတိုင်း
ပေးပို့လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -
ဘဏ်အမည် - 신한은행 (SHINHAN BANK)
စာရင်းအမှတ်- 100-027-690153
ဘဏ်စာရင်းအမည်- 담마두따문화협회(DHAMMADUTA CULTURE ASSOCIATION)
ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
ဟန်းဂုရွာမှ ကူးယူးဖေါ်ပြပါသည် ။
0 comments:
Post a Comment