Tuesday, November 15, 2011

ဓမ္မဒူတ (ကိုရီးယား) မြေနေရာဝယ်ယူရေးအလှူတော်ငွေ အတွက် ဓမ္မဒူတ ဘဏ်စာရင်း


ဓမ္မဒူတ (ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပဓါနနာယက ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ သြဝါဒနှင့် လမ်းညွှန်ပံ့ပိုးမှုကိုခံယူလျက် ၊ ဆရာတော် ဒေါက်တာ အရှင်နန္ဒက နှင့် အရှင်ကိတ္တိသာရ တို့၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ၊ ကိုရီးယားနိုင်ငံအတွင်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဓမ္မဒူတ မြေနေရာဝယ်ယူရေး နှင့် မြန်မာဘုန်းတော်ကြီးကျောင်းဆောက်လုပ် လှူဒါန်းရေး အစီအစဉ် အတွက် အလှူတော်ငွေများ ပေးပို့လှူဒါန်းလိုကြကြောင်း အနယ်နယ်အရပ်ရပ်မှ မေးမြန်းကြသည့် ပါရမီရှင်များအား ဓမ္မဒူတ (ကိုရီးယား) က ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မေတ္တာစကား ပါးအပ်ပါသည် ။

အဆိုပါ မေးမြန်းထားကြသည့် မြန်မာမိတ်ဆွေ ပါရမီရှင် တို့အနေဖြင့် မိတ်ဆွေတို့၏ အလှူတော်ငွေများကို အောက်ပါဘဏ်စာရင်းအတိုင်း ပေးပို့လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -

ဘဏ်အမည် - 신한은행 (SHINHAN BANK)
စာရင်းအမှတ်- 100-027-690153
ဘဏ်စာရင်းအမည်- 담마두따문화협회(DHAMMADUTA CULTURE ASSOCIATION)

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)

ဟန်းဂုရွာမှ ကူးယူးဖေါ်ပြပါသည် ။


0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster