Tuesday, April 28, 2009

ကျွန်တော်တို့ ရှမ်း၊ ကယားညီအစ်ကိုများ၏ အလှူပွဲသို့ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်…

ဂယောင်ဆန်ရှိ ရှမ်းတိုင်းရင်းသားများနှင့် ကယားတိုင်းရင်းသား ညီအစ်ကိုများ ဦးဆောင်ကာ ကိုရီးယားနိုင်ငံ အောက်ပိုင်းဒေသ အသီးသီးတွင် ရှိကြသော ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုများမှ ကုသိုလ်လည်းရ၊ ချစ်ခင်ရင်းနှီးမှုလည်းရစေရန် ရည်ရွယ်၍ စုပေါင်းအလှူဒါနပြုပွဲကို ၃-၅-၂၀၀၉ (တနင်္ဂနွေနေ့)တွင် ဒယ်ဂုမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ တိုင်းရင်းသားညီအစ်ကိုများနှင့် ရွှေညီအစ်ကို အပေါင်းတို့အား တရားလည်းနာ၊ တိုင်းရင်းသား ရိုးရာအစားအသောက်များလည်း သုံးဆောင်နိုင်ကြစေရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့်…
ရှမ်းနှင့်ကယားတိုင်းရင်းသားညီအစ်ကိုများ

READ MORE......

Monday, April 27, 2009

စိတ္တသုခ ကျောင်းတော်မှပါဝင် ဆင်နွဲပူဇော်သည့် ဒယ်ဂုမြို့၏ ဗုဒ္ဓနေ့အကြို လှည့်လည်ပူဇော်ပွဲ အောင်မြင်စွာပြီးဆုံး..






READ MORE......

Thursday, April 23, 2009

ကိုရီးယားနိုင်ငံ၏ ဗုဒ္ဓနေ့အကြို စုပေါင်းလှည့်လည်ပွဲသို့ အတူတကွ ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း..

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကိုရီးယားနိုင်၏ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းလှည့်လည်ပွဲ ကျင်းပရာတွင် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဆောင်လျက် ဗုဒ္ဓဘာသာ မြန်မာအများလည်း ပါဝင်လှည့်လည်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ဘုန်းတော်ကြီးကျောင်းအကြောင်း ဘုန်းတော်ကြီးကျောင်း၏ လှုပ်ရှားမှုများအကြောင်း ဒေဂုမြို့သူမြို့သားများ သိရှိနိုင်ရန် လှုပ်ရှားမည့် အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် အားလပ်သည့် ရွှေမြန်မာများအနေဖြင့် ဘာသာသာသနာ အကျိုးအတွက် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီလှည့်လည်နိုင်ကြစေရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။

နေ့ရက်။ ၂၅- ၄- ၂၀၀၉ (စနေနေ့)

အချိန်။ ညနေ ၅နာရီ (ဘုန်းတော်ကြီးကျောင်းမှ လှည့်လည်ပွဲစတင်ရာ စုရပ်သို့ ၅နာရီ အရောက်သွားမည် ဖြစ်ပါသဖြင့် ညနေ ၄နာရီ အရောက်လာပေးပါရန်)

READ MORE......

Sunday, April 19, 2009

ဘူဆန် မြန်မာအသင်းမှ ဦးဆောင်ကျင်းပအပ်သော မြန်မာနှစ်ဦးအလှူ အထူးတရားပွဲ၊ အန္တရာယ်ကင်း ပရိတ်ရွတ်ပွဲ မှတ်တမ်းဓာတ်ပုံများ..





READ MORE......

Monday, April 13, 2009

နှစ်သစ်အကြို အထူးတရားပွဲ၊ ငါးလွှတ်ပွဲနှင့် ရိုးရာသင်္ကြန်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး..

မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရာ နှစ်သစ်အခါကာလ သမယကို ကြိုဆိုသောအားဖြင့် ကိုရီးယားရောက် မြန်မာရွှေညီအစ်ကိုများ၏ နှစ်သစ်အကြို အထူးတရားပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ဒေဂု၊ ကိုရီးယား)၏ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းနှင့် ငါးလွှတ်ကန်ရှိရာနေရာများသို့ စုပေါင်းသွားရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ အစီအစဉ်အရ နံနက် ၁၀နာရီတွင် အထူးတရားပွဲကို ကျင်းပပြုလုပ်ပြီး ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဂျိလျန်းစက်မှုဇုန်ရှိ ရွှေညီအစ်ကိုသူငယ်ချင်းများက မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လယ် ၂နာရီခန့်တွင် ဆရာတော် ဦးဝိစိတ္တ ဦးဆောင်ကာ ငါးလွှတ်ကန် ရှိရာသို့ သွားရောက်၍ မေတ္တာပို့ ဆုတောင်း အမျှဝေကာ ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ပြီး ရွှေမြန်မာအများ ပျော်ရွှင်စွာ ရေပက်ကစားကြလျက် ဂျိလျန်းစက်မှုဇုန်ရှိ ရွှေညီအစ်ကိုများ ကျွေးမွေးလှူဒါန်းသည့် ရွှေရင်အေးများကိုလည်း ပျော်ရွှင်စွာ သုံးဆောင်ကြသည်။ ထိုအလှူပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများအား ကြည်နူးစွာ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။


အပြည့်အစုံသို့...

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster