Monday, April 13, 2009

နှစ်သစ်အကြို အထူးတရားပွဲ၊ ငါးလွှတ်ပွဲနှင့် ရိုးရာသင်္ကြန်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး..

မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရာ နှစ်သစ်အခါကာလ သမယကို ကြိုဆိုသောအားဖြင့် ကိုရီးယားရောက် မြန်မာရွှေညီအစ်ကိုများ၏ နှစ်သစ်အကြို အထူးတရားပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ဒေဂု၊ ကိုရီးယား)၏ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းနှင့် ငါးလွှတ်ကန်ရှိရာနေရာများသို့ စုပေါင်းသွားရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ အစီအစဉ်အရ နံနက် ၁၀နာရီတွင် အထူးတရားပွဲကို ကျင်းပပြုလုပ်ပြီး ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဂျိလျန်းစက်မှုဇုန်ရှိ ရွှေညီအစ်ကိုသူငယ်ချင်းများက မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လယ် ၂နာရီခန့်တွင် ဆရာတော် ဦးဝိစိတ္တ ဦးဆောင်ကာ ငါးလွှတ်ကန် ရှိရာသို့ သွားရောက်၍ မေတ္တာပို့ ဆုတောင်း အမျှဝေကာ ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ပြီး ရွှေမြန်မာအများ ပျော်ရွှင်စွာ ရေပက်ကစားကြလျက် ဂျိလျန်းစက်မှုဇုန်ရှိ ရွှေညီအစ်ကိုများ ကျွေးမွေးလှူဒါန်းသည့် ရွှေရင်အေးများကိုလည်း ပျော်ရွှင်စွာ သုံးဆောင်ကြသည်။ ထိုအလှူပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများအား ကြည်နူးစွာ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။


အပြည့်အစုံသို့...

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster