Monday, January 19, 2015

မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ (ကိုရီးယား) ၏ သက်တော် (၄၀)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မှ ကုသိုလ်မှတ်တမ်း


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ သီရိဇေယျုံကျောင်းနဲ့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခမြန်မာ ဘုန်းတော်ကြီးကျောင်း တို့ရဲ့ ပဓာန နာယကဆရာတော် ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မကထိက မနာပဒါယီ အရှင်ဝိစိတ္တ အရှင်သူမြတ်ရဲ့ သက်တော် ၄၀-ပြည့် မွေးနေ့မင်္ဂလာ ကုသိုလ်ရှာပွဲကို အောင်မြင်စွာပြီးစီးခဲ့ပါတယ် ၊ ဆရာတော်၏ ဂုဏ်တော်များကို ချီးကျူးပူဇော်ခြင်းတို့အပြင် ဆရာတော်အတွက် ကျန်းမာစေကြောင်း ဆုမွန်ကောင်းများလည်း တောင်းခဲ့ကြပါတယ်.. ဆရာတော်ရဲ့မွေးနေ့ ၀ိဇာတ ပူဇာပွဲကို အကြောင်းပြု၍ ကုသိုလ်ရှင်များမှ လှူဒါန်းခဲ့ကြသော လှူဒါန်းမှု အစုစုတို့ကို တင်ပြအပ်ပါတယ် 


စဉ်
အလှူရှင်များ
အလှူငွေ
(သောင်း)
၁
ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းဝေယျာဝစ္စအဖွဲ့မှ
၁၆၉
၂
ယုံရှင်း (နန်မီ) ညီအစ်ကိုများ
၆၉
၃
ဒါဆန်းညီအစ်ကိုများ
၃၀
၎
သုခအဖွဲ့ ညီအစ်ကိုများ
၃၆
၅
ကိုမျိုးကျော်ဆန်း အဖွဲ့ ညီအစ်ကိုများ
၂၅
၆
ယူရှင်းညီအစ်ကိုများ
၂၀
၇
ကိုမော်ကြီး Gold Jewel မြန်မာဆိုင်
၁၀
၈
ကိုသူရအောင် Star Light မြန်မာဆိုင်
၁၀
၉
အရပ်ရပ် အလှူရှင်များ
၁၆၇




စုစုပေါင်း (ငါးဆယ့်တစ်သိန်းခြောက်သောင်းတိတိ)
၅၁၆

စုပေါင်းလှူဒါန်းငွေများမှ ခွဲဝေပြုလုပ်နိုင်ခဲ့သောကုသိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

စဉ်
ကုသိုလ်မှတ်တမ်း
ပမာဏ
(သောင်း)
၁
မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ န၀ကမ္မ အလှူ
၅၀
၂
ဓမ္မရိပ်ငြိမ် ဆရာတော် အရှင်ဝေဠုရိယ န၀ကမ္မ အလှူ
၃၀
၃
ဆရာတော် အရှင်ဝိသုတ
၃၀
၎
ကြွရောက်လာကြသော ကုသိုလ်ရှင်များသို့ အဟာရဒါန အလှူ
၁၂၃
၅
စိတ္တသုခ ကျောင်းတော် အထွေထွေ ငွေပဒေသာပင်စာရင်းသို့
၂၈၃




စုစုပေါင်း (ငါးဆယ့်တစ်သိန်းခြောက်သောင်းတိတိ)
၅၁၆


ဤသို့ အောင်မြင်စွာ ကျင်းပပြီးစီးရန်အတွက် အဖက်ဖက်မှ ကူညီခဲ့ကြသူများ ၊ လှူဒါန်းခဲ့ကြသူများ အားလုံးကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ၊ အထူးအားဖြင့်

(၁) ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော် အရှင်သူမြတ်တို့အားလည်းကောင်း
(၂) ပင်မအလှူရှင်များဖြစ်ကြသော ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းဝေယျာဝစ္စအဖွဲ့ တို့အားလည်းကောင်း
 (၃) လစဉ်အလှူ ငွေများကို စည်းရုံး အလှူခံပေးကြသော ယုံရှင်း (နန်မီ) ညီအစ်ကိုများ ၊ ဒါဆန်းစက်မှုဇုန် ညီအစ်ကိုများ ၊ ကိုမျိုးကျော်ဆန်းအဖွဲ့ ၊ ကိုဇော်မင်းဦးအဖွဲ့ ၊ သုခအဖွဲ့ ၊ ယူရှင်းညီအစ်ကိုများ ၊ မြန်မာဆိုင်များ ၊ စိတ္တသုခလူငယ်များ .. စသည်တို့အား လည်းကောင်း
(၄) လာရောက် ကုသိုလ်ယူခဲ့ကြသော ဂယောင်ဘုတ် ၊ ယောင်နန် ၊ ဂယ်မြောင် .. တက္ကသိုလ် စသည်တို့မှ မြန်မာ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ အားလည်းကောင်း
(၅) ချက်ပြုတ်ပြင်ဆင် သိမ်းဆည်းဧည့်ခံ စီမံပေးကြသော ဝေယျာဝစ္စ လူငယ်များအားလည်းကောင်း
(၆) အရသာရှိလှသော နံနက်ခင်းစားဖွယ်ရာ လက်ဖက်ရည်ကို စီမံပေးသော ကိုဌေးလှိုင်ဦး အားလည်း ကောင်း ..
အားလုံးအားလုံး ကို တစ်ယောက်မကျန် အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်..
.
လေးစားစွာဖြင့် ..
ကျောင်းအကျိုးတော်ဆောင်အဖွဲ့


0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster