စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် လစဉ် ကျင်းပမြဲဖြစ်သော ရွှေမြန်မာတွေ့ဆုံပွဲကို (၂၂-၁၂-၂၀၁၃) (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်ပါသည် ။
ယင်းရွှေမြန်မာတွေ့ဆုံပွဲတွင် ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးမောင်ကျော်အား ရည်စူး၍ သားဖြစ်သူ ကိုလေးနိုင် (ယုံအန်းစက်မှုဇုန်) ၏ ဖခင်ရည်စူး ကုသိုလ်အလှူထူးတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းလျက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း အထူးစပါယ်ရှယ် ကြာဇံချက်ဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမည်ဖြစ်ပြီး လှူဒါန်းမှု အစုစုတို့ကို ဖခင်ကြီးနှင့်တကွ (၃၁)ဘုံ ရှိရှိသမျှ သတ္တဝါအပေါင်းတို့အား ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေး မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေဖို့ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
ဧည့်ခံကျွေးမွေးချိန် = နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း
ဖိတ်ကြားသူ လေးစားစွာဖြင့် .. ကိုလေးနိုင် နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့
0 comments:
Post a Comment