တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ လာမည့ှ်ချူဆောက် ပိတ်ရက်တွင် ကိုရီးယားနိုင်ငံရောက် မြန်မာအများ နွမ်းနေသမျှ လန်းစေကြဖို့နှင့် ဒေသန္တရ ဗဟုသုတ စသည်တိုးစေဖို့တို့ကို ရည်ရွယ်၍ တောင်မြောက်ကိုရီးယား နယ်စပ်ဒေသ (통일전망대, DMZ)နှင့် ဆောရပ်ဆန် (설악산) လေ့လာရေး ခရီးစဉ်ကို အောက်ပါအစီအစဉ်အတိုင်း အတူတကွ သွာရောက်လေ့လာကြမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ဖော်ပြပါ ကျောင်းအကျိုးဆောင်များထံ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးရင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက် = 19-9-2013၊ ကြာသပတေးနေ့
ထွက်ခွါမည့်အချိန် = မနက်အစော (4)နာရီ
(ဘုန်းတော်ကြီးကျောင်းသို့ (3: 30) အရောက်လာရန်၊ ကျောင်းတွင်အိပ်လိုကအိပ်နိုင်သည်။)
ခရီးစာရိတ် = ဝမ် (၅)သောင်း (ခရီးစဉ်အစအဆုံး အားလုံးစာရိတ်ငြိမ်း)
စုရပ် = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူး
ဆက်သွယ်စာရင်းပေးရန်
၁။ ကိုဘုန်းနိုင် (010-5658-2250)
၂။ ကိုလင်းထိန်ဝင်း (010-4345-1980)
သတိပြုရန်= လိုက်ပါလာသူများသည် မိမိတို့နှင့်အတူ တီကပ် (외국인 동록증)ယူဆောင်လာရပါမည်။ ဗီဇာရှိခြင်း၊ မရှိခြင်းသည် ပြဿနာ မရှိပါ။ နာမည်နှင့်ကဒ် တူမတူ စာရင်းယူရုံသာ ဖြစ်ပါသည်။ အန္တရာယ်မရှိကြောင်း တာဝန်ယူပါသည်။
သတိပြုရန်= လိုက်ပါလာသူများသည် မိမိတို့နှင့်အတူ တီကပ် (외국인 동록증)ယူဆောင်လာရပါမည်။ ဗီဇာရှိခြင်း၊ မရှိခြင်းသည် ပြဿနာ မရှိပါ။ နာမည်နှင့်ကဒ် တူမတူ စာရင်းယူရုံသာ ဖြစ်ပါသည်။ အန္တရာယ်မရှိကြောင်း တာဝန်ယူပါသည်။
မှတ်ချက်။ ။ ခရီးစဉ်အတွက် အယောက် (၄၀)သာ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းပါရန်နှင့် ခရီးစဉ်အတူ လိုက်ပါလာသူများအား ကျောင်းအကျိုးဆောင်အဖွဲ့မှ အမှတ်တရ အင်္ကျီတစ်ထည်စီကိုလည်း လက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်ပါသည်။
0 comments:
Post a Comment