စိတ္တသုကျောင်း (ဒယ်ဂူး) ကျောင်းအကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ ဒါဆန်းစက်မှုဇုန် ရွှေညီအစ်ကိုများ၏ မတည်လှူဒါန်းမှု၊ စေတနာရှင် ကုသိုလ်ရှင်များ၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် ကျင်းပပြုလုပ်မည့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဉ္စမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုရည်မှန်း မြတ်သင်္ကန်းနှင့် ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့အား မြန်မာထမင်းဟင်းများဖြင့် အဟာရဒါန ကျွေးမွေး လှူဒါန်းမည် ဖြစ်ပါသဖြင့် အောက်ပါ အစီအစဉ်တိုင်း တရားတော်နာ ကြွရောက်၍ အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၁၃၇၅ခုနှစ်၊ ဝါဆိုလဆုတ် (၆)ရက်၊ ၂၈-၇-၂၀၁၃၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့
အာဟာရဒါန အလှူရှင် = ဒါဆန်းရွှေညီအစ်ကိုများ
လေးစားစွာဖြင့်..
ကျောင်းအကျိုးဆောင်အဖွဲ့ နှင့် ဒါဆန်းရွှေညီအစ်ကိုများ
0 comments:
Post a Comment