Friday, February 1, 2013

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း စတုတ္ထအကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ အစီအစဉ် အတည်ပြု တင်ပြခြင်း

ကိုရီးယား နှစ်ကူးရက်တွင် ကျရောက်သည့် ကျနော်တို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း နှစ်ပတ်လည် အလှူပွဲတော်အတွက် အစီအစဉ်များကို တင်ပြအပ်ပါသည် ။ 

အဟာရဒါန နှင့် ပင်မအလှူရှင် = ဆောင်ဆောရွှေညီအစ်ကိုများ

နေ့ရက် = ၂၀၁၃ ခုနှစ် ဖေဖ၀ါရီလ ၉ ရက်

ကျွေးမွေးဧည့်ခံချိန် = မနက် ၉:၀၀ မှ ၁၂:၃၀ အထိ

တရားနာချိန် = နေ့လယ် ၁ နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အရုဏ်ဆွမ်း အလှူတော် = ထူးရှယ် ကြေးအိုးဆီချက်
နေ့ဆွမ်းအလှူတော် = အုန်းထမင်းနှင့် ( ကြက်သား + ဆိတ်သား )

ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ် ဘောဇဉ် နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိဿတ် အပေါင်းတို့အားလည်း နံနက်ခင်းမှ စ၍ နေ့လည်ခင်းထိ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည် ။ အထက်ဖေါ်ပြပါ စားသောက်ဖွယ်ရာများ အပြင် လက်ဖက်ရည် ကော်ဖီ ဖျော်ရည် ကိတ်မုန့် သစ်သီး စသည့် ကောင်းနိုးရာရာ ရသာစုံလင်စွာ တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် စီစဉ်တည့်ခင်း မည်ဖြစ်ပါသည် ၊ သို့ပါ၍ မင်္ဂလာရှိသော ကုသိုလ်တရားများနဲ့ အတူ နှစ်သစ်ကို ဖွင့်လှစ်နိုင်ကြဖို့ အလှူတော်ပွဲကို ကြွရောက်ခဲ့ကြပါဦးလို့ ဆုံဆောညီအစ်ကိုများက ခင်မင်လေးစားစွာ ဖိတ်ကြား အပ်ပါသည် ။ 

အုန်းထမင်းကို မြန်မာအလွမ်းပြေ မြန်မာဆန်ဆန် သရက်ချဉ်သုပ်လေးဖြင့် တွဲဖက်သုံးဆောင်နိုင်ရန် အထူးမှာယူ စီစဉ်ထားပါသည် ၊ အုန်းထမင်း မသုံးဆောင်လိုသူများ အတွက်လည်း ဒံပေါက်ထမင်းများ စီစဉ်ထားရှိပါသည် ၊ အကောင်းဆုံး အရသာအရှိဆုံးတို့ကို တွေးတောစီစဉ် ထားပါသဖြင့် ကြွရောက် ကုသိုလ်ယူ ကြပါရန် အလေးအမြတ်ထား၍ ထပ်မံ တိုက်တွန်းနိုးဆော် အပ်ပါသည်ခင်ဗျား ။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster