စုပေါင်း မဟာဘုံကထိန် အလှူပွဲ ဖိတ်ကြားခြင်း
ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ ဟာဘင်း၊ ယူရှင်း၊ ဘုံချွန်းရွှေညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှုတို့ဖြင့် ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အများပေါင်းစုလျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နှီးရပ်ဝေးရှိ ရွှေမြန်မာများအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၁၃၇၄ခု၊ သီတင်းကျွတ်လပြည့်ကျော် (၅)ရက်၊ (4-11-2012)၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = မနက် (၁၀) နာရီမှ နေ့လည် (၂)နာရီအထိ
တရားနာချိန် = နေ့လည် (၁) နာရီ
တရားနာချိန် = နေ့လည် (၁) နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း
အာဟာရ = အထူးစပါယ်ရှယ် မြန်မာဒံပေါက်ထမင်း
အလှူရှင် = ဟာဘင်း၊ ယူရှင်း၊ ဘုံချွန်း ရွှေညီအစ်ကိုများ
မှတ်ချက်။ ။ ကထိန်အလှူပွဲကို မူလက (၁၁)လပိုင်း၊ (၁၁)ရက်နေ့အဖြစ် သတ်မှတ်ထားသော်လည်း ကထိန်ပွဲများ ရက်တိုက်နေသဖြင့် ယခုကဲ့သို့ (၁၁)လပိုင်း (၄)ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပရခြင်း ဖြစ်ပါသည်။
READ MORE......