Sunday, May 15, 2011

တစ်လတစ်ကြိမ်တရားပွဲ၊ရွှေမြန်မာများတွေ့ဆုံပွဲနှင့် မင်္ဂလာဦးဆွမ်းကျွေးကုသိုလ်ပွဲ

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်.....
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်သည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ တွင် ၂၂-၅-၂၀၁၁ ရက်၊တနင်္ဂနွေနေ့ တရားပွဲကို မင်္ဂလာဦးဆွမ်းကျွေး အလှူနှင့်အတူ ကုသိုလ်ပြု မည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။



နေ့ရက်= March 22 – 5 – 2011 (၁၃၇၃ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်)၊ တနင်္ဂနွေနေ့
တရားနာချိန် = နေ့လယ် (၁) နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၂ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster