စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း (ကိုရီးယား)၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသည် ၀ါတွင်း သုံးလ ကာလ ပတ်လုံး မြန်မာနိုင်ငံသို့ ကြွရောက်၍ ၀ါဆိုဝါကပ်ပြုကာ လူငယ် လူရွယ်များနှင့် တပည့် ဒကာ ဒကာမများအား တရားဓမ္မ ဟောပြောဆုံးမ၍ ဘာသာရေးဆိုင်ရာ သင်တန်းများပြသကာ သာသနာပြု လုပ်ငန်းများ လုပ်ဆောင်တော်မူခဲ့ပြီး ယခုအခါ ကိုရီးယားနိုင်ငံ ဒယ်ဂုမြို့ရှိ စိတ္တသုခကျောင်းတော်သို့ ပြန်လည်ကြွရောက်တော်မူ လာပြီဖြစ်ပါသည်။
ဆရာတော် ပြန်လည်ကြွရောက်တော် မူလာပြီ ဖြစ်သဖြင့် ဒယ်ဂုမြို့ရှိ ဘုန်းတော်ကြီးကျောင်း၌ အပတ်စဉ် စနေ့တနင်္ဂနွေနေ့များတွင် ဗုဒ္ဓဘာသာ မြန်မာအများ စုပေါင်းကာ အလှူဒါနပြုခြင်း၊ တရားဟောတရားနာ ပြုခြင်း၊ ဘာသာရေးဆိုင်ရာ မေးမြန်းဆွေးနွေးမှုများပြုခြင်း စသည့် သာသနာပြု လုပ်ငန်းများကိုလည်း ဆရာဒကာ လက်တွဲကာ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည့်အပြင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် အခြားသင့်လျော်သည့် နေ့များတွင်လည်း ကိုရီးယားနိုင်ငံသားများအား ထေရ၀ါဒဓမ္မများကို ဟောပြောပြသ ဖြန့်ဝေသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကိုရီးယားရောက် ရွှေမြန်မာများနှင့် ကိုရီးယားဗုဒ္ဓဘာသာများအား ကျောင်းတော်သို့ ကြွရောက်၍ ဓမ္မအမွေများ ရယူနိုင်ပါမည့်အကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
READ MORE......