Tuesday, July 14, 2009

ဆရာတော် မြန်မာပြည်ကြွရောက်၍ ၀ါဆိုဝါကပ်ပြုတော်မူမည်…


ကိုရီးယားနိုင်ငံ၊ ဒယ်ဂုမြို့၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီး ကျောင်း၏ ပဓာန နာယက ကျောင်းထိုင် ဆရာတော်လည်းဖြစ် မြန်မာနိုင်ငံ၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်း တိုက်၊ သီရိဇေယျုံ ကျောင်း၏ ပဓာန နာယက ဆရာတော် လည်း ဖြစ်သော ဆရာတော် ဦးဝိစိတ္တသည် ယခုနှစ် ၀ါဆိုဝါကပ်ခြင်းကို မြန်မာပြည်ရှိ သီရိဇေယျုံကျောင်းတွင် ပြုမည်ဖြစ်ပြီး ၀ါကျွတ်သည့်အခါ ကိုရီးယားနိုင်ငံသို့ ပြန်လည်ကြွရောက်တော်မူမည် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်သည် ပစ္ဆိမ၀ါခေါ် ဒုတိယ၀ါဆိုအမီ ၀ါဆိုဝါကပ်ပြုနိုင်ရန် ၂၁-၇-၂၀၀၉၊ အင်္ဂါနေ့၊ နံနက် ၁၀နာရီ ၂၀မိနစ် ထိုင်းလေကြောင်းဖြင့် မြန်မာပြည်သို့ ကြွရောက်တော်မူမည် ဖြစ်ကြောင်း တပည့်ဒကာဒကာမ အပေါင်းအား အသိပေးအပ်ပါသည်။

ဆရာတော်မြန်မာပြည်တွင် ရှိနေစဉ် ဆရာတော်အား ဆက်သွယ်လိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြပါသည်။

ဘဒ္ဒန္တ၀ိစိတ္တ
၀၉၅-၀၄၃-၉၄၃ (ဂျီအက်စ်အမ်မ်)
၃၈၃-၇၉၆ (ကျောင်းဖုန်း)

ကျောင်းအကျိုးဆောင်အဖွဲ့
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

 
3 Columns Blogger Template by Amanda at BloggerBuster