သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအား လှုဒါန်းရန် အလှုတော်ငွေများကို လက်ခံရယူခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ၊ ပင်မအလှူရှင်များဖြစ်ကြသော ဒါဆန်း ညီအစ်ကို များအားလည်းကောင်း အဖက်ဖက်မှ နည်းမျိုးစုံဖြင့် ကူညီခဲ့ကြသူများ အားလုံးကိုလည်းကောင်း စိတ္တသုခ ဘုန်းတော်ကြီးကျောင်း အကျိုးတော်ဆောင်အဖွဲ့က အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။ ပြုလုပ်နိုင်ခဲ့သော ကုသိုလ်ကောင်းမှုတို့ကို ကြည်နူးဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် စာရင်းချုပ်များကို တင်ပြအပ်ပါသည် ။
သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း
ဆက်ကပ်လှူဒါန်းပွဲ အလှူငွေ လက်ခံ ရရှိမှု စာရင်း
စဉ်
|
အလှူရှင်
|
အလှူငွေ
(သောင်း)
|
၁
|
ဒါဆန်းညီအစ်ကိုများ မတည်အလှူငွေ
|
၈၆၃
|
၂
|
ကွယ်လွန်သူ မိခင်ကြီး ဒေါ်ညွန့်စိုးအားရည်စူး၍
သားဖြစ်သူ ကိုစည်သူနှင့် ဒါဆန်းညီအစ်ကိုများက စုပေါင်းလှူဒါန်းမှု
|
၄၅
|
၃
|
အရပ်ရပ် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှု
|
၆၁၃
|
စုစုပေါင်း (တစ်ရာငါးဆယ့်နှစ်သိန်း
တစ်သောင်းတိတိ)
|
၁၅၂၁
|
သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း
ဆက်ကပ်လှူဒါန်းပွဲမှ လှူဒါန်းမှု ကုသိုလ်များစာရင်း
စဉ်
|
လှူဒါန်းမှုများ
|
အလှူငွေ
(သောင်း)
|
၁
|
မနာပဒါယီ ဆရာတော် အရှင်စိတ္တ
လေယာဉ်လက်မှတ် အတွက်
|
၁၅၀
|
၂
|
မနာပဒါယီ ဖောင်ဒေးရှင်းသို့
|
၁၀၀
|
၃
|
ဓမ္မရိပ်ငြိမ် ဖောင်ဒေးရှင်းသို့
|
၁၀၀
|
၎
|
မနာပဒါယီဆရာတော် အရှင်ဝိစိတ္တသို့
န၀ကမ္မ ကပ်လှူ
|
၅၀
|
၅
|
ဓမ္မရိပ်ငြိမ် ဆရာတော်
အရှင်ဝေဠုရိယသို့ န၀ကမ္မ
ကပ်လှူ
|
၄၀
|
၆
|
ဒါဆန်းညီအစ်ကိုများက
ဆရာတော်များသို့ န၀ကမ္မ ကပ်လှူ
|
၄၅
|
၇
|
ပင့်သံဃာများသို့ န၀ကမ္မ
ကပ်လှူငွေ
|
၆၀
|
၈
|
အဟာရဒါန
|
၁၄၆
|
၉
|
စိတ္တသုခ ဘုန်းတော်ကြီးကျောင်း
ဘဏ်စာရင်းသို့
|
၈၃၀
|
စုစုပေါင်း ( သိန်းတစ်ရာငါးဆယ့်
နှစ်သိန်း တစ်သောင်းတိတိ)
|
၁၅၂၁
|
ရေဘေးသင့်ပြည်သူများအား လှုဒါန်းရန်
အတွက် ကောက်ခံရရှိသော အလှုတော်ငွေများစာရင်းကို သီးခြား တင်ပြမည်ဖြစ်ပါသည် ။
စည်းလုံးညီညာ ကုသိုလ်ရှာ မြန်မာကို
ကမ္ဘာကသိပါစေ ၊ စိတ္တသုခ ပြည့်စုံကြ ဒုက္ခထွေထွေ ကင်းပါစေ။
ကျေးဇူးတင်စွာဖြင့်
အကျိုးတော်ဆောင်အဖွဲ့
0 comments:
Post a Comment