Monday, July 7, 2014

စိတ္တသုခကျောင်းတော် ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူစာရင်းများ တင်ပြခြင်း



ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့စိတ္တသုခကျောင်းတော်တွင် ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။ ဒါဆန်းရွှေညီအစ်ကိုများက အဟာရဒါနနှင့်တကွ လိုအပ်သည်များကို ပင်မအလှူရှင်များအဖြစ် တာဝန်ယူ၍ ဦးဆောင်လှူဒါန်းခဲ့ကြသည်မှာ ဂုဏ်ယူ ပီတိ ဖြစ်ဖွယ်ရာပင် ဖြစ်ပါသည် ။ ဒါဆန်းညီအစ်ကိုများမှာ စည်းစည်းလုံးလုံးနှင့် သဒ္ဓါတရား ထက်သန်လှပါသည် ၊ တစ်နှစ်ထက်တစ်နှစ် ပို၍ ကုသိုလ်ရေး လုပ်ငန်းများ ပိုပြီး အားကောင်းလာသည်ကို တွေ့မြင်ကြရပါသည် ။ အနယ်နယ် အရပ်ရပ်မှ စိတ္တသုခ မိသားစုဝင် ကုသိုလ်ရှင်များကလည်း အတူတကွ ကုသိုလ်ပါဝင် လှူဒါန်းကူညီခဲ့ကြပါသည် ။
ပြုလုပ်နိုင်ခဲ့သောလှူဒါန်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။ ၀မ်းမြောက်သာဓုခေါ်နိုင်ကြစေရန် ဖြန့်ဝေလိုက်ပါသည် ။



စဉ်
လှူဒါန်းမှုများ
စုစုပေါင်း
(သောင်း)
၁
သံဃာတော် (၅) ပါးသို့ န၀ကမ္မကပ်လှူငွေ
၁၂၅
၂
မနာပဒါယီ ဖောင်ဒေးရှင်း အတွက် လှူဒါန်းငွေ
၅၀
၃
ဓမ္မရိပ်ငြိမ် ဖောင်ဒေးရှင်း အတွက် လှူဒါန်းငွေ
၅၀
၎
မနာပဒါယီ ပညာဒါနကျောင်းအတွက် လှူဒါန်းငွေ
၃၀
၅
ဓမ္မရိပ်ငြိမ်ဆရာတော် ဦးဆောင်သည့် ဓမ္မစကူးလ် အတွက် လှူဒါန်းငွေ
၃၀
၆
အဟာရဒါန အတွက် ကုန်ကျငွေ
၁၀၆
၇
စိတ္တသုခကျောင်း အထွေထွေ ငွေပဒေသာပင် စာရင်းသို့ ထည့်သွင်းငွေ
၉၂၅




ကိုနေ၀င်း (ယုံရှင်း) က သီးခြားလှူဒါန်းငွေ


သံဃာတော် (၅) ပါးသို့ န၀ကမ္မကပ်လှူငွေ
၂၅

မနာပဒါယီ ပညာဒါနကျောင်းအတွက် …. …………. US$ 200.





စုစုပေါင်း ( တစ်ရာသုံးဆယ့်လေးသိန်း တစ်သောင်းတိတိ)
၁၃၄၁


 အလှူရှင်များ စာရင်းချုပ်ကို ဆက်လက်တင်ပြအပ်ပါသည် ။ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။


စဉ်
အလှူရှင်များ
စုစုပေါင်း
(သောင်း)
၁
ဒါဆန်းညီအစ်ကိုများ
၈၁၈
၂
အရပ်ရပ် အလှူရှင်များ
၅၂၃




စုစုပေါင်း  ( တစ်ရာသုံးဆယ့်လေးသိန်း တစ်သောင်းတိတိ)
၁၃၄၁



အဖက်ဖက်မှ နည်းမျိုးစုံဖြင့် ကူညီခဲ့ကြသူများအားလုံးကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျာ ..

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster