Showing posts with label ၅။ မှတ်တမ်းဓါတ်ပုံများ. Show all posts
Showing posts with label ၅။ မှတ်တမ်းဓါတ်ပုံများ. Show all posts

Thursday, November 28, 2013

ဝဲဂွမ်ညီအစ်ကိုများ၏ အလှူပွဲ မှတ်တမ်းပုံများ

ဝဲဂွမ်ညီအစ်ကိုများရဲ့ အလှူပွဲ မှတ်တမ်းပုံများ ဖြစ်ပါတယ် ၊ ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြစေရန်အတွက် တင်ပေးလိုက်ပါတယ်

READ MORE......

Monday, October 28, 2013

စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော် မှတ်တမ်းပုံများ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော် မှတ်တမ်းပုံများကို ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြစေရန်အတွက် တင်ပေးလိုက်ပါတယ်ခင်ဗျာ

READ MORE......

Sunday, October 27, 2013

မျိုးစုံလှူဒါန်း၊ ကုသိုလ်ပန်း၊ ဝမ်းမြောက်ကြည်ရွှင်၊ အတူပန်ဆင်

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်အောင်ပွဲအလှူကို ကိုရီးယားရောက် ရွှေမြန်မာအပေါင်း ညီညာပေါင်းစု၍ ကောင်းမှုပြုကြရာတွင် စုစုပေါင်း အလှူတော်ငွေ ဝမ် သိန်း (၇၀)ကျော်ကို အမျိုးဘာသာ၊ သာသနာအတွက်နှင့် သံဃာတော်များ ပစ္စည်းလေးပါး အလို့ငါ အသီးသီး ခွဲဝေလှူဒါန်း ဖြစ်ခဲ့ကြပါသည်။ ထိုအလှူများကို အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဖြစ်ခဲ့ကြသကဲ့သို့ အချို့ကို အလှူရှင်များကိုယ်စား ကျောင်းအကျိုးဆောင် အဖွဲ့က ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တထံသို့ ဆက်ကပ်လှူဒါန်း ဖြစ်ခဲ့ကြပါသည်။ ယနေ့ (၂၇၊ ၁၀၊ ၂၀၁၃)လှူဒါန်းဖြစ်ခဲ့သည့် အလှူအသီးသီးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ပင့်သံဃာတော်များ ခရီးစရိတ်နှင့် ပစ္စည်းလေးပါး အလှူတော် ဝမ် (၁၅)သိန်း
၂။ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ထာဝရ ငွေပဒေသာပင် အလှူတော် ဝမ် (၂၀သိန်း
၃။ ရန်ကုန်မြို့၊ အိမ်တော်ရာ၊ သီရိဇေယျုံကျောင်း ဆောက်လုပ်ဆဲကျောင်းအလှူတော် ဝမ် (၁၀) သိန်း
၎။ မနာပဒါယီ ဖောင်ဒေးရှင်း ရံပုံငွေအလှူတော် ဝမ် (၁၀) သိန်း
၅။ ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ၏ ခရီးစရိတ်အလှူတော် ဝမ် (၁၀) သိန်း နှင့် ဧည့်ပရိတ်သတ် ကျွေးမွေးလှူဒါန်းမှု အပါအဝင် အထွေထွေ ဝေယျာဝစ္စအလှူအတွက် ဝမ် (၁၀)သိန်းကျော် စသည်ဖြင့် အသီးသီးလှူဒါန်း ဖြစ်ခဲ့ကြပါသည်။ အားလုံ ဝမ်းမြောက်နုမော် သာဓုခေါ်စေသော်။ သာဓု သာဓု သာဓု။

*****အလှူရှင် အသေးစိပ်ရှင်းတမ်းကို ကျောင်းပြန်ကြားရေးမှ မကြာမီ တင်ပြပေးသွားမည် ဖြစ်ပါသည်။






READ MORE......

Tuesday, April 16, 2013

စတုတ္ထအကြိမ် နှစ်သစ်ကူးတရားပွဲ ၊ နှစ်ကူးအလှူပွဲ နှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ မှတ်တမ်းပုံများ

ဒယ်ဂူးမြို့ ၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည့် စတုတ္ထ အကြိမ်မြောက် နှစ်သစ်ကူး တရားပွဲ ၊ နှစ်ဦးကုသိုလ်အလှူပွဲ နှင့် ဇီဝိတဒါန ငါးလွှတ်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ၊ ယခုပွဲအတွက် ပင်မ ကုသိုလ်ရှင်များ ဖြစ်ကြတဲ့ ဂယောင်ဆန်း ဂျီလျန်းဇုံမှ ရွှေညီအစ်ကိုများအပြင် ဇုံအသီးသီးမှ ကုသိုလ်ရှင်များကလည်း ပါဝင်အားဖြည့် ကုသိုလ်ယူခဲ့ကြပါတယ် ၊ ဆရာမများ ကျောင်းသူလေးများ အပါအ၀င် စုံစုံလင်လင် စည်စည်ကားကားနဲ့ လှုပ်ရှားသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးဖွယ်ရာ ကုသိုလ်ပွဲလေး တစ်ခု ဖြစ်ခဲ့ပါတယ် ၊ သာဓု အနုမောဒနာ ခေါ်ဆိုပြီး ကုသိုလ်ပွားနိုင်ဖို့ ၊ မှတ်တမ်လေးတွေအဖြစ်နဲ့ ပြန်ကြည့်နိုင်ဖို့ စတဲ့ .. နိုင်ဖို့ များစွာအတွက် မှတ်တမ်းပုံလေးများကို တင်ပေးလိုက်ရကြောင်းပါခင်ဗျာ ..


READ MORE......

Friday, March 15, 2013

စိတ္တသုခကျောင်း နှစ်ပတ်လည် အထိမ်းအမှတ် အလှူတော် (မြန်မာပြည် မှတ်တမ်းပုံရိပ်အချို့)



တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း (၄)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လှူဒါန်းဖြစ်ခဲ့သည့် မြန်မာပြည်တွင်း ပရဟိတ အလှူတော်ကို ယခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ပလန် ဘုန်းတော်ကြီးသင် ပညာကျောင်းအား ရွေးချယ်လှူဒါန်းဖြစ်ခဲ့ပါသည်။ စိတ္တသုခကျောင်း ဆရာတော်ဥိးဆောင်သည့် ကိုရီးယားရောက် စိတ္တသုခ ဒကာဒကာမများ လှူဒါန်းသည့် ကိုရီးယားဝမ် သိန်း (၂၀)ကို မြန်မာငွေဖြင့် လဲလှယ်ပြီး ရရှိလာသည့် မြန်မာငွေ (၁၅)သိန်းကို ဆရာတော် ကိုယ်တိုင်ကြွရောက်၍ အလှူရှင်များကိုယ်စား ကော့ပလန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် အရှင်ခေမာစာရထံ  (၁၃-၃-၂၀၁၃)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပညာရေး အထောက်အကူပြု အလှူငွေများကို လက်ခံရရှိသဖြင့် ကျောင်းအုပ်ဆရာတော်နှင့် ကရင်အမျိုးသား ကျောင်းသားကျောင်းသူများမှာ ဝမ်းသာအားရ မျက်ရည်များပင် ကျခဲ့ကြပါသည်။ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ သွားရောက်ကာ လှူဒါန်းဖြစ်ခဲ့သည့် အလှူမှတ်တမ်း ပုံရိပ်များကို အလှူရှင်များနှင့် အများတကာ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ပြန်လည်မျှဝေလိုက်ပါသည်။ အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေ…

READ MORE......

Wednesday, February 13, 2013

စိတ္တသုခကျောင်းတော် စတုတ္ထအကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ မှတ်တမ်းပုံများ



READ MORE......

Sunday, November 4, 2012

တတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲ မှတ်တမ်းပုံများ



တတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲ မှတ်တမ်းပုံများ


ယခုကဲ့သို့ တင်ပေးခဲ့သောပုံများကို ကျနော်တို့၏ ကွန်ပြူတာတွင် အချိန်အားဖြင့် နှစ်နှင့်ချီပြီး ကြာသည်အထိ မဖျက်သေးပဲ သိမ်းဆည်း ထားရှိပါသည် ၊ သို့ပါ၍ ကူးယူလိုသူများက ဆက်သွယ်တောင်းယူ နိုင်ပါသည်ခင်ဗျာ..

READ MORE......

Sunday, October 7, 2012

စိတ္တသုခ၏ ဝတ်ရွတ်ပူဇော် ကုသိုလ်တော်နှင့် စုပေါင်းရဟန်းဝတ်ပွဲ မှတ်တမ်းပုံရိပ်များ

ဓာတ်ပုံကိုနှိပ်၍ မူရင်းလင့်တွင် သွားရောက်ကြည့်ရှုပါရန်....

READ MORE......

Wednesday, August 22, 2012

စိတ္တသုခ အဖွဲ့သားများ၏ ရခိုင်ဒေသ အလှူတော် မှတ်တမ်းပုံရိပ်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခဖြစ်ခဲ့ကြသည့် တိုင်းရင်းသား ဒုက္ခသည်များအား တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခကျောင်း ဆရာတော်နှင့် ဒယ်ဂူးမြို့အနီးတစ်ဝိုက်ရှိ မြန်မာဒကာဒကာမများ၏ စုပေါင်းထောက်ပံ့ လှူဒါန်းသည့် အလှူတော် ဝမ် (၄၄)သိန်းကျော်ကို (၁၆-၈-၂၀၁၂)ရက်နေ့တွင် စိတ္တသုခကျောင်း အကျိုးဆောင် အဖွဲ့ဝင် ရခိုင်တိုင်ရင်းသား ကိုသိန်းထွန်းမောင် ကိုယ်တိုင်သွားရောက်၍ လှူဒါန်းခဲ့ပါသည်။ ကိုသိန်းထွန်းမောင်မှ မလှူခင် ဒုက္ခသည်များ၏ လိုအပ်ချက်များကို စုံးစမ်းရာတွင် ပစ္စည်းဝတ္ထုမှာ အလှူရှင် အမျိုးမျိုးက လာရောက်လှူဒါန်းထားသည့်သဖြင့် အထိုက်အလျောက် ပြည့်စုံမှုရှိသော်လည်း ပိုက်ဆံငွေကြေးမှာ ဆေးဝယ်ဖို့တောင် မရှိဘဲ ဖြစ်ရတဲ့အကြောင်း သိရှိရတဲ့အတွက် ဒုက္ခသည် အိမ်ထောင်စု ၅၉၈ကို အချိုးကျ ခွဲဝေပြီး တစ်အိမ်လျင် (၄၀၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း အကြောင်းပြန်လာပါသည်။ မှတ်တမ်းဓာတ်ပုံများလည်း ပူတွဲတင်းပြလာပါသည်။ ဒုက္ခသည်များမှာ ဝမ်းသာလွန်းသဖြင့် ကိုရီးယားရောက် အလှူရှင်များအတွက် ဆုတောင်းမေတ္တာများလည်း အကြိမ်ကြိမ်ပို့သကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ကိုသိန်းထွန်းမောင်မှ ပေးပို့လာသည် မိမိတို့၏ အလှူမှတ်တမ်း ပုံရိပ်များကို ဝမ်းသာပီတိ ဖြစ်စေရန် တင်ပြလိုက်ပါသည်။ 
အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ…
 


READ MORE......

Wednesday, August 15, 2012

စတုတ္ထအကြီမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မှတ်တမ်းပုံများ

စတုတ္ထအကြီမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ၊ အလှူပွဲကြီးဖြစ်တာမို့ လာရောက်သူ တော်တော်များပါတယ် ၊ အထူးသဖြင့် ကိုရီးယားကို ရောက်တာမကြာသေးတဲ့ မျာက်နှာသစ်လေးတွေ အများအပြားလာရောက်တာကို တွေ့ရတဲ့အပြင် နွေရာသီ အလုပ်ပိတ်ရက်မှာ အပန်းဖြေ ခရီးသွားနေသူတွေတောင် ပြန်လာခဲ့ပြီး အလှူပွဲကို အမှီ အပြေးအလွှား လာရောက်ကြတာကို မြင်တွေ့ရတဲ့အခါ အံ့သြ၀မ်းသာ ပိတီဖြာရပါတယ် ၊ အဟာရဒါန ပြုကြတဲ့ ဒါဆန်းရွှေညီအစ်ကိုများကလည်း ရွှင်လန်းတက်ကြွ နေကြနေပါတယ် ၊ အနှစ်သာရ ရှိလှတဲ့ တရားတော်ကို နာယူရတဲ့အတွက် အလွန်ပဲ ကျေးဇူးများလှပါတယ် ။

ရင်းနှီးခင်မင်ကြသူတွေကြားမှာ ပူပင်မှုတွေ ပျော်ရွှင်မှုတွေဟာ ကူးစက်တတ်တဲ့သဘောရှိတယ်လို့ ကျနော်ကြားဖူးခဲ့ပါတယ် ၊ အဲဒီလိုပဲ ကုသိုလ်ရေးတွေမှာလည်း သာဓုခေါ်ရင်း ကြည်နူးပီတိဖြစ်ရင်းနဲ့ ကူးဆက်နိုင်တယ်လို့ ကျနော်ယုံကြည်မိပါတယ် ၊ အဲဒါကြောင့်ပဲ ကြည်နူးဖွယ်ရာ ပီတိဖြစ်ဖွယ်ရာ သာဓုခေါ်ဖွယ်ရာ ဟောဒီမှတ်တမ်းပုံလေးများကို တင်ပေးလိုက်ပါတယ်ခင်ဗျာ..

READ MORE......

Monday, July 30, 2012

ဂျူလိုင်လ အလှူတော်ပွဲ မှတ်တမ်းပုံရိပ်များ

ဒီတစ်ပတ်ရဲ့ ဓါတ်ပုံလေးများကိုတော့ ကြယ်ပွင့်လေးများရဲ့ ဒိုင်ယာယီလို့ နာမည်ပေးထားလိုက်ချင်ပါတယ် ၊ ထယ်ဂယောင်ဆန်အော့ (태경산업) က ညီငယ်လေးတွေရဲ့ အလှူပွဲ မှတ်တမ်း ပုံရိပ်လေးတွေ ဖြစ်ပါတယ် ၊ 

(၁) သဒ္ဓါဒါန = ရတနာသုံးပါ၏ဂုဏ်၊ ကံ-ကံ၏အကျိုး၊ ဤနှစ်မျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း
(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် မွန်မြတ်အောင် ပြုလုပ်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလျက်လှူခြင်း
(၃) ကာလဒါန = အချိန်အခါနှင့်သင့်လျော်အောင် လှူဒါန်းခြင်း
(၄) အနဂ္ဂဟိတဒါန= လှူဖွယ်ဝတ္ထုအပေါ် မတွယ်တာ မကပ်ငြိဘဲ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း
(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်မပျက်ပြား မထိပါးစေဘဲ လှူဒါန်းခြင်း ၊

 စတဲ့ သူတော်ကောင်းတို့ ဒါနပြုရာ မှာ ကျင့်သုံးတဲ့ သပ္ပုရိသဒါနသုတ်လာ ဒါနမူ (၅) ချက် နဲ့ ကိုက်ညီစွာ လှူဒါန်းခဲ့ကြတာကို မြင်တွေ့ကြရပါတယ် ။ အဲဒါကြောင့်ပဲ သာဓု အကြိမ်ကြိမ်ခေါ်ရင်းနဲ့ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်ဗျာ..

READ MORE......

Saturday, July 28, 2012

စိတ္တသုခကျောင်း ကိုရီးယားသင်တန်း မှတ်တမ်းအချို့

READ MORE......

Thursday, June 7, 2012

တိပိဋကဓရ ဆရာတော်အား ပူဇော်ပွဲနှင့် အထူးတရားပွဲ မှတ်တမ်းပုံများ


ကုသိုလ်အမှု (၁၀)ခု ရှိတယ်လို့ ကျနော်ဖတ်ဖူးခဲ့ပါတယ် ၊ အဲဒါတွေကတော့

(၁) ဒါနကုသိုလ် ---------------- စွန့်ကြဲ...ပေးကမ်းလှူဒါန်းခြင်း
(၂) သီလကုသိုလ် -------------- မိမိကိုယ်နှင့် နှုတ်ကို အပြစ်ကင်အောင်စောင့်စည်းခြင်း
(၃) ဘာဝနာကုသိုလ် ----------- တရားအာထုတ်ခြင်း
(၄) အပစာယနကုသိုလ် -------- ရိုသေထိုက်သူကို ရိုသေခြင်း
(၅) ဝေယျာဝစ္စကုသိုလ် --------- သူတစ်ပါး၏ အပြစ်ကင်းတဲ့ ကိစ္စကြီးငယ်ကို လုပ်ကိုင်ပေးခြင်း
(၆) ပတ္တိဒါနကုသိုလ် ------------ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေခြင်း
(၇) ပတ္တာနုမောဒနကုသိုလ် ----- သူတစ်ပါးကုသိုလ်ပြုက ၀မ်းမြောက်ခြင်း
(၈) ဓမ္မဿဝနကုသိုလ် ---------- တရားနာခြင်း၊ ဘာသာရေးစာပေများ ဖတ်ရှုခြင်း
(၉) ဓမ္မဒေသနာကုသိုလ် --------- တရားဟော၊ တရားပြ၊ စာချခြင်း
(၁၀) ဒိဋ္ဌိကမ္မကုသိုလ် ------------ အယူကို ဖြောင့်မှန်အောင်ယူခြင်း တို့ပါပဲ ၊

အဲဒီအထဲကမှ ကုသိုလ် (၈) မျိုးလောက်ကို ကျနော်တို့ ပြုဖြစ်ခဲ့ကြပါတယ် ၊ “ဒေဂူးက မြန်မာတွေ စည်းလုံး ညီညွတ်ကြတယ် ဆိုတာ ကြားရပါတယ်” ဆိုတဲ့ တိပိဋကဓရ ဆရာတော် ဘုရားကြီးရဲ့ ချီးကျူးစကားကလည်း ကျနော်တို့ စိတ္တသုခ အဖွဲ့သားတွေကို ရှေ့ဆက်ပြီး ကုသိုလ်ရေးတွေ အရှိန်မပျက် လုပ်နိုင်ဖို့အတွက် အားတက်စေပါတယ် ၊ လူတွေဟာ ကိုယ့်သမိုင်းကိုယ် ရေးကြတယ်တဲ့ ၊ သမိုင်းဆိုတာ သင်္ခန်းစာ ယူစရာတွေရှိသလို ဂုဏ်ယူစရာတွေလည်း ရှိတတ်တယ် မဟုတ်ပါလား ၊ ကျနော်တို့သမိုင်းရဲ့ ဟောဒီ အချိန်ကာလ လေးကို ကြည့်မယ်ဆိုရင် အမျိုးဘာသာ သာသနာအတွက် ကိုယ်စွမ်းနိုင်သလောက် လုပ်ခဲ့ကြတာ ဂုဏ်ယူစရာပါ ၊ Every picture tells a story ဆိုတဲ့ စကားလေးတစ်ခု ရှိတယ် ၊ ဟောဒီပုံလေးတွေက ကျနော်တို့သမိုင်းရဲ့ လှပတဲ့ တစိတ်တဒေသကို ပြောပြနေမှာကတော့ အသေအချာပါပဲ..

READ MORE......

Sunday, January 8, 2012

မနာပ ဒါယီစာကြည့်တိုက် ဖွင့်ပွဲ မှတ်တမ်းပုံရိပ်များ

မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ၏ ဦးဆောင်မတည် လှူဒါန်းမှု၊ ကိုရီးယားရောက် စိတ္တသုခ ဒကာဒကာမများ၏ အဆောက်အအုံ အလှူ လှူဒါန်းမှုတို့ဖြင့် အကောင်အထည်ဖော် ပေါ်ပေါက်လာခဲ့သည့် မနာပဒါယီ စာကြည့်တိုက်အလှူပွဲနှင့် ဖွင့်ပွဲကို (၁-၁-၂၀၁၂)ရက်နေ့ နှစ်သက်အခါသမယ၌ ဆရာတော်၏ ဇာတိဒိုက်ဦးတွင် အောင်မြင်စွာ ဖွင့်လှစ်လှူဒါန်းနိုင်ခဲ့ပါသည်။ အများပေါင်းစု၍ ကောင်းမှုပြုခဲ့သည့် စာကြည့်တိုက်အလှူ ဖွင့်ပွဲဓာတ်ပုံများကို အများသဒ္ဓါ မုဒိတာပွားနိုင်ဖို့ အသိပေးတင်ပြလိုက်ပါသည်။ အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ...



manapadayi-library - how to create a free slideshow

READ MORE......

Friday, October 28, 2011

ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာ ဘုံကထိန် အလှူတော် အခမ်းအနား မှတ်တမ်းပုံရိပ်များ

READ MORE......

Thursday, September 15, 2011

စိတ္တသုခ အဖွဲ့သားများ၏ ဆောရပ်ဆန် (설악산) ခရီး မှတ်တမ်း ပုံရိပ်များ

ကိုဝင်းနိုင်ဦး (ပြန်ကြာရေးမှူး)မှ မှတ်တမ်းတင်ဖော်ပြပါသည်။

ချူဆောက်ပိတ်ရက် (၁၃-၉-၂၀၁၁) ရက်နေ့တုန်းက စိတ္တသုခ ဆရာတော်နဲ့တကွ ကျောင်းအကျိုးဆောင်များနဲ့ အဖွဲ့သားများဟာ ဂန်ဝမ်ဒို (강원도) ဒေသရှိ နာမည်ကြီး ဆောရပ်ဆန် (설악산) အပါအ၀င် 산 척၊ 명덕 စတဲ့ ပင်လယ်ကမ်းခြေ နေရာများကို အပန်းဖြေခရီးသွားခဲ့ကြပါတယ် ၊ သာယာလှပတဲ့ ရှုခင်းများကို ကြည့်ရှုခဲ့ရသလို လတ်ဆတ်အေးမြတဲ့ တောင်ပေါ်လေနဲ့ ပင်လယ်လေတို့ကိုလည်း ရှုရှိုက်ခဲ့ရပါတယ် ၊ မီတာ (၇၀၀) အမြင့်ကို cable car နဲ့ တက်သွားရတာကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ၊ တောင်ခြေမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တော်ကြီးကိုလည်း ဖူးမျှော်ခဲ့ရတဲ့အတွက် ကုသိုလ်တွေလည်း ရခဲ့ပါတယ်လို့ ပြောနိုင်ပါတယ် ။ ဓါတ်ပုံ ၀ါသနာရှင်များအတွက်ကတော့ ပိုလို့တောင် ရင်ခုန်ခဲ့ကြလိမ့်မယ်လို့ထင်မိပါတယ် ၊ အကြောင်းကတော့ ဂယ်မြောင်တက္ကသိုလ် 겨몡대학교မှ Slovenia ကျောင်းသူလေး မခဲယာ (နာမည်ကို သေချာမမှတ်မိပါ) ကလည်း လိုက်ပါလာတဲ့အတွက် ကျနော်တို့ မင်းသားများနဲ့ တစ်လှည့်စီတွဲပြီး ဓါတ်ပုံလေးတွေ ရိုက်ခဲ့ကြတာ အမှတ်ရစရာပါ ။ ဒီတစ်ခေါက် အပန်းဖြေခရီးဟာ အချိန်နီးကပ်မှ စီစဉ်လိုက်ရတဲ့အတွက် အကျိုးဆောင်အဖွဲ့ဝင်တွေ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ကြိုတင်ပြီး အသိမပေးလိုက်ရပါဘူး ၊ ဒါကြောင့်မို့ ပိတ်ရက်ခရီးစဉ်ဆွဲပြီးသူတွေ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်စီစဉ်ပြီးသူတွေ မပါဝင်လိုက်ရသလို ဖြစ်သွားပါတယ် ၊ နောက်အစီအစဉ်များမှာတော့ အခုထက်ပိုပြီး ကြိုကြိုတင်တင် ဖိတ်ကြားမယ်လို့ ဆုံးဖြတ်ထားပါတယ် ၊ တကယ်တော့ ဒီခရီးစဉ်ဟာ အပျော်သဘောသက်သက်မဟုတ်ပဲနဲ့ ကျနော်တို့ အဖွဲ့သားတွေ ၊ သူငယ်ချင်းတွေ အချင်းချင်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နဲ့ နီးနီကပ်ကပ် ရှိနေကြစေလိုတဲ့အတွက် စုပေးတဲ့ ( Gathering လုပ်တဲ့ ) သဘောမျိုးပါ ။ အနှစ်ချုပ်အားဖြင့်တော့ ပျော်ရွှင်အောင်မြင်တဲ့ ခရီးစဉ်တစ်ခုကို ကျနော်တို့ သွားခဲ့ကြတာဖြစ်ပါတယ် ။ အခု ဒီမှာတင်ထားတဲ့ ဓါတ်ပုံတွေထဲက ရယူလိုသူများ / ဖျက်ပေးလိုသူများ ကျနော့်ကို ဆက်သွယ်ပါခင်ဗျား


Cittasukha First Tour - picture slideshow

READ MORE......

Sunday, August 21, 2011

စိတ္တသုခ အဖွဲ့သားများ၏ မြန်မာပြည်အလှူ ပုံရိပ်မှတ်တမ်း

ကိုရီယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်းဆရာတော် နှင့် ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်သည့် စိတ္တသုခ အဖွဲ့သားများ၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အကြောင်းပြု၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဂရိမုန်တိုင်းဒဏ် ခံခဲ့ရသည့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင်လည်း သံဃာတော်အပါး (၂၀)ကျော်အတွက် ဝါဆိုသင်္ကန်းအလှူ၊ ကျောင်းသူကျောင်းသား အယောက် (၄၀)အတွက် ပညာရေးအလှူ၊ တစ်နေ့တာဆွမ်းအလှူနှင့် ကျောင်းအလှူတော် စသည်ဖြင့် ကိုရီးယားဝမ် သိန်း (၂၀)ကျော် (မြန်မာငွေ ၁၅သိန်းတိတိ)ကိုပါ ပေးပို့လှူဒါန်းနိုင်ခဲ့ကြပါသည်။ ထိုအလှူနဲ့ပတ်သက်၍ မှတ်တမ်းပေးပို့မှု အခက်အခဲများကြောင့် တင်ပြရန် အနည်းနောက်ကျသော်လည်း ယခုရရချင်း စိတ္တသုခ ဒကာဒကာမများ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေဖို့ အလှူမှတ်တမ်းပုံရိပ်များကို တင်ပြအပ်ပါသည်။ နောက်နောင်လည်း နှစ်စဉ်တစ်နှစ်ကို (၂)ကြိမ်ခန့် မြန်မာပြည်ရှိ လိုအပ်သည့် နေရာများကို စုပေါင်းပြီး လှူဒါန်းကြမည် ဖြစ်သဖြင့် စိတ္တသုခ ဒကာဒကာမများ၏ အလှူများသည် ကိုရီးယားနိုင်ငံတွင်သာမက မြန်မာပြည်တွင်းသို့ပင် အကျိုးပြုပေးနေမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။


မှတ်တမ်းဓာတ်ပုံများကို READ MORE... နှိပ်ပြီး ဆက်လက်ကြည့်ရှုနိုင်ပါသည်။










READ MORE......

Sunday, July 17, 2011

စိတ္တသုခ ဒကာဒကာမများ၏ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မှတ်တမ်းဓာတ်ပုံများ


သတင်းအပြည့်အစုံကို မကြာမီတင်ပြပေးပါမည်

READ MORE......

Thursday, June 9, 2011

၂၀၁၁ မြန်မာစာပေဟောပြောပွဲ(ကိုရီးယား) မှတ်တမ်းဓါတ်ပုံများ

ကိုရီးယား နိုင်ငံရောက် မြန်မာစာပေချစ်မြတ်နိုးသော လူငယ်များ စုပေါင်းကျင်းပသည့် ၂၀၁၁ ကိုရီးယား စာပေပွဲ ကျင်းပပုံ မှတ်တမ်း ဓါတ်ပုံများ (၅-၆-၂၀၁၁၊ဘူချွန်းမြို့၊ကိုရီးယားနိုင်ငံ)


အလုပ်မအား၊အင်တာနက် အဆင်မပြေ နောက်ကျနေတာတွေ ခွင့်လွတ်ပါ....(ကိုဝင်းလတ်)

READ MORE......

Sunday, May 15, 2011

ဆူဝမ် မြန်မာသူကြီးဆိုင် တရားပွဲ ပုံရိပ်မှတ်တမ်း

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster