Showing posts with label ၉။ ဖိတ်စာ. Show all posts
Showing posts with label ၉။ ဖိတ်စာ. Show all posts

Tuesday, January 13, 2015

မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ



တောင်ကိုရီးယားနိုင်၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်း (မနာပဒါယီ ပညာရေးစင်တာ)တို့၏ ပဓါနနာယကဆရာတော် ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မကထိက မနာပဒါယီ အရှင်ဝိစိတ္တ (ကိုရီးယား) ၏ သက်တော် (၄၀)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်ကို ကျောင်းအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှု၊ စိတ္တသုခ ညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှု၊ ကိုရီးယားရောက် ရွှေမြန်မာများ၏ သဒ္ဓါကြည်ဖြူ ကုသိုလ်ယူမှုတို့ဖြင့် အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၃၇၆ခု၊ ပြာသိုလ်လပြည့်ကျော် (၁၄)ရက်၊ 18-1-2015 တနင်္ဂနွေနေ့

ဧည့်ခံချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ

တရားနာချိန် = နေ့လယ် (၁) နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့

အာဟာရဒါန အလှူရှင် = စိတ္တသုခရွှေညီအစ်ကိုများ

မှတ်ချက်။ ။ စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့သည် ပဓာန နာယက ဆရာတော်၏ မွေးနေ့အလှူပွဲအား ယခုနှစ်မှစတင်ကာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားပါသဖြင့် စိတ္တသုခနွယ်ဖွား ရွှေမြန်မာများအနေဖြင့် အတူတကွ ပူပေါင်းပါဝင် ကုသိုလ်တော်ပန်ဆင်နိုင်ကြစေရန် အသိပေးဖိတ်ခေါ် တိုက်တွန်းအပ်ပါသည်။

လေးစားစွာဖြင့် ...

ကျောင်းအကျိုးဆောင်အဖွဲ့

READ MORE......

Monday, April 7, 2014

မြန်မာ့နှစ်ကူးအလှူပွဲတော်နှင့် တိပိဋကဓရဆရာတော်ပူဇော်ပွဲ ရေစက်ချအနုမောဒနာတရားပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ၊ ဒယ်ဂုမြို့၊ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုရီးယားရောက် ရွှေမြန်မာများ စုပေါင်း၍ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် မြန်မာ့နှစ်သစ်ကူးအလှူပွဲတော်ကို ယခုနှစ်လည်း အောက်ပါအစီအစဉ်အတိုင်း စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ယခုနှစ်၏ အထူးအစီအစဉ်အနေဖြင့် ဆဌမြောက်တိပိဋကဓရသာသနာ့အာဇာနည် အရှင်သူမြတ်ဖြစ်သော ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသအရှင်သူမြတ် ကြွရောက်၍ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြှင့်မည် ဖြစ်ပါသောကြောင့် အနီးအဝေးမှ ကိုရီးယားရောက်ရွှေမြန်မာများ ကြွရောက်နိုင်ကြဖို့ရန် မေတ္တာရှေ့ထား ဖိတ်ကြားပါသည်။

ကျောင်းအကျိုးဆောင် အဖွဲ့များ၊ ဝေယျာဝစ္စအဖွဲ့များအနေဖြင့် ထူးထူးကဲကဲ ကုသိုလ်ပွဲဝယ် တူညီဝတ်စုံများ ၀တ်ဆင်၍ စုံညီစွာတက်ရောက်ကုသိုလ်ယူနိုင်ကြပါရန်လည်း ဆရာတော်မှ တိုက်တွန်း နှိုးဆော်ထားပါသည်။

အလှူတော်မင်္ဂလာ အစီအစဉ်

နေ့ရက် = ၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း (၁၄)ရက်(၁၃-၄-၂၀၁၄) တနင်္ဂနွေ၊ မဟာသင်္ကြန် အကြိုနေ့

ဧည့်ခံချိန် = နံနက် (၉)နာရီမှ (၁၂)နာရီ တရားနာချိန် = နေ့ (၁) နာရီတိတိ

အကျွေးအမွေး = မြန်မာ့ရိုးရာ အစားအစာများ

 အလှူရှင် = ဂယောင်ဆန်၊ ဂျီလျန်း ရွှေညီအစ်ကိုများ


 စည်းလုံးညီညာ ကုသိုလ်ရှာ မြန်မာကမ္ဘာသိပါစေ ၊ စိတ္တသုခ ပြည့်စုံကြ ဒုက္ခထွေထွေ ကင်းပါစေ။

 

READ MORE......

Thursday, February 20, 2014

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း ရွှေမြန်မာ တွေ့ဆုံပွဲနှင့် လစဉ်စုံညီ အစည်းအဝေး ဖိတ်ကြားလွှာ


ဒယ်ဂူးမြို့ စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့ဝင်များ ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ ၊ ဝတ်အဖွဲ့ဝင်များနှင့် ကျောင်းတော်ကြီး လစဉ်ဝေယျာဝစ္စ အလှူရှင်များ၏ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီအစည်းအဝေးနှင့် အလှူတော်ကို တူပျော်ညီညာ ပြုလုပ်ကြမည် ဖြစ်ပါသဖြင့် စိတ္တသုခ အဖွဲ့သားများနှင့် ရပ်နီးရပ်ဝေးရှိ ချစ်ညီအစ်ကို အပေါင်းတို့အား  ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၃ -၂ -၂၀၁၄ (၁၃၇၅ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၉)ရက်)၊ တနင်္ဂနွေနေ့

တရားနာချိန် = နေ့လယ် (၁)နာရီ

ဧည့်ခံချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၃)နာရီအထိ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အကျွေးအမွေး = မြန်မာထမင်းဟင်း 


မြန်မာထမ်းဟင်းကို  ဆိတ်သားနှပ် ၊ ဘဲသားအချိုချက် ၊ ယိုးဒယားချဉ်ဟင်း ၊ ပဲနှပ်အဆိမ့်  စသည့် ကောင်းနိုးရာရာ ဟင်းလျာပေါင်း မြောက်များစွာကို နာမည်ကောင်း လက်မှတ်ရ စိတ္တသုခ စားဖိုမှူးကြီးများက မေတ္တာ စေတနာ စသည့် အရသာများ ပေါင်းစပ် ချက်ပြုတ်ပြီး တည်ခင်းဧည့်ခံကြမည် ဖြစ်ပါသည် ၊ သို့ပါ၍ ကြွရောက်ကြပါရန် ထပ်မံနှိုးဆော်အပ်ပါသည်။

READ MORE......

Sunday, January 19, 2014

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း (၅) နှစ်ပြည့် နှစ်ပတ်လည် အလှူပွဲတော် ဖိတ်ကြားလွှာ



ကိုရီးယား နှစ်ကူးရက်တွင် ကျရောက်သည့် ဒယ်ဂူးမြို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း နှစ်ပတ်လည် အလှူပွဲတော်အတွက် အစီအစဉ်များကို တင်ပြအပ်ပါသည် ။

 အဟာရဒါန နှင့် ပင်မအလှူရှင် = ဆောင်ဆောရွှေညီအစ်ကိုများ

 နေ့ရက် = ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ၃၁ ရက်

 ကျွေးမွေးဧည့်ခံချိန် = မနက် ၉:၀၀ နာရီ မှ ၁၂:၃၀ နာရီ အထိ

 တရားနာချိန် = နေ့လယ် ၁ နာရီ

 နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အဟာရဒါန = အထူးရှယ် ကြက်သား ဒန်ပေါက်

 ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ် ဘောဇဉ် နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိသတ် အပေါင်းတို့အားလည်း နံနက်ခင်းမှ စ၍ နေ့လည်ခင်းထိ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည် ။ အထက်ဖေါ်ပြပါ စားသောက်ဖွယ်ရာများ အပြင် လက်ဖက်ရည် ကော်ဖီ ဖျော်ရည် ကိတ်မုန့် သစ်သီး စသည့် ကောင်းနိုးရာရာ ရသာစုံလင်စွာ တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် စီစဉ်တည့်ခင်း မည်ဖြစ်ပါသည် ၊ သို့ပါ၍ မင်္ဂလာရှိသော ကုသိုလ်တရားများနဲ့ အတူ နှစ်သစ်ကို ဖွင့်လှစ်နိုင်ကြဖို့ အလှူတော်ပွဲကို ကြွရောက်ခဲ့ကြပါဦးလို့ ဆုံဆောညီအစ်ကိုများက ခင်မင်လေးစားစွာ ဖိတ်ကြား အပ်ပါသည် ။ 

 ဒံပေါက်ထမင်းကို မြန်မာဆန်ဆန် သရက်ချဉ်သုပ်လေးဖြင့် တွဲဖက်သုံးဆောင်နိုင်ရန် အထူးမှာယူ စီစဉ်ထားပါသည် ၊ အကောင်းဆုံး အရသာအရှိဆုံးတို့ကို တွေးတောစီစဉ် ထားပါသဖြင့် ကြွရောက် ကုသိုလ်ယူ ကြပါရန် အလေးအမြတ်ထား၍ ထပ်မံ တိုက်တွန်းနိုးဆော် အပ်ပါသည်ခင်ဗျား ။

လေးစားစွာဖြင့်..

ဆုံဆောရွှေညီအစ်ကိုများ 

READ MORE......

Sunday, December 15, 2013

ကိုလေးနိုင်(ယုံအန်း) ၏ ဖခင်ရည်စူးကုသိုလ်ထူး နှင့် လစဉ်ရွှေမြန်မာစုံညီပွဲ ဖိတ်ကြားခြင်း

စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် လစဉ် ကျင်းပမြဲဖြစ်သော ရွှေမြန်မာတွေ့ဆုံပွဲကို (၂၂-၁၂-၂၀၁၃) (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်ပါသည် ။ ယင်းရွှေမြန်မာတွေ့ဆုံပွဲတွင် ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးမောင်ကျော်အား ရည်စူး၍ သားဖြစ်သူ ကိုလေးနိုင် (ယုံအန်းစက်မှုဇုန်) ၏ ဖခင်ရည်စူး ကုသိုလ်အလှူထူးတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းလျက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း အထူးစပါယ်ရှယ် ကြာဇံချက်ဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမည်ဖြစ်ပြီး လှူဒါန်းမှု အစုစုတို့ကို ဖခင်ကြီးနှင့်တကွ (၃၁)ဘုံ ရှိရှိသမျှ သတ္တဝါအပေါင်းတို့အား ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေး မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေဖို့ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက် = ၂၂ - ၁၂ -၂၀၁၃ (တနင်္ဂနွေနေ့)

ဧည့်ခံကျွေးမွေးချိန် = နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီအထိ

တရားနာချိန် = နေ့လယ် (၁)နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

ဖိတ်ကြားသူ လေးစားစွာဖြင့် .. ကိုလေးနိုင် နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့

READ MORE......

Saturday, November 16, 2013

ဝဲဂွမ် ညီအစ်ကိုများ၏ အလှူပွဲနှင့် ရွှေမြန်မာ စုံညီပွဲ ဖိတ်ကြားခြင်း



ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ၊ ဝတ်အဖွဲ့ဝင်များနှင့် ကျောင်းတော်ကြီး လစဉ်ဝေယျာဝစ္စ အလှူရှင်များ၏ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီအစည်းအဝေးနှင့် ၀ဲဂွမ် စက်မှုဇုန် မှ ရွှေညီအစ်ကိုတို့၏ ကုသိုလ် အလှူတော်ကို တူပျော်ညီညာ ပြုလုပ်ကြမည် ဖြစ်ပါသဖြင့် စိတ္တသုခ အဖွဲ့သားများနှင့် ရပ်နီးရပ်ဝေးရှိ ချစ်ညီအစ်ကို အပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



နေ့ရက် = 24-11-2013၊ တနင်္ဂနွေနေ့ (၁၃၇၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၇)ရက်)

ဧည့်ခံချိန် = မနက် (၈)နာရီမှ (၁၂)နာရီအထိ

နေရာ= စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူး၊ ကိုရီးယား

အဟာရဒါန အလှူရှင် = ၀ဲဂွမ် ညီအစ်ကိုများ


အထူးစပါယ်ရှယ် စီမံချက်ပြုတ်အပ်သော မြန်မာ ထမင်းဟင်းတို့ဖြင့် လှူဒါန်းဧည့်ခံပါမည်။

လေးစွားစွာဖြင့် ..
ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ၀ဲဂွမ် ညီအစ်ကိုများ
 


READ MORE......

Sunday, October 20, 2013

စိတ္တသုခကျောင်း စုပေါင်း ကထိန်အောင်ပွဲအလှူ ဖိတ်ကြားခြင်း

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ ၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်း ရွှေမြန်မာညီအကိုများ၏ မတည်လှူဒါန်းမှူနှင့် အဝေးအနီး အသီးသီး၌ ရှိကြကုန်သော စေတနာရှင် ရွှေမြန်မာ အပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် ကောင်းမှုအစု ကြိုစားပြုမည့် စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်း တို့အား အတူတကွ ကုသိုလ်တော်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = 27-10-2013 
၁၃၇၅ခုနှစ်၊ သီတင်းကျွတ်လပြည့် ()ရက်၊ တနင်္ဂနွေနေ့

ဧည့်ခံချိန် = မနက် ()နာရီမှ၊ နေ့လယ် ()နာရီအထိ

တရားနာချိန် = နေ့လယ် ()နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့ 

မှတ်ချက်။  ။ အာဟာရ အလှူရှင်များဖြစ်ကြသည့် ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်းရွှေညီအကိုများမှ အထူးစပါယ်ရှင် ထောပတ်ထမင်းဖြင့် အလှူဒါနပြုကာ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကျောင်းအကျိုးဆောင် အဖွဲ့နှင့်
ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်းညီအကိုများ

READ MORE......

Tuesday, October 1, 2013

၂၀၁၃/ ၂၀၁၄ခုနှစ်၊ စိတ္တသုခကျောင်း လစဉ်တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ

၂၀၁၃/ ၂၀၁၄ခုနှစ်၊ စိတ္တသုခကျောင်း လစဉ်တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ

ကျင်းပမည့် လနှင့်နေ့ရက်များ
October (2013)
- 27-10-2013 (၁၃၇၅ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ()ရက်)၊ တနင်္ဂနွေနေ့
(စတုတ္ထအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အောင်ပွဲ၊ ယူရှင်းဟာဘင်း၊ ဘုံချွန်း ရွှေညီအစ်ကိုများ မတည်လှူဒါန်း)
November (2013)
- 24-11-2013 (၁၃၇၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ()ရက်)၊ တနင်္ဂနွေနေ့
(လစဉ်တရားပွဲနှင့် ရွှေမြန်မာ စုံညီပွဲ)
December (2013)
- 29-12-2013 (၁၃၇၅ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၂)ရက်၊ တနင်္ဂနွေနေ့
(၂၀၁၄ နှစ်သစ်အကြို ကုသိုလ်ပွဲ၊ ပိတ်ရက်အနေအထားအရ ရက်ပြောင်းနိုင်သည်)
January (2014)
-31-1-2014 (၁၃၅၇ခုနှစ်၊ တပို့တွဲလဆန်း ()ရက်)၊ တနင်္ဂနွေနေ့
(ကျောင်းတည်ထောင်ခြင်း ()နှစ်ပြည့် အထိမ်းအမှတ် အလှူပွဲ၊ ဆောင်ဆောရွှေညီအစ်ကိုများ မတည်လှူဒါန်း)
February (2014)
- 23-2-2014 (၁၃၇၅ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ()ရက်) တနင်္ဂနွေနေ့
(လစဉ်တရားပွဲနှင့် ရွှေမြန်မာစုံညီပွဲ)
March (2014)
-23-3-2014 (၁၃၇၅ခုနှစ်၊ တပေါင်းလပြည့်ကျော် ()ရက်)၊ တနင်္ဂနွေနေ့
(တရားပွဲနှင့် ရွှေမြန်မာစုံညီပွဲ)
April (2014)
- 20-4-2014 (၁၃၇၆ခုနှစ်၊ တန်ခူးလပြည့်ကျော် ()ရက်) တနင်္ဂနွေနေ့
(မြန်မာနှစ်သစ်ဦး အလှူပွဲနှင့် ဇီဝိတဒါနပွဲ၊ ဂယောင်ဆန်၊ ဂျီလျန်းရွှေညီအစ်ကိုများ မတည်လှူဒါန်း)
May (2014)
-25-5-2014 (၁၃၇၆ခုနှစ်။ ကဆုန်လပြည့်ကျော် (၁၂)ရက်)၊ တနင်္ဂနွေနေ့
(လစဉ်တရားပွဲနှင့် ရွှေမြန်မာစုံညီပွဲ)
June (2014)
-22-6-2014 (၁၃၇၆ခုနှစ်၊ နယုန်လပြည့်ကျော် (၁၀)ရက်) တနင်္ဂနွေနေ့
(လစဉ်တရားပွဲနှင့် ရွှေမြန်မာစုံညီပွဲ)
July (2014)
-20-7-2014 (၁၃၇၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် ()ရက်)၊ တနင်္ဂနွေနေ့
(ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ဒါဆန်း၊ ဝဲဂွန်ရွှေညီအစ်ကိုများ မတည်လှူဒါန်း)
August (2014)
-24-8-2014  (၁၃၇၆ခုနှစ်၊ ဝါခေါင်ကွယ်)၊ တနင်္ဂနွေနေ့
(လစဉ်တရားပွဲနှင့် ရွှေမြန်မာစုံညီပွဲ)
September (2014)
-6/7/8 -9-2014 (၁၃၇၆ခုနှစ်၊ တော်သလင်းလပြည့်)
(ချူဆောက်ပိတ်ရက် ကုသိုလ်ပွဲများ၊ လေ့လာရေး (သို့) ဒုလ္လဘဝတ်ပွဲ)

တရားနာချိန် = နေ့လယ် ()နာရီ
ဧည့်ခံချိန် = မနက် (၁၀)နာရီမှ နေ့လယ် ()နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။ ။ အခြေအနေအရ ရက်ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ပြောင်းလဲဖြစ်ပါက ကြိုတင်အသိပေးမည် ဖြစ်ပါသည်။ တရားပွဲနှင့် စုံညီပွဲ ကျင်းပမည့် ရက်များတွင် ဆရာတော်ဆွမ်းအလှူနှင့် ပရိတ်သတ်များအား အာဟာရဒါန လှူဒါန်းလိုသူများသည် ကျောင်းအကျိုးဆောင် အဖွဲ့နှင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး အလှူရှင် မရှိသည့် ရက်များတွင် ကျောင်းအကျိုးဆောင် အဖွဲ့မှ စီစဉ်ဆောင်ရွက် လှူဒါန်းသွားမည် ဖြစ်ပါသည်။ အခြားအခြား ကြားရက်များတွင် မိမိတို့ ဆန္ဒအရ သာရေးနာရေး ကုသိုလ်အလှူပွဲများ ပြုလုပ်လိုပါကလည်း နီးစပ်ရာ ကျောင်းအကျိုးဆောင်များထံ ဆက်သွယ်၍ စီစဉ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

ကျောင်းအကျိုးဆောင်အဖွဲ့
စိတ္တသုခကျောင်း၊ ဒယ်ဂူး၊ ကိုရီးယား


READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster