Showing posts with label ၁။ ဆရာတော်. Show all posts
Showing posts with label ၁။ ဆရာတော်. Show all posts

Wednesday, May 1, 2013

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း လက်ထောက်ကျောင်းထိုင် ဆရာတော် အရှင်ဝေဠုရိယ (ဓမ္မရိပ်ငြိမ်) ၏ ထေရုပ္ပတ္တိ အကျဉ်း



ကြည်ညို သဒ္ဓါ ပွားများနိုင်စေရန်အတွက် ဆရာတော်၏ ဘ၀ဖြစ်စဉ် အကျဉ်းကို တင်ပြအပ်ပါသည် ။

ဆရာတော် အရှင်ဝေဠုရိယသည် ၁၃၄၅ ခု ၊ တော်သလင်းလပြည့်ကျော် (၇) ရက် ၊ ( ၂၈-၉-၁၉၈၃ ) ဗုဒ္ဓဟူးနေ့တွင် ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ရွာသစ်စု ကျေးရွာတွင် ခမည်းတော် ဦးညွန့်လှိုင် + မယ်တော် ဒေါ်မြင့်မြင့်ခိုင် တို့မှ ဖွားမြင်သော အငယ်ဆုံးသားရတနာ ဖြစ်ပါသည် ။ 

၁၃၆၀ ပြည့်နှစ် (၁၉၉၈) တွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒ န္တ နန္ဒောဘာသကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည် ။

၁၃၆၅ ခုနှစ် (၂၀၀၃) တွင် အုတ်ဖိုမြို့ သုံးထပ်ကျောင်းတိုက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ ( သာသနဓဇ ဓမ္မာစရိယ ၊ သဒ္ဓမ္မ ဇောတိကဓဇ ) ကို ဥပဇ္ဈာယ်ပြု၍ အုတ်ဖိုမြို့နယ် ရွာသစ်စုရွာနေ ဒေါ်တင်မိသးစု၏ ပစ္စယယနုဂ္ဂဟကို ခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည် ။ 

သာသနာ့ဘောင်သို့ ၀င်ရောက်ပြီးနောက် အုတ်ဖိုမြို့ သုံးထပ်ကျောင်းတိုက် ၊ မြောင်းမြမြို့ တိုက်သစ် ပဇ္ဇောတာရုံ စာသင်တိုက်တို့တွင် ပရိယတ္တိစာပေများကို ဓမ္မာစရိယတန်းအထိ အဆင့်ဆင့် လေ့လာသင်ယူခဲ့ပါသည် ။ 

၁၃၆၆ ခုနှစ် (၂၀၀၄) တွင် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်လျက် ဓမ္မာစရိယ ကျမ်းစာများနှင့် လောကီပညာရပ်များကို လေ့လာသင်ယူကာ ၂၀၀၈ ခုနှစ်တွင် “အဟာရဒါနအလှူ” ဟူသော ကျမ်းစာကို တင်သွင်းလျက် သာသနတက္ကသီလ ဓမ္မာစရိယ B.A ( Buddhism ) ဘွဲ့ကိုရရှိခဲ့ပါသည် ။ 

၂၀၁၀ ခုနှစ်မှစတင်ကာ သာသနတက္ကသီလ ဓမ္မာစရိယ M.A ( Buddhism ) ဘွဲ့အတွက် “မြတ်ဗုဒ္ဓ၏ ကျန်းမာရေး လမ်းညွှန်ချက်များ” ဟူသော ဘွဲ့ယူစာတမ်းကို ရေးသားပြုစုရင်း ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၏ မြန်မာစာနှင့် သာသနာပြုလမ်းညွှန် ဘာသာရပ်ဆိုင်ရာ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည် ။

ပဋိပတ္တိ အလုပ်အနေဖြင့် ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့ ရွှေဥမင် ဓမ္မသုခတောရတွင် တစ်လ တရားစခန်း တစ်ကြိမ် ၊ ၂၀၀၈ ခုနှစ်တွင် ရန်ကန်ုမြို့ မဟာစည် သာသနာ့ရိပ်သာကြီးတွင် ဆယ်ရက် တရားစခန်း တစ်ကြိမ် ၊ ၂၀၀၉ ခုနှစ်တွင် ဆယ်ရက် တရားစခန်း တစ်ကြိမ် ၊ ၂၀၁၁ ခုနှစ်တွင် လေးဆယ့်ငါးရက် တရားစခန်း တစ်ကြိမ် တို့ကို ၀င်ရောက်ကာ ၀ိပဿနာ တရားများ အားထုတ်ခဲ့ပါသည် ။ 

၂၀၀၂ ခုနှစ်မှစ၍ မြောင်းမြမြို့ ပရိယတ္တိစွမ်းအား စာသင်တိုက်တွင် စာချဆရာတော်တာဝန် ထမ်းဆောင်ခြင်း အုတ်ဖိုမြို့ ပါဠိပထပြန်စာမေးပွဲ ကျင်းပရေးကော်မတီ၏ ပု စ္ဆက တာဝန် ၊ အဖြေလွှာစစ်ဆေးရေးတာဝန် ယဉ်ကျေးမှုစာမေးပွဲ ကျင်းပရေး ကော်မတီ၏ သင်တန်းမှုးတာဝန် ၊ ပု စ္ဆက တာဝန် ကြီးကြပ်ရေး တာဝန် ၊ အဖြေလွှာ စစ်ဆေးရေး တာဝန်တို့ကို ထမ်းဆောင်ပြီး ထမ်းဆောင်ဆဲ ဖြစ်ပါသည် ။ 

ထို့ပြင် အရှင်ဝေဠုရိယ (ဓမ္မရိပ်ငြိမ်) ၊ ဇာနည်သွေး (ဓမ္မရိပ်ငြိမ်) ၊ တက္ကသိုလ် မောင်ဝေဠု ၊ တက္ကသိုလ် ရဲရင့်သွေး ဟူသော ကလောင်အမည်များဖြင့် စာတည်းမှူးတာဝန် ထမ်းဆောင်ခြင်း ၊ ဘာသာရေးဆိုင်ရာ ရတု ၊ ကဗျာ ၊ ၀တ္ထု ၊ ဆောင်းပါးများ ရေးသားခြင်း တို့ကို ပြုလုပ်အားထုတ်ခဲ့ပါသည် ။ 

ယခုအခါ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A ( Buddhism ) ဘွဲ့အတွက် ဆိုင်ရာကျမ်းစာကို ရေးသားပြုစုရင်း မိခင်ကျောင်းတိုက်ဖြစ်သည့် အုတ်ဖိုမြို့ သုံးထပ်ကျောင်းတိုက်တွင် Sunday Dhamma School ဖြစ်မြောက်ရေး အတွက် ကြိုးစားအားထုတ်လျက်ရှိပါသည် ။

READ MORE......

Tuesday, November 13, 2012

ဆရာတော် မြန်မာပြည်တွင် ရှိနေမည်

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၊ စိတ္တသု မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တသည် (၁၆-၁၁-၂၀၁၂)ရက်၊ သောကြာနေ့မှစ၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကာ ပြည်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွတ်တော်မူမည် ဖြစ်ပါသည်။ 

 ဆရာတော် မရှိခိုက် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကျောင်းအကျိုး ဆောင်များက တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ထားကြမည် ဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး၊ သာရေးနာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွတ်လိုသူ မြန်မာဒကာဒကာမများ အနေဖြင့် အောက်ဖော်ပြပါ ကျောင်းအကျိုးဆောင် အဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ အတူတကွ ပူပေါင်းပါဝင် ဆောင်ရွတ်နိုင်ကြမည် ဖြစ်ပါသည်။ 
၁။ ကိုမင်းနိုင် (010 2201 8388) 
၂။ ကိုမျိုးညွန့်သိန်း (010 6868 2988) 
၃။ ကိုဘုန်းနိုင် (010 5658 2250) 
၎။ ကိုဝင်းနိုင်ဦး (010 5785 3015) 
၅။ ကိုလင်းထိန်ဝင်း (010 4345 1980) 

ဆရာတော် မြန်မာပြည်တွင် သီတင်းသုံးနေတော်မူစဉ်ကာလ ဆရာတော်ထံ ဆက်သွယ်လိုကြသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းများသို့ ကြိုတင်ဆက်သွယ်ကာ တွေ့ဆုံဖူးမျှော်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 

မနာပဒါယီဆရာတော် အရှင်ဝိစိတ္တ 
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက် 
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ 
ကျောင်းဖုန်း = ၃၈၃-၇၉၆ 
လက်ကိုင်ဖုန်း = ၀၉၄၃-၁၆၂-၃၁၂
E-mail : manapadayi@gmail.com

READ MORE......

Saturday, October 29, 2011

ဆရာတော် မြန်မာပြည်တွင် ရှိမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်းနှင့် ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၊ စိတ္တသု မြန်မာဘုန်းတော်ကြီးကျောင်းတို့၏ ပဓာန နာယကဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီ)သည် (၃၁-၁၀-၂၀၁၁)ရက်နေ့မှစ၍ မြန်မာပြည်တွင် (၂)လကျော်ခန့် ပြန်လည်ကြွရောက်ကာ ပြည်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွတ်တော်မူမည် ဖြစ်ပါသည်။

ဆရာတော် မရှိခိုက် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကျောင်းအကျိုးဆောင်များက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ထားကြမည် ဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး၊ သာရေးနာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွတ်လိုသူ မြန်မာဒကာဒကာမများ အနေဖြင့် ကျောင်းအကျိုးဆောင် အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ အတူတကွ ပူပေါင်းပါဝင် ဆောင်ရွတ်နိုင်ကြမည် ဖြစ်ပါသည်။

ဆရာတော် မြန်မာပြည်တွင်ရှိခိုက် လာရောက် ဖူးမျှော်လိုသူများ၊ ဘာသာရေး အသိပညာ ဖလှယ်လိုသူများ၊ ဘာသာတရားဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာကို မေးမြန်းလျှောက်ထား လိုသူများ အနေဖြင့်လည်း အောက်ဖော်ပြပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ကြိုတင်ဆက်သွယ်ကာ ဖူးမျှော်ကြည်ညို တွေ့ဆုံမေးမြန်း လျှောက်ထားနိုင်ပါကြောင်း အသိပေးစကား ပါးအပ်ပါသည်။

မနာပ ဒါယီဆရာတော် အရှင်ဝိစိတ္တ
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
ကျောင်းဖုန်း = ၃၈၃-၇၉၆
လက်ကိုင်ဖုန်း =
၀၉၄၃-၁၆၂-၃၁၂

READ MORE......

Sunday, November 7, 2010

ဆရာတော် မြန်မာပြည်သို့ ခေတ္တပြန်လည် ကြွရောက်တော်မူမည်…

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)သည် ၁၁ - ၁၁ - ၂၀၁၀ ရက်၊ ကြာသ ပတေးနေ့တွင် မြန်မာပြည်သို့ ခေတ္တပြန်လည် ကြွရောက်တော်မူကာ မြန်မာပြည်ရှိ တရားဟော၊ တရားပြ၊ စာရေးစာချ၊ သင်တန်းပို့ချမှု လုပ်ငန်းများကို ပြုလုပ်တော်မူမည် ဖြစ်ပါသည်။

ဆရာတော် မရှိသည့်အခိုက်တွင် ကျောင်းတော်နှင့် ပတ်သက်သည့် ကိစ္စအ၀၀ကို ကျောင်းအကျိုးဆောင် အဖွဲ့အား လွဲအပ်ထားပြီး ဖြစ်သဖြင့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွင် သာရေးနာရေး ကိစ္စများကို ဆောင်ရွက်လိုပါက ကျောင်းအကျိုးဆောင် အဖွဲ့များနှင့် တိုင်ပင်ညှိနှိုင်းကာ လိုအပ်သလို လုပ်ဆောင်နိုင်ပါကြောင်းနှင့် ကျောင်းတော်အတွက် လစဉ်လှူဒါန်းနေသူများ အနေဖြင့်လည်း မိမိတို့၏ လစဉ်လှူဒါန်းမှုများကို ပုံမှန်လှူမြဲအတိုင်း ဆက်လက်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာပြည်၌ ဆရာတော်သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်ရှိ သိရီဇေယျုံကျောင်းတွင် သီတင်းသုံးနေထိုင်မည် ဖြစ်ပါသဖြင့် ဆရာတော် မြန်မာပြည်တွင်ရှိခိုက် ဆရာတော်ထံ ဆက်သွယ်လိုသူများ၊ ဘာသာရေးနှင့် ပတ်သက်သည်များကို မေးမြန်းလျှောက်ထားလိုသူများသည် အထက်ပါလိပ်စာနှင့် ဖုန်းနံပါတ် ၃၈၃-၇၉၆ တို့ကို ဆက်သွယ်နိုင်ကြောင်း သိစေအပ်ပါသည်။

ဆရာတော် မြန်မာပြည်မှ ပြန်ကြွလာမည့် ရက်ကိုကား အတိအကျ သိရသည့်အခါ ထပ်မံအကြောင်းကြား ဖော်ပြပါမည်။

READ MORE......

Thursday, March 25, 2010

အပတ်စဉ် တရားပွဲများနှင့် တရားသင်တန်းများ…

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တမှ ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အပတ်စဉ် တရားပွဲများ၊ အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများနှင့် ဓမ္မသင်တန်းများကို အောက်ပါအတိုင်း ဟောကြားပြသ သင်ကြားပို့ချ ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်နာယူ၊ လေ့လာသင်ယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (မြန်မာများအတွက် တနင်္ဂနွေတရားပွဲ)
အချိန် = နေ့လယ် ၁နာရီမှ ၂နာရီအထိ
နေရာ = စိတ္တသုခ ဘုန်းတော်ကြီးကျောင်း

၂။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (ကိုရီးယားများအတွက် ဗုဒ္ဓဟူး ဓမ္မသင်တန်း)
အချိန် = ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၁-၄-၂၀၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုရီးယားလို သင်ကြားပို့ချပေးမည်။

၃။ အပတ်စဉ် စနေနေ့တိုင်း (မြန်မာ၊ ကိုရီးယားများအတွက် စနေတရားပွဲနှင့် ၀ိပဿနာတရား အားထုတ်နည်း)
အချိန် = နေ့လယ်၂ နာရီမှ ၃ နာရီခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၄-၄-၂၀၁၀ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကိုရီးယားလို ဟောကြားပြသပေးမည်။

READ MORE......

Tuesday, March 2, 2010

ဆရာတော် နိုင်ငံခြားခရီး ကြွရောက်တော်မူမည်…

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာနနာယက ကျောင်းထိုင်ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)သည် ယခုလာမည့် စနေ(၆-၃-၂၀၁၀)နေ့မှစ၍ (နှစ်ပတ်သုံးပတ်ခန့်) စင်္ကာပူ၊ မလေးရှားနှင့် (ကမ္ဘောဒီယား) နိုင်ငံများသို့ ခေတ္တကြွရောက်တော် မူမည်ဖြစ်ပြီး ဆရာတော် ပြန်လည်ကြွရောက်တော် မူလာသည့် အခါမှသာ မြန်မာ၊ ကိုရီးယားများအတွက် အပတ်စဉ်တရားပွဲများ၊ တရားသင်တန်းများနှင့် ၀ိပဿနာပြမှုများကို ဆက်လက်ပြုလုပ်ပေးတော် မူမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆရာတော်မရှိသည့်အခိုက် ကျောင်းတော်နှင့်ပတ်သက်သည့် ကိစ္စအ၀၀ကို ကျောင်းအကျိုးဆောင်များမှ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ဒကာဒကာမများအနေဖြင့် ကျွန်တော်များ ကျောင်းအကျိုးဆောင် အဖွဲ့ထံ ဆက်သွယ်ကာ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကျောင်းအကျိုးဆောင်အဖွဲ့
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)

READ MORE......

Saturday, January 9, 2010

မွေးနေ့အလှူတော် ဖိတ်ကြားခြင်း


ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တ၏ (၁၅-၁-၂၀၁၀)ရက်နေ့တွင် ကျရောက်သည့် (၃၅) နှစ်ပြည့် မွေးနေ့ အလှူတော်တွင် ပင့်သံဃာတော်များနှင့် ဆရာလေးများအား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ တပည့်ဒကာဒကာမများနှင့် ရွှေမြန်မာအပေါင်းတို့အား အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

အလှူတော်နေ့ရက် = ၁၇-၁-၂၀၁၀ (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် ၁နာရီ
ကျွေးမွေးဧည့်ခံချိန် = မနက် ၉နာရီမှ နေ့လယ် ၂ နာရီအထိ
နေရာ = စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း၊ ရှင်းဒါန်းဒုံ၊ ဒယ်ဂူးမြို့

မှတ်ချက်။ ယုံရှင်းရွှေညီအစ်ကိုများမှ အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံပါမည်။

ကျောင်းအကျိုးဆောင်အဖွဲ့

READ MORE......

Tuesday, July 14, 2009

ဆရာတော် မြန်မာပြည်ကြွရောက်၍ ၀ါဆိုဝါကပ်ပြုတော်မူမည်…


ကိုရီးယားနိုင်ငံ၊ ဒယ်ဂုမြို့၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီး ကျောင်း၏ ပဓာန နာယက ကျောင်းထိုင် ဆရာတော်လည်းဖြစ် မြန်မာနိုင်ငံ၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်း တိုက်၊ သီရိဇေယျုံ ကျောင်း၏ ပဓာန နာယက ဆရာတော် လည်း ဖြစ်သော ဆရာတော် ဦးဝိစိတ္တသည် ယခုနှစ် ၀ါဆိုဝါကပ်ခြင်းကို မြန်မာပြည်ရှိ သီရိဇေယျုံကျောင်းတွင် ပြုမည်ဖြစ်ပြီး ၀ါကျွတ်သည့်အခါ ကိုရီးယားနိုင်ငံသို့ ပြန်လည်ကြွရောက်တော်မူမည် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်သည် ပစ္ဆိမ၀ါခေါ် ဒုတိယ၀ါဆိုအမီ ၀ါဆိုဝါကပ်ပြုနိုင်ရန် ၂၁-၇-၂၀၀၉၊ အင်္ဂါနေ့၊ နံနက် ၁၀နာရီ ၂၀မိနစ် ထိုင်းလေကြောင်းဖြင့် မြန်မာပြည်သို့ ကြွရောက်တော်မူမည် ဖြစ်ကြောင်း တပည့်ဒကာဒကာမ အပေါင်းအား အသိပေးအပ်ပါသည်။

ဆရာတော်မြန်မာပြည်တွင် ရှိနေစဉ် ဆရာတော်အား ဆက်သွယ်လိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြပါသည်။

ဘဒ္ဒန္တ၀ိစိတ္တ
၀၉၅-၀၄၃-၉၄၃ (ဂျီအက်စ်အမ်မ်)
၃၈၃-၇၉၆ (ကျောင်းဖုန်း)

ကျောင်းအကျိုးဆောင်အဖွဲ့
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း

READ MORE......

Monday, January 19, 2009

ဆရာတော်ပြန်လည်ကြွရောက်လာပြီ ဖြစ်ပါကြောင်း…

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တသည် ယနေ့(၂၀-၁-၂၀၀၉) နေ့လယ်တွင် မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးကျောင်းတည်ရှိရာ ဒယ်ဂုမြို့သို့ ပြန်လည်ကြွရောက် တော်မူလာပြီ ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွင် အချိန်ပြည့်သီတင်းသုံး နေထိုင်ပေးနေပြီဖြစ်ပါကြောင်း ရွှေမြန်မာအပေါင်းအား အသိပေးအကြောင်းကြားအပ်ပါသည်။

READ MORE......

Thursday, November 13, 2008

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဆရာတော်ဦးဝိစိတ္တ၏ အတ္ထုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း
ဆရာတော်သည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုပ်ဝင်းကျေးရွာ၊ ခမည်းတော် ဦးတင်မောင်၊ မယ်တော် ဒေါ်ခင်ထွေးတို့မှ ၁၃၃၆ခုနှစ်၊ ပြာသိုလဆန်း (၄)ရက် (၁၅-၁-၁၉၇၅)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည့် တတိယမြောက် သားရတနာဖြစ်သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း
၁၃၄၈ခု၊ တန်ခူးလဆန်း (၃)ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်း ဆရာတော် ဘဒ္ဒန္တသီလာစာရကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။
၁၃၅၆ခု၊ တန်ဆောင်မုန်းလဆန်း (၃)ရက် (၅-၁၁-၁၉၉၄)၊ စနေနေ့တွင် ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာပဏ္ဍိတ) မထေရ်ကို ဥပဇ္ဈာယ်ပြု၍ ခရမ်းမြို့၊ (၄)ရပ်ကွက်၊ ဗုဒ္ဓဟူးလမ်းနေ ဦးဖူးညို + ဒေါ်ခင်မြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

ပရိယတ်၊ ပဋိပတ်ပညာများနှင့် လောကီပညာရပ်များ လေ့လာသင်ယူခြင်း...
ဆရာတော်သည် ဒိုက်ဦးမြို့၊ အုပ်ဝင်းကျေးရွာ၊ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ အထံတော်၌လည်းကောင်း၊ ရန်ကုန်မြို့၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရ အထံတော်၌လည်းကောင်း၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ကြီးရပ်ကွက်၊ ဓမ္မာလင်္ကာရ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂ၀ံသနှင့် စာချဆရာတော်များ အထံတော်၌လည်းကောင်း၊ ခရမ်းမြို့၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသနှင့် စာချဆရာတော်များ အထံတော်၌လည်းကောင်း၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတနှင့် စာချဆရာတော်များ အထံတော်၌လည်းကောင်း ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ၊ ဘဒ္ဒန္တ၀ဏ္ဏိတ အမှူးပြုသည့် သင်ကြားစီမံ ဆရာတော်များနှင့် ဓမ္မာစရိယ ဦးဌေးလှိုင်၊ ဓမ္မာစရိယ ဦးအောင်ခိုင်၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ဆရာကြီးဇေယျမောင် ဦးကိုလေး၊ ဆရာကြီးဦးတင်လွင်၊ ဆရာကြီးဦးစံတင်၊ ဆရာဦးနန္ဒာသိန်းဇံ အမှူးပြုသည့် ပြင်ပပညာရှင်ဆရာကြီးများ အထံတော်၌လည်းကောင်း၊ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ နာယကဆရာတော်များများနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များ အထံတော်၌လည်းကောင်း ပရိယတ်၊ ပဋိပတ်ပညာရပ်များနှင့် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်စသည့် လောကီပညာရပ်များကို ဆည်းပူးလေ့လာ သင်ယူတော်မူခဲ့သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ
ဆရာတော် အောင်မြင်တော်မူခဲ့သည့် အောင်ပန်းများမှာ
မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း
သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism)
သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (Thesis)
B.A (Buddhist studies, Guemgang University-Korea) စသည်တို့ ဖြစ်သည်။

သာသနာရေးဆောင်ရွက်ချက်များ
ဆရာတော်သည် ကိုရီးယားနိုင်ငံသို့ မကြွရောက်မီ ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာအဖြစ်ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်ကျောင်းဆောင်၏ အဆောင်မှူး ဆရာတော်အဖြစ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း အင်္ဂလိပ်စာ နည်းပြဆရာအဖြစ်ဖြင့် လည်းကောင်း၊ အခါအားလျော်စွာ ဒကာ၊ ဒကာမများအား တရားဓမ္မများ ဟောပြောပြသပေးခြင်း၊ လူငယ်များအား အင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ ပြသပေးခြင်းဖြင့် လည်းကောင်း သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပြီးနောက် http://www.venvicitta.com/ ဟူသောအမည်ဖြင့် အင်တာနက်စာမျက်နှာတစ်ခု ဖန်တီးကာ ကမ္ဘာတစ်ဝှန်းရှိ မြန်မာဗုဒ္ဓဘာသာ လူငယ်များအား ဘာသာရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးရင်း လူငယ်များမေးသမျှ မေးခွန်းများကို အွန်လိုင်းမှတစ်ဆင့် ပြန်လည်ဖြေကြားပေးခြင်းများအပြင် ကိုရီးယားနိုင်ငံသားများ အတွက်လည်း ကိုရီးယားဘာသာစကားဖြင့် http://cafe.naver.com/cittasukha ဟူသော ကဖေးတစ်ခုကို ဖန်တီးကာ အွန်လိုင်းသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ကိုရီးယားနိုင်ငံ အရပ်ရပ်တွင်ရှိသည့် မြန်မာများအား တရားဓမ္မများ လှည့်လည်ဟောပြော ပေးတော်မူလျက်ရှိပြီး တစ်ဘက်မှလည်း ကိုရီးယားနိုင်ငံ အောက်ပိုင်းမြို့များကို ကိုယ်စားပြုသည့် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းကို ဦးဆောင်တည်ထောင်တော်မူကာ မြန်မာများနှင့် ကိုရီးယားတို့အား တရားဓမ္မများ ဟောပြောပြသ သာသနာပြုတော်မူလျက် ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်း၏ ပဓာန နာယကကျောင်းထိုင် ဆရာတော်အဖြစ် တာဝန်ယူကာ လူငယ်ပရဟိတလုင်ငန်းများကိုလည်း ဆောင်ရွက်ရန် ကြိုးစားအားထုတ်တော် မူလျက်ရှိသည်။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster