ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (18.5.2014) က ဒေဂူးမြို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှ မိသားစုဝင် ကုသိုလ်ရှင်များသည် ဘူဆန်မြို့ရှိ ဓမ္မယာနပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်ကျောင်းတော် ကျောင်းသစ်ဖွင့်ပွဲ နှင့် သီတဂူဆရာတော်ဘုရားကြီး၏ ဓမ္မသဘင်ကို ဂုဏ်ယူဝမ်းမြောက်စွာ သွားရောက် ကြည်ညို ပူဇော်ခဲ့ပြီး တရားဓမ္မများ နာယူခြင်း နှင့် တတ်စွမ်းသမျှ ကုသိုလ်အမှုတို့ကို ပြုလုပ်ပါဝင် ခဲ့ကြပါသည် .. ပြုလုပ်နိုင်ခဲ့သောလှူဒါန်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။ ၀မ်းမြောက်သာဓုခေါ်နိုင်ကြစေရန် ဖြန့်ဝေလိုက်ပါသည် ။
စဉ်
|
လှူဒါန်းမှု
|
စုစုပေါင်း
|
၁
|
သီတဂူဆရာတော်ဘုရားကြီး
ဓမ္မပူဇာ အလှူတော်ငွေ
|
၁၀,၀၀,၀၀၀
|
၂
|
ဓမ္မယာန ပြည်တော်ဦးကျောင်း
အထွေထွေသုံး ငွေပဒေသာပင်
|
၄၀၀,၀၀၀
|
၃
|
ပင့်သံဃာ
(၄) ပါး န၀ကမ္မ အလှူတော်
|
၄၀၀,၀၀၀
|
၎
|
စိတ္တသုခကျောင်းတော်
အထွေထွေသုံး ငွေပဒေသာပင် (နောက်ဆုံးလက်ကျန် ပိုငွေကို လှူဒါန်းလိုက်ခြင်းဖြစ်ပါသည်)
|
၂၀၀,၀၀၀
|
(၀မ် နှစ်ဆယ်သိန်းတိတိ)
|
၂၀,၀၀,၀၀၀
|
ကိုလင်းထိန်ဝင်း နှင့် ကိုဖြိုးေ၀၀င်းတို့က ..စိတ္တသုခ ညီအစ်ကိုများ ခရီးသွားစဉ်အတွင်း အဆင်ပြေပြေ စားသောက် သုံးဆောင်နိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို စီမံချက်ပြုတ် ထုပ်ပိုး ပြင်ဆင်၍ အဟာရဒါန ပြုခဲ့ကြပါသည် ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ..
READ MORE......