Sunday, November 4, 2012

တတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲ မှတ်တမ်းပုံများ



တတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲ မှတ်တမ်းပုံများ


ယခုကဲ့သို့ တင်ပေးခဲ့သောပုံများကို ကျနော်တို့၏ ကွန်ပြူတာတွင် အချိန်အားဖြင့် နှစ်နှင့်ချီပြီး ကြာသည်အထိ မဖျက်သေးပဲ သိမ်းဆည်း ထားရှိပါသည် ၊ သို့ပါ၍ ကူးယူလိုသူများက ဆက်သွယ်တောင်းယူ နိုင်ပါသည်ခင်ဗျာ..

READ MORE......

Monday, October 22, 2012

စုပေါင်း မဟာဘုံကထိန် အလှူပွဲ ဖိတ်ကြားခြင်း



စုပေါင်း မဟာဘုံကထိန် အလှူပွဲ ဖိတ်ကြားခြင်း

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ ဟာဘင်း၊ ယူရှင်း၊ ဘုံချွန်းရွှေညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှုတို့ဖြင့် ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အများပေါင်းစုလျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နှီးရပ်ဝေးရှိ ရွှေမြန်မာများအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။



နေ့ရက် = ၁၃၇၄ခု၊ သီတင်းကျွတ်လပြည့်ကျော် (၅)ရက်၊ (4-11-2012)၊ တနင်္ဂနွေနေ့ 
ဧည့်ခံချိန် = မနက် (၁၀) နာရီမှ နေ့လည် (၂)နာရီအထိ 
တရားနာချိန် = နေ့လည် (၁) နာရီ 
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း 
အာဟာရ = အထူးစပါယ်ရှယ် မြန်မာဒံပေါက်ထမင်း 
အလှူရှင် = ဟာဘင်း၊ ယူရှင်း၊ ဘုံချွန်း ရွှေညီအစ်ကိုများ 

မှတ်ချက်။ ။ ကထိန်အလှူပွဲကို မူလက (၁၁)လပိုင်း၊ (၁၁)ရက်နေ့အဖြစ် သတ်မှတ်ထားသော်လည်း ကထိန်ပွဲများ ရက်တိုက်နေသဖြင့် ယခုကဲ့သို့ (၁၁)လပိုင်း (၄)ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

READ MORE......

Sunday, October 7, 2012

စိတ္တသုခ၏ ဝတ်ရွတ်ပူဇော် ကုသိုလ်တော်နှင့် စုပေါင်းရဟန်းဝတ်ပွဲ မှတ်တမ်းပုံရိပ်များ

ဓာတ်ပုံကိုနှိပ်၍ မူရင်းလင့်တွင် သွားရောက်ကြည့်ရှုပါရန်....

READ MORE......

Monday, September 17, 2012

ချူဆောက်ပိတ်ရက် စုပေါင်းရဟန်းဝတ်ပွဲ၊ တရားပွဲနှင့် အလှူပွဲများ ဖိတ်ကြားခြင်း

 ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုရီးယားနိုင်ငံ၊ ချူဆောက်ပိတ်ရက် ကာလအတွင်း စိတ္တသုခကျောင်းတော်တွင် စုပေါင်းရဟန်းဝတ်ပွဲများ၊ တရားပွဲများနှင့် အလှူပွဲများကို အများပေါင်းစုကာ ကျင်းပပြုလုပ်ကြမည် ဖြစ်ပါသဖြင့် အားလပ်ရက်တွင် ကုသိုလ်လည်းရ ဝမ်းလည်းဝမည့် စိတ္တသုခ၏ အလှူပွဲများသို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။ 

 အစီအစဉ်များ 
- ၂၈-၉ -၂၀၁၂ ရက်၊ သောကြာနေ့ ည ၉ နာရီ = စုပေါင်း ကိုရင်ဝတ်ခြင်း 
- ၂၉-၉ -၂၀၁၂ ရက်၊ စနေနေ့ = ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် စုပေါင်းသိမ်တက်ခြင်း 
- ၃၀-၉ -၂၀၁၂ ရက်၊ တနင်္ဂနွေနေ့ = ထယ်ဂယောင်ဆန်အော့ (태경산업) ညီအစ်ကိုများ၏ ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ 
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ) 
- ၁-၁၀-၂၀၁၂ ရက်၊ တနင်္လာနေ့ = ကွယ်လွန်သူ ဖခင်ကြီးအား ရည်စူး၍ သားဖြစ်သူ ကိုဝင်းနိုင်ဦး (ကျောင်းအကျိုးဆောင်အဖွဲ့)၏ လလည် ရည်စူးကုသိုလ်ထူး ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ 
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ)
၂-၁၀-၂၀၁၂ ရက်၊ အင်္ဂါနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ
၃-၁၀-၂၀၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း 

 မှတ်ချက်။ အလှူရှင်များ၏ အလှူကိစ္စအဝဝနှင့် ဒုလ္လဘ ရဟန်းများ၏ ဆွမ်းကွမ်းကိစ္စ အဝဝကို စိတ္တသုခကျောင်း ဝေယျာဝစ္စ အဖွဲ့ဝင်များမှ တာဝန်ယူဦးဆောင်ကာ ကုသိုလ်ယူကြမည် ဖြစ်ပါသဖြင့် အာဟာရဒါန၊ လုပ်အားဒါန ပြုလုပ်လိုသူများ အနေဖြင့် ပိတ်ရက်များတွင် ဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်၍ တစ်နိုင်တပိုင် ပူပေါင်းပါဝင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။

READ MORE......

Thursday, August 30, 2012

စိတ္တသုခကျောင်း အကျိုးတော်ဆောင်အဖွဲ ပြင်ဆင်ဖွဲ့ည်းခြင့်း

စိတ္တသုခ အကျိုးတော်ဆောင်အဖွဲ့ အစည်းအဝေးကို (၂၆- ၈- ၂၀၁၂) နေ့က စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပါသည် ၊ ဆရာတော်နှင့်တကွ အကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ စသည်ဖြင့် အဖွဲ့သားများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည် ။ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီးနောက် ဆရာတော်က သြ၀ါဒ မြွက်ကြားရာတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန်နှင့် ရည်ရွယ်ချက်များမှာ

 (၁) ကျောင်းအဖွဲ့ကို ကျစ်ကျစ်လစ်လစ် ထိထိရောက်ရောက် ဖွဲ့စည်းရန် 
(၂) ကျောင်းအဖွဲ့ထဲမှ လူမှုရေးအသင်းအဖွဲ့ လုပ်ငန်းများကို လုပ်ဆောင်ရန် 
(၃) ကျောင်းအဖွဲ့ထဲမှ ဝေယျာဝစ္စကိစ္စများကို လုပ်ဆောင်ရန် တို့ဖြစ်ပါသည် ။ 

ဤသို့ဖြင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်..

  
စဉ်
အမည်
တာဝန်
ဖုန်းနံပါတ်
ဆရာတော် ဦးဝိစိတ္တ
ပဓါန နာယက
010 3787 9693
ကိုမင်းနိုင်
ဥက္ကဋ္ဌ
010 2201 8388
ကိုမျိုးညွန့်သိန်း
ဒု - ဥက္ကဋ္ဌ
010 6868 2988
ကိုဘုန်းနိုင်
အတွင်းရေးမှူး
010 5658 2250
ကိုဝင်းနိင်ဦး
ပြန်ကြားရေးမှူး
010 5785 3015
ကိုလင်းထိန်ဝင်း
ဘဏ္ဍာရေးမှူး
010 4345 1980
ကိုဇေယျာတင့်
အဖွဲ့ဝင်
010 9838 1986
ကိုသန်းဌေး
အဖွဲ့ဝင်

စိုင်းမောင်ဌေး
အဖွဲ့ဝင်
010 5873 3880
၁၀
ကိုလင်းသူရ
အဖွဲ့ဝင်
010 3037 2722
၁၁
ကိုရဲမြင့် (ခ) ကိုမောင်လန်း
အဖွဲ့ဝင်

၁၂
ကိုသူရအောင် (Star Light)
အဖွဲ့ဝင်
010 8263 2250
၁၃
ကိုထွန်းထွန်းလတ်
အဖွဲ့ဝင်
010 3141 2509
၁၄
ကိုဝင်းသန်း
အဖွဲ့ဝင်
010 3040 0857
၁၅
ကိုဇင်ကိုအောင်
အဖွဲ့ဝင်
010 8683 4960



တို့ဖြစ်ပါသည် ၊ ဆက်လက်၍ လူမှုကူညီရေး အဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့တို့ကိုလည်း ဖွဲ့စည်းပြီး ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည် ။





လူမှုကူညီရေးအဖွဲ့ဝင်များမှာ




စဉ်
အမည်
တာဝန်
ဖုန်းနံပါတ်
ကိုဝင်းနိုင်ဦး
ကွန်ပြူတာ နည်းပညာဆိုင်ရာများ  
အလုပ်အကိုင်နေရာများရှာဖွေရေး
010 5785 3015
ကိုဘုန်းနိုင်
ဆေးရုံဆေးခန်းကိစ္စများ
အလုပ်သမားရေးရာကိစ္စများ
010 5658 2250
ကိုဇေယျာတင့်
အလုပ်သမားရေးရာကိစ္စများ

010 9838 1986

ဝေယျာဝစ္စအဖွဲ့ဝင်များမှာ 

(၁) ကိုမင်းနိုင် (010 2201 8388)
(၂) ကိုလင်းထိန်ဝင်း (010 4345 1980)
(၃) ကိုမောင်မောင်
(၄) ကိုထွန်းထွန်းလတ်
(၅) ကိုဝင်းသန်း
(၆) ကိုအောင်ဇင်ထူး
(၇) ကိုဌေးအောင်
(၈) ကိုသက်နိုင် 
(၉) ကိုဖြိုးဝေဝင်း (ခ) ဖြိုးဝေ
(၁၀) ကိုအောင်ဇေယျ (ခ) နွားကြီး
(၁၁) ကိုကိုဥိး
(၁၂) ကိုဟန်လင်းစိုး (ခ) ဘုတို
တို့ဖြစ်ကြပြီး ထပ်တိုး အဖွဲ့ဝင်များကို နောက်တွင် ဆက်လက်တင်ပြပါမည် ၊
အလှူအတန်း ကိစ္စများအတွက် ဝေယျာဝစ္စအဖွဲ့နှင့် ဆက်သွယ်နိုင်ပါသည်။




အထက်ပါ အဖွဲ့ဝင်များသည် မိမိတို့နှင့်သက်ဆိုင်သည့် တာဝန်များကို စူးစိုက်၍ ဦးစားပေးလုပ်ဆောင်ရန် အတွက် တာဝန်ယူမှုများသာဖြစ်ပြီး ယခုအဖွဲ့ဝင်စာရင်းတွင် မပါဝင်သူများသည် စိတ္တသုခ ကျောင်းတော်၏ အကျိုးပြုလုပ်ငန်းများကို မည်သည့်နေရာမှ မဆို ပါဝင်ကူညီရန်ဖြစ်ပြီး တာဝန်အားလုံးနှင့် သက်ဆိုင်သည်ဟု မှတ်ယူကြစေလိုကောင်း အကျိုးတော်အဖွဲ့ဝင်များက မေတ္တာရပ်ခံအပ်ပါသည် ။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster