Friday, December 31, 2010

စိတ္တသုခ ပြည်စုံကြပါစေ...

နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ တောင်ကိုရီးယားနိုင်ငံ တစ်ဝှမ်း ရောက်ရှိနေကြသော မြန်မာ တိုင်းရင်းသားညီအကို မောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း ဒကာဒကာမ များ အားလုံး ဝမ်းမြောက်ဝမ်းသာ နှစ်သစ်ဦးစကား လက်ဆောင်ပါးလိုက်ပါရစေ....

ဆရာတော် ဦးဝိစိတ္တ သည် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ လဆန်း တွင် ပြန်လည်ကြွရောက်လာမည်ဖြစ်ပြီး ဆရာတော် ပြန်လည်ရောက်ရှိသည်နှင့် ကိုရီးယား နှစ်သစ်ကူးပိတ်ရ က်တွင် ဆရာတော် အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ကို ပင့်ဖိတ်၍ နှစ်ဦး တရားပွဲ ကျင်းပရန် အစီအစဉ်ရှိကြောင်း မင်္ဂလာ သတင်းစကားပါးလိုက်ပါသည်။

READ MORE......

Sunday, December 19, 2010

“မှန်ကြည့်လိုက်ပါ”



ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)၏ ဒုတိယမြောက် စာအုပ်ဖြစ်သည့် “မှန်ကြည့်လိုက်ပါ” ဟု အမည်ပေး ထားသည့် ဓမ္မရသ စာအုပ်ကို ရဲမာန်စီးပွားရေး လုပ်ငန်းစု၏ စီစဉ်မှုဖြင့် ဆရာတော်၏ စာဖတ်ပရိတ်သတ်လက်သို့ အရောက်အပ်လိုက် နိုင်ပြီဖြစ်ကြောင်း စီစဉ်သူ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စွာမှ ပြောကြားသည်။ မနာပဒါယီ အင်တာနက်စာမျက်နှာတွင် ဆရာတော်ရေးသားသည့် ဓမ္မရသ ဆောင်းပါးများမှ ပရိတ်သတ်များ အဖတ်များ၊ အကြိုက်များသည့် ဆောင်းပါးများကို စုစည်းကာ မနာပဒါယီစာစဉ် (၂) အဖြစ် ဤ “မှန်ကြည့်လိုက်ပါ” ဟူသော စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။
စာအုပ်ဖတ်မှ အားရတတ်သည့် စာအုပ်ပရိတ်သတ်များအတွက် ဓမ္မအသိ မျှဝေကြည့်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ မနာပဒါယီစာစဉ် (၁) အဖြစ် ထုတ်ဝေခဲ့သည့် “မချစ်မမုန်း အကောင်းဆုံးဟူသော” စာအုပ်သည်လည်း ယခုအခါ ကုန်သလောက်နီးပါး ဖြစ်နေကြောင်း စာပေအသိုင်း အ၀ိုင်းမှတဆင့် ကြားသိရသည်။
နောင်ထွက်ရှိလာမည့် စာအုပ်များကိုလည်း မနာပဒါယီ စာစဉ်များအဖြစ် ဆက်လက်ဖြန့်ဝေသွားကာ စာအုပ်မှ ရရှိလာသည့် အကျိုးရလာဘ်များကို မနာပဒါယီ စာပေပြန့်ပွားရေးနှင့် ပညာရေး အလှူများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တမှ မိန့်ကြားတော်မူပါသည်။ နောင်ထွက်ရှိရန် စီစဉ်ထားသည့် စာအုပ်များမှာ

- အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း
- နဲနဲလေးတော့ လွဲနေတယ် အတွဲ (၁)
- စိတ်အားဖြည့် စကားစုလေးများ (၁)
- စိတ္တသုခ ဘုရားရှိခိုး ၀တ်ရွတ်စဉ် စသည်တို့ ဖြစ်ပါသည်။

ထို့ကြောင့် ဆရာတော်၏ ဓမ္မစာအုပ်များအား ဓမ္မဒါနပြု လှူဒါန်းလိုသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ ဌာနများသို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

မနာပ ဒါယီ စာပန်းချီ ရှည်တည်ကာလ တိုင်စေသော်ဝ်….

သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၃၈၃၇၉၆
စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊ တောင်ကိုရီးယား။ ဖုန်း = ၀၅၃-၂၉၅-၉၂၂၀
ရဲမာန်စီးပွားရေး လုပ်ငန်းစု ၄၆-၄၇၊ သိမ်ကြီးဈေး (စီ)၊ အဆောင်(၄) ပထမထပ်၊ ရန်ကုန်မြို့။ ဖုန်း = ၀၉၅၉၇၉၈၅

READ MORE......

Monday, November 15, 2010

တောင်ကိုရီးယားနိုင်ငံ၊ဒေဂူးမြို့ ရှိ မြန်မာ လူငယ် ညီအကိုများ၏ စုပေါင်းအလှူ

တောင်ကိုရီးယားနိုင်ငံ၊ဒေဂူးမြို့ ရှိ မြန်မာ လူငယ် ညီအကိုများ စုပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများ၊နယ်စပ်ဒေသရှိ ဒုက္ခသည်များအတွက် အဝတ်အထည်များ ပေးပို့ လှူဒါန်းခဲ့ပါသည်။
(၁၄-၁၁-၂၀၁၀)ရက်နေ့တွင် Daegu Korea Post နှင့် Daegu Foreign Worker Centre တို့ ပူးပေါင်း၍ ဒေဂူးမြို့ရှိ နိုင်ငံခြားသားအလုပ်သမားများအား မိမိတို့ နိုင်ငံ မိသားစုများအတွက် အဝတ်အထည်များ အခမဲ့ ပေးပို့နိုင်သည့် အစီအစဉ်တစ်ခု ဆောင်ရွက်ပေးပါသည်။
မြန်မာ လူငယ်များက မိမိတို့ တိုင်းပြည်အတွင်းရှိ ဆင်းရဲနွမ်းပါးသောမိသားစုများနှင့် ထိုင်းမြန်မာ နယ်စပ် ဒေသရှိ ဒုက္ခသည်များသို့ အမေရိကန်ဒေါ်လာ လေးထောင်ဖို့ခန့်ရှိသော ကလေးဝတ် အဝတ် အထည်များ၊ ယောကျာင်္းဝတ်၊မိန်းမဝတ် အနွေးထည်များ၊ဘောင်းဘီများ၊ အကျီများ၊ ကိုရီးယားခေါက်ဆွဲ ခြောက်ထုတ် များပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။
ထိုင်း၊မြန်မာနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်စခန်းအတွက် ကိုမိုးသီးဇွန်၊ကိုစိန်ဟန်၊ကိုရင်ထွေးတို့ နှင့် ဆက်သွယ်၍ ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။
ဒေဂူးမြို့မှ မြန်မာအလုပ်သမား လူငယ်များစုပေါင်း၍ ယခင်ကလည်း နာဂစ်လေဘေး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ အေအိုင်ဒီအက်(စ်)ဝေဒနာရှင် ကလေးငယ်များရံပုံငွေ၊ ရပ်ရွာဒေသစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း ပြုပြင်ခြင်းများ၊ပဲခူးဒေသ သောက်သုံးရေအလှူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓါတ်မှန်ရိုက်စက်ဝယ်ယူရေး ရံပုံငွေ အစရှိသည်တို့ကို စဉ်ဆက်မပြတ်လှူဒါန်းလျှက် မိမိတို့တတ်နိုင်သည့် ဘက်မှ အမိမြန်မာပြည်အတွက် ဆောင်ရွက် လျှက်ရှိနေကြပါသည်။
မိမိတို့ခွန်အားဖြင့်ရရှိသော ဖြူစင်သန့်ရှင်းသည့် ငွေကြေးဖြင့် အတူတကွ ကုသိုလ်ပြုကြပါရန် တိုက်တွန်း နိုးဆော်အပ်ပါသည်-

READ MORE......

Sunday, November 7, 2010

ဆရာတော် မြန်မာပြည်သို့ ခေတ္တပြန်လည် ကြွရောက်တော်မူမည်…

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)သည် ၁၁ - ၁၁ - ၂၀၁၀ ရက်၊ ကြာသ ပတေးနေ့တွင် မြန်မာပြည်သို့ ခေတ္တပြန်လည် ကြွရောက်တော်မူကာ မြန်မာပြည်ရှိ တရားဟော၊ တရားပြ၊ စာရေးစာချ၊ သင်တန်းပို့ချမှု လုပ်ငန်းများကို ပြုလုပ်တော်မူမည် ဖြစ်ပါသည်။

ဆရာတော် မရှိသည့်အခိုက်တွင် ကျောင်းတော်နှင့် ပတ်သက်သည့် ကိစ္စအ၀၀ကို ကျောင်းအကျိုးဆောင် အဖွဲ့အား လွဲအပ်ထားပြီး ဖြစ်သဖြင့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွင် သာရေးနာရေး ကိစ္စများကို ဆောင်ရွက်လိုပါက ကျောင်းအကျိုးဆောင် အဖွဲ့များနှင့် တိုင်ပင်ညှိနှိုင်းကာ လိုအပ်သလို လုပ်ဆောင်နိုင်ပါကြောင်းနှင့် ကျောင်းတော်အတွက် လစဉ်လှူဒါန်းနေသူများ အနေဖြင့်လည်း မိမိတို့၏ လစဉ်လှူဒါန်းမှုများကို ပုံမှန်လှူမြဲအတိုင်း ဆက်လက်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာပြည်၌ ဆရာတော်သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်ရှိ သိရီဇေယျုံကျောင်းတွင် သီတင်းသုံးနေထိုင်မည် ဖြစ်ပါသဖြင့် ဆရာတော် မြန်မာပြည်တွင်ရှိခိုက် ဆရာတော်ထံ ဆက်သွယ်လိုသူများ၊ ဘာသာရေးနှင့် ပတ်သက်သည်များကို မေးမြန်းလျှောက်ထားလိုသူများသည် အထက်ပါလိပ်စာနှင့် ဖုန်းနံပါတ် ၃၈၃-၇၉၆ တို့ကို ဆက်သွယ်နိုင်ကြောင်း သိစေအပ်ပါသည်။

ဆရာတော် မြန်မာပြည်မှ ပြန်ကြွလာမည့် ရက်ကိုကား အတိအကျ သိရသည့်အခါ ထပ်မံအကြောင်းကြား ဖော်ပြပါမည်။

READ MORE......

ဘူဆန် ကထိန်အောင်ပွဲ မှတ်တမ်း

ဘူဆန်မြို့ ပြည်တော်ဦး ကိုရီးယားမြန်မာ ဗုဒ္ဓသာသနာပြုရိပ်မွန်၏ 부산 불교 신도회관 တွင် (၇-၁၁-၂၀၁၀၁) ရက်နေ့၌ ကျင်းပ ပြုလုပ်သော ကထိန်အောင်ပွဲသို့ ဒေဂူးမြို့ စိတ္တသုခကျောင်းဆရာတော် နှင့်တကွ ကျောင်းအကျိုးတော်ဆောင် များ သွားရောက်ကြည်ညို ကုသိုလ်ယူခဲ့ကြပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ကြည်ညိုသဒ္ဓါပွားနိုင်ရန် မျှဝေလိုက်ပါသည်။


READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster