Wednesday, February 13, 2013

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အလှူတော်ပွဲ အလှူရှင်များစာရင်း

ကျနော်တို့ စိတ္တသုခကျောင်းတော် စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အလှူပွဲတော်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ၊ အစဉ်အလာကောင်းကို ထိန်းသိမ်းတဲ့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်များကလိုပဲ လူမှုအထောက်အကူပြု ကုသိုလ်များကိုလည်း လှူဒါန်းမှုပြုခဲ့ကြပါတယ် ၊ အဲဒါတွေကတော့ .. 

(၁) ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကော့ပလန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ (၀မ်) ၂၀ သိန်း 
(၂) ရန်ကုန်မြို့ သီရိဇေယျုံကျောင်းတိုက် မနာပဒါယီ ပညာဒါနကျောင်း ရေစင်ရေကန်အတွက် ဒုတိယအကြိမ် (၀မ်) ၁၀ သိန်း 

တို့ဖြစ်ကြပါတယ် ၊ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်များစာရင်းကို အောက်မှာ တင်ပြအပ်ပါတယ် ၊ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်ဗျာ..

စဉ်

အလှူရှင်
လှူဒါန်းငွေ
(သောင်း)

ဆုံဆောစက်မှုဇုန်

ကိုသူရအောင် (ကိုကာကာကြီး) – Star light မြန်မာဆိုင်
၂၀
ကိုမင်းနိုင်
၁၅
ကိုလင်းထိန်ဝင်း
၁၅
ကိုမောင်မောင်
၁၀
ကိုဘုန်းနိုင်
၁၀
ကိုမောင်ဖြိုး
၁၀
ကိုဖြိုးဝေ
၁၀
ကိုစောသူရစိုး နှင့်သူငယ်ချင်းများ
၁၀
ကိုရှိုင်းမင်းသူ
၁၀
ကိုစောထီမူး
၁၁
ကိုမျိုးမြင့်ဦး
၁၂
ကိုပေါက်
၁၃
ကိုဝင်းထိုက်
၁၄
ကိုဇော်သူ
၁၅
ကိုကျော်သန်း
၁၆
ကိုညီညီ
၁၇
ကိုဝင်းသန်း
၁၈
ကိုနေဇင်အောင်
၁၉
ကိုဟန်လင်းစိုး
၂၀
ကိုလင်းလင်းစိုး
၂၁
ကိုဇင်ကိုအောင်
၂၂
ကိုဇော်လွင်ထွန်း
၂၃
ကိုဝေဠုဇော်
၁၀
၂၄
ကိုစိုးသူအောင်
၂၅
ကိုအောင်ကိုမင်း
၂၆
ကိုစိုး
၂၇
ကိုဦး
၂၈
ကိုဝင်းနိုင်ဦး (ဆုံဆော)
၂၉
ကိုသက်သက်ဦး
၃၀
ကိုဝင်းမြင့်သိန်း
၃၁
ကိုရေကြည်
၃၂
ကိုဝေလင်းအောင် (ကြီး)
၃၃
ကိုဝေလင်းအောင်(ငယ်)
၃၄
ကိုအောင်ဇော်မင်း
၃၅
ကိုကျော်သက်
၃၆
ကိုကျော်ဝင်းနိုင်
၃၇
ကိုနိုင်အောင်ကျော်
၃၈
ကိုခွန်ပြေသိန်း
၃၉
ကိုကျော်ဌေး
၄၀
ကိုတင်အောင်ဝင်း
၄၁
ကိုကျော်လင်း
၄၂
ကိုဟိန်းဇော်ထက်
၄၃
ကိုမျိုးကျော်သန်း
၄၄
ကိုဝင်းဇော်ထွန်း
၄၅
ကိုသက်ဝင်းအောင်
၄၆
ကိုဝင်းမင်းထွဏ်း
၄၇
ကိုသူရဇော်
၄၈
ကိုမြတ်
၄၉
ကိုအာကာဖြိုး
၅၀
ကိုထွန်းထွန်းဦး
ဝ.၅
၅၁
ကိုထွဏ်း
ဝ.၅
၅၂
ကိုအောင်ငြိမ်းချမ်း + ကိုရဲဝင်းနိုင် + ကိုဇော်မင်းထွေး
၁၀
၅၃
ကိုစလေ
၅၄
ကိုဥာဏ်ဝင်း
၅၅
ကိုချမ်းမင်းထွန်း
၅၆
ကိုကျော်မိုး
၅၇
ကိုဌေးအောင်ကျော်
၅၈
ကိုမောင်မောင်
၅၉
ကိုသန့်ဇင်ဦး
၆၀
 ကိုစိုးဝင်းထွန်း
၆၁
ကိုရန်နိုင်ထွန်း
၆၂
ကိုခင်ဇော်
၆၃
ကိုရဲထွဋ္ဋ်
၆၄
ကိုသက်နှင်းအောင်
၆၅
ကိုသောင်းထိုက်
၆၆
ကိုလူချော
၆၇
ကိုကွိုင်
၆၈
ကိုဟန်မြင့်
၆၉
ကိုမင်းထိုက်သာ
၇၀
ကိုသိန်းဇော်
၇၁
ဒါဆန်းညီအစ်ကိုများ လစဉ်အလှူငွေ
၁၁၈
၇၂
ကိုလှမင်းထွန်း (ဘူဆန်)
၇၃
ကိုရဲထွန်း (ဂွမ်ဂျူး)
၇၄
ကိုဇော်မင်းထိုက်
၇၅
ကိုတင်လင်း
၇၆
ကိုကျင်စိန်
၇၇
ကိုအောင်ပြည့်ဖြိုး
၇၈
ကိုဌေးလင်းကျော်
၇၉
ကိုမင်းသူ
၈၀
ကိုသက်နိုင်ဦး
၈၁
ကိုကျော်သူရ
၈၂
ကိုလှမျိုး
၈၃
ကိုတင်ဇော်မျိုး
၈၄
ကိုဟန်ဝင်း
၈၅
ကိုအောင်သာခိုင် + မဖြူဖြူသန့် မိသားစု
၈၆
ကိုဘိုလင်း
၈၇
ကိုမျိုးအောင်
၈၈
ကိုဟိန်းဘိုဘို
၈၉
ကိုကျော်ဇောအောင်
၉၀
ကိုနေလင်း (ယောင်ချွန်း )
၉၁
ကိုဝင်းမောင်ထက်
၉၂
ကိုအောင်မြတ်ကို
၉၃
ကိုကျော်စိုးဦး
၉၄
ကိုစိန်ချွန်
၉၅
ကိုညီညီအောင်

ယုံရှင်းညီအစ်ကိုများ

၉၆
ကိုမျိုးညွန့်သိန်း
၉၇
ကိုဝင်းနိုင်ဦး
၉၈
ကိုဇော်မင်း
၉၉
ကိုမျိုးမြင့်ခိုင်
၁၀၀
ကိုဌေးအောင်
၁၀၁
ကိုကျော်သဲဦး
၁၀၂
ကိုလေးနိုင်
၁၀၃
ကိုအောင်ဇင်ထူး
၁၀၄
ကိုမောင်မောင်လွင်
၁၀၅
ဦးခင်မောင်သန်း + ဒေါ်တူးတူးမာ မိသားစု
၁၀၆
ကိုထွန်းအောင်ကျော် + မကြည်ကြည်မော်
၁၀၇
ကိုဝင်းပိုင်အောင်
၁၀၈
ကိုနေမျိုးအောင်စိုး
၁၀၉
ကိုနေ၀င်းနိုင် + မတင်တင်အေး
၁၁၀
ကိုဇော်မင်းထွန်း
၁၁၁
ကိုသက်နိုင်
၁၁၂
ကိုသန်းဇော်
၁၁၃
ကိုဗိုလ်ဗိုလ်မြင့်အောင်
၁၁၄
ကိုအောင်ဇော်ဝင်း
၁၁၅
ကိုပြည့်ဖြိုးမောင်
၁၁၆
ကိုအောင်နိုင်ဝင်း
၁၁၇
ကိုစောလင်းမောင်
၁၁၈
ကိုချစ်ကိုကို
၁၁၉
ကိုမြကြီး




စုစုပေါင်း  ( ၅,၆၃၀,၀၀၀ )
၅၆၃
 
စာရင်းတွင် အမှားအယွင်းများ ၊ မေ့ကျန်ခဲ့သည်များရှိပါက ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ် ၊ သိလျင်သိချင်း ပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ

READ MORE......

Friday, February 1, 2013

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း စတုတ္ထအကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ အစီအစဉ် အတည်ပြု တင်ပြခြင်း

ကိုရီးယား နှစ်ကူးရက်တွင် ကျရောက်သည့် ကျနော်တို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း နှစ်ပတ်လည် အလှူပွဲတော်အတွက် အစီအစဉ်များကို တင်ပြအပ်ပါသည် ။ 

အဟာရဒါန နှင့် ပင်မအလှူရှင် = ဆောင်ဆောရွှေညီအစ်ကိုများ

နေ့ရက် = ၂၀၁၃ ခုနှစ် ဖေဖ၀ါရီလ ၉ ရက်

ကျွေးမွေးဧည့်ခံချိန် = မနက် ၉:၀၀ မှ ၁၂:၃၀ အထိ

တရားနာချိန် = နေ့လယ် ၁ နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အရုဏ်ဆွမ်း အလှူတော် = ထူးရှယ် ကြေးအိုးဆီချက်
နေ့ဆွမ်းအလှူတော် = အုန်းထမင်းနှင့် ( ကြက်သား + ဆိတ်သား )

ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ် ဘောဇဉ် နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိဿတ် အပေါင်းတို့အားလည်း နံနက်ခင်းမှ စ၍ နေ့လည်ခင်းထိ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည် ။ အထက်ဖေါ်ပြပါ စားသောက်ဖွယ်ရာများ အပြင် လက်ဖက်ရည် ကော်ဖီ ဖျော်ရည် ကိတ်မုန့် သစ်သီး စသည့် ကောင်းနိုးရာရာ ရသာစုံလင်စွာ တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် စီစဉ်တည့်ခင်း မည်ဖြစ်ပါသည် ၊ သို့ပါ၍ မင်္ဂလာရှိသော ကုသိုလ်တရားများနဲ့ အတူ နှစ်သစ်ကို ဖွင့်လှစ်နိုင်ကြဖို့ အလှူတော်ပွဲကို ကြွရောက်ခဲ့ကြပါဦးလို့ ဆုံဆောညီအစ်ကိုများက ခင်မင်လေးစားစွာ ဖိတ်ကြား အပ်ပါသည် ။ 

အုန်းထမင်းကို မြန်မာအလွမ်းပြေ မြန်မာဆန်ဆန် သရက်ချဉ်သုပ်လေးဖြင့် တွဲဖက်သုံးဆောင်နိုင်ရန် အထူးမှာယူ စီစဉ်ထားပါသည် ၊ အုန်းထမင်း မသုံးဆောင်လိုသူများ အတွက်လည်း ဒံပေါက်ထမင်းများ စီစဉ်ထားရှိပါသည် ၊ အကောင်းဆုံး အရသာအရှိဆုံးတို့ကို တွေးတောစီစဉ် ထားပါသဖြင့် ကြွရောက် ကုသိုလ်ယူ ကြပါရန် အလေးအမြတ်ထား၍ ထပ်မံ တိုက်တွန်းနိုးဆော် အပ်ပါသည်ခင်ဗျား ။

READ MORE......

Thursday, January 10, 2013

စိတ္တသုခကျောင်းတော် နှစ်ပတ်လည်ပွဲ နွှဲကြမယ်


မကြာခင်ရက်ပိုင်းအတွင်းမှာ ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်ကူးကာလကို ရောက်ရှိတော့မှာ ဖြစ်ပါတယ် ၊ ဒီနှစ် နှစ်ကူးအထိဆိုလျင် ကျနော်တို့ စိတ္တသုခကျောင်းတော်ကို တည်ထောင်လာခဲ့တာ (၄) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ၊ ခါတိုင်းနှစ်တွေလိုပဲ ကျောင်းနှစ်ပတ်လည် အလှူပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမှာဖြစ်ပါတယ် ။ ဒီနှစ်မှာလည်း ဆုံဆောလူငယ်များကပဲ ပင်တိုင် ကမကထပြုပြီး ကျင်းပမှာဖြစ်ပါတယ် ၊ ကျန်တဲ့ စက်မှုဇုံအသီးသီး .. နေရာဌာန အသီးသီးက ကုသိုလ်ရှင်များကလည်း ပူးပေါင်းပါဝင် အားဖြည့်ကြဖို့ အသင့်ရှိနေကြပါတယ် ။

ကျောင်းနှစ်ပတ်လည် ပွဲတော်ကို ကိုရီးယားနှစ်သစ်ကူး ရက်များဖြစ်တဲ့ ဖေဖေါ်ဝါရီလ ( ၉ ၊ ၁၀ ၊ ၁၁ ) ရက်တို့အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ် ၊ ကျင်းပမယ့် ရက်အတိအကျကို ထပ်မံတင်ပြပါမယ် ၊ နှစ်သစ်ကူးရက်မတိုင်မီမှာ ဆရာတော်ဟာ ပြန်လည် ကြွရောက်လာမှာဖြစ်ပြီး ၊ ဒီနှစ်မှာလည်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ အခြားလူမှုကူညီရေး အစီအစဉ်တစ်ခုကို လှူဒါန်းဖို့အစီအစဉ် ရှိပါတယ် ၊ ဆရာတော် ကြွရောက်လာတဲ့အခါမှာ လှူဒါန်းမယ့်နေရာနဲ့ အစီအစဉ် အသေးစိတ်ကို အတည်ပြုပေးမှာဖြစ်ပါတယ် ။ ကျနော်တို့ စိတ္တသုခ မိသားစုဟာ ဘာသာရေးဆိုင်ရာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်နေရင်းနဲ့ တစ်ဖက်မှာ ခေတ်အလှူတွေဖြစ်တဲ့ လူမှုရေး အကူအညီတွေကိုလည်း အခါအခွင့်သင့်သလို ပြုလုပ်နေကြတာ ဖြစ်ပါတယ် ၊ ဘယ်လို ရှုထောင့်ကပဲ ကြည့်ကြည့် ကောင်းတဲ့အလုပ်တွေသာ ဖြစ်ပါတယ် ။

ကျနော်တို့ရဲ့ကျောင်းတော်ဟာ ဆုံဆော ၊ ဂျီလျန်းဂယောင်ဆန် ၊ ဒါဆန်း ၊ ယုံရှင်းဝဲဂန် ၊ ယုံအန်း ၊ နွံကုန်း ၊ ဂင်မဲ ၊ ဂယောင်ဂျူး ၊ ပိုဟန်း ၊ အူလ်ဆန်း စတဲ့ နေရာအသီးသီက ရွှေမြန်တွေရဲ့ အားပေါ်မှာ အခြေပြုပြီး တည်ထောင်ထားတာဖြစ်ပါတယ် ၊ သို့သော်လည်း ဆရာတော်ရဲ့ ဆွမ်းကွမ်း ဝေယျာဝစ္စ ၊ ကျောင်းဗာဟီယကိစ္စ ရေပိုက်ပေါက်တာ မီးကြိုးသွယ်တာ ပန်ကာတပ်တာ ကော်ဇောဝယ်တာ အမှိုက်သွန်တာကအစ အလှူပွဲတွေမှာ ချက်ပြုတ်တာအဆုံး အဆုံး တကုန်းကုန်းနဲ့ သိမ်းကျုံး တာဝန်ယူပြီး လုပ်ပေးနေကြရတာက ဆုံဆော လူငယ်များသာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ သူတို့တွေဟာ လုပ်အားနဲ့ လုံ့လ၀ီရိယမှာ ပိုသာတယ်လို့ ပြောရမှာဖြစ်ပါတယ် ၊ တကယ်တော့ တာဝန်သိစိတ်နဲ့ သဒ္ဓါတရားကို ပေါင်းစပ်ပြီး လုပ်ပေးနေကြတာ ဖြစ်ပါတယ် ။

ကျနော်တို့ဇုံဆိုရင် ခပ်လှမ်းလှမ်းမှာ ရှိနေတော့ ကျောင်းနဲ့ ပတ်သက်တဲ့ အလုပ်ပိုင်းဆိုင်ရာလေးတွေမှာ ကျနော်တို့အတွက် သက်သက်သာသာ နေခွင့် ရနေတော့ ၊ အင်း သူတို့ရှိနေပြီး အခုလို လုပ်ပေးနေကြလို့ တော်သေးတာပေါ့ လို့ အမြဲပဲတွေးပြီး ကျေးဇူးတင်နေမိပါတယ် ၊ အဲဒါကြောင့်ပဲ ဆုံဆောက သူငယ်ချင်းတချို့ နည်းနည်းဝေးတဲ့ နေရာတစ်ခုကို အလုပ်ပြောင်းမယ်ဆိုလျင်တောင် ကျနော်တို့မှာ အားလျော့သွားသလိုမျိုး ဖြစ်သွားတတ်ပါတယ် ၊ မြန်မာပြည်ကို ပြန်တော့မယ်လို့ ကြားရတဲ့အခါမျိုးမှာဆို ၀မ်းသာမှုနဲ့ နှမျောတသ လွမ်းဆွတ်မှု ခံစားမှုနှစ်ခုကို အမြဲရလေ့ရှိပါတယ် ၊ ၀မ်းသာတာကတော့ ပြန်မယ့်သူငယ်ချင်းဟာ သူချစ်ခင်နှစ်သက်တဲ့ မိသားစုနဲ့အတူ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပတ်ဝန်းကျင်မှာ အိုးမကွာ အိမ်မကွာနေရတော့မှာ ဖြစ်တဲ့အတွက် မုဒိတာစိတ်နဲ့ ၀မ်းသာခြင်းပါ ၊ ၀မ်းနည်းမှုစွက်တဲ့ နှမျောတသမှု ကတော့ ဒီသူငယ်ချင်းတွေနဲ့ အလုပ်တွေအတူတူ လုပ်ခဲ့ကြတယ် ၊ ကောင်းရာကောင်းကျိုးတွေကို သယ်ပိုးခဲ့ကြတယ် ၊ မကြာမကြာလည်း တွေ့နေကြတော့ ရဲဘော်ရဲဖက်စိတ်နဲ့ ထုံးဖွဲ့လာတဲ့ သံယောဇဉ် အမျှင်တန်းကြောင့်ပါပဲ ၊ “ကောင်းကင်ကို” ရဲ့ “သံယောဇဉ်” ဆိုတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ရတယ် “သံယောဇဉ်ဆိုတာ မွေးရင်းရလာတဲ့အနာ ၊ တွေးရင်းလှလာတဲ့ကဗျာပဲ” တဲ့ ၊ ကျနော်ကတော့ လှလာတဲ့ ကဗျာလို့ပဲ အမြဲမှတ်ပါတယ် ။

လွမ်းတယ်ဆိုတဲ့ စကားလုံးကို စောကြောရင်း အယူအဆတစ်ခုကို ဆွဲထုတ်ကြည့်မိပါတယ် ၊ ကျနော်တို့တတွေဟာ နေရာတစ်ခုကနေ အခြေအနေ တစ်ခုခုကြောင့် ခွဲခွါသွားကြရတဲ့အခါ အဲဒီနေရာမှာ ကျန်ခဲ့မယ့်သူတွေကို လွမ်း..နေရစ်ခဲ့အောင် လုပ်ခဲ့ဖို့လိုပါတယ် ၊ ကျနော်တို့ဟာ ကျနော်တို့နဲ့ နီးစပ်ရာ နေရာ အသိုက်အ၀န်းတစ်ခု အတွက် ကောင်းရာကောင်းကျိုးတွေကို သယ်ပိုးခဲ့ကြတယ် ၊ ချစ်ခင်ရင်းနှီး ရှိခဲ့ကြတယ်ဆိုရင် ကျနော်တို့ခွဲခွါသွားတဲ့အချိန်မှာ လွမ်းလို့ကျန်ရစ်ခဲ့ကြမှာ အသေအချာပါ ၊ တကယ်လို့သာ လေညာမှာ နေသာသလို နေသွားမယ်ဆိုရင်တော့ “လွမ်းလောက်စရာ မရှိပါဘူး” ဆိုတဲ့စကားဟာ ကျနော်တို့အတွက်ပဲ ဖြစ်နေမှာပေါ့ ။ ကဲ အဲဒီတော့ ပြန်သွားတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ ၊ လွမ်းအောင် စွမ်းခဲ့ကြသူတွေကို လွမ်းတယ်လို့ ပြောရင် ပိုတယ်လို့ ဆိုနိုင်ပါတော့ မလားဗျာ ..

ကျနော်တို့မှာ အားကိုးရတဲ့ အကျိုးတော်ဆောင် တချို့ ပြန်သွားတဲ့အတွက် အားပျက်ရတာတွေ ရှိသလို ၊ တက်ကြွပြီး သဒ္ဓါတရား အားကောင်းတဲ့ လူယဉ်ကျေး လူငယ်လေးတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် အားတက်ရတာတွေလည်း ရှိပါတယ် ၊ ဘယ်လိုပဲ ဖြစ်ပါစေ စိတ္တသုခ ကျောင်းတော်ကြီးကတော့ စဉ်ဆက်မပြတ် အားကောင်းမောင်းသန်နဲ့ ဆက်လက်ချီတက် နေလိမ့်မယ်လို့ ယုံကြည်မိပါတယ် ၊ ကျနော်ကတော့ ဘယ်နေရာကိုပဲ ရောက်ရောက် ဟောဒီ စိတ္တသုခရဲ့ Network ၊ စိတ္တသုခရဲ့ မိသးစုကွန်ယက်နဲ့ ချိတ်ဆက်ထားမယ်လို့ ဆုံးဖြတ်ထားပါတယ် ။ ဆုံဆောအုပ်စု သူငယ်ချင်းတွေ ရှေ့ဆုံးကပြေးနေသလိုပါပဲ ဂယောင်ဆန်ဂျီလျန်း ဆိုတာလည်း ကျနော်တို့ရဲ့ တကယ့်အားထားရာပါ ၊ စိတ္တသုခရဲ့ “၀မ်း” လို့ တင်စားရင်လည်း မမှားလောက်ပါဘူး ၊ ဒါဆန်းကလည်း စုစည်းပြီး အားကောင်းလာလိုက်တာ လွန်ပါရော ၊ ပအို့ဝ် ပလောင် မွန် ဗမာ ရခိုင် ရှမ်း တစ်စိတ်တစ်ဝမ်းတည်း ရှိတဲ့ ပြည်ထောင်စု ဆိုတာ ဒါဆန်းမှာ တွေ့မြင်နိုင်ကြပါတယ် ၊ သူတို့တွေ ချစ်ခင်စည်းလုံးပြီး တက်ကြွနေကြတာ မြင်ရသူတွေကိုတောင် ရွှင်လန်းရစေပါတယ် ၊ ယုံရှင်းဝဲဂန်က..ရော ၊ သူကလည်း ပါလေရာ ငါးပိချက် ဘာဟင်းချက်ချက် ငါးပိချက်လေးပါမှ ထမင်းမြိန်သွားသလိုပါပဲ ၊ အဲဒီလိုမျိုးတွေ ရှိနေလေတော့ ကျနော်တို့တတွေ လူမများပေမယ့် အားရှိနေတာတော့ အမှန်ပါပဲ ။

ဒါတွေက ကျနော်တစ်ဦးတည်းရဲ့ အမြင် ၊ ခံစားချက်တွေ ချည်းပဲတော့ မဟုတ်ပါဘူး ၊ စိတ္တသုခ မိသားစုများ သူငယ်ချင်းများ အားလုံးရဲ့ အမြင်များလည်း ထင်ဟပ်နေပါလိမ့်မယ် ၊ သူငယ်ချင်းများ အချင်းချင်း ကျောင်းတော်ရဲ့ ရေရှည်တည်တံ့ရေး ၊ တိုးတက်ရေး တို့ကို ဆွေးနွေးမိကြတဲ့ အခါတိုင်း ပြောဖြစ်ကြတဲ့ အရာများသာ ဖြစ်ပါတယ် ။

မြန်မာတွေအတွက် အခုတလော ခေတ်စားလာတဲ့ စကားလုံးတစ်ခုရှိပါတယ် ၊ အဲဒါကတော့ “ပြိုင်တူတွန်းလျင်ရွေ့နိုင်ပါသည်တဲ့” အတူပူးပေါင်းပြီး အားစိုက်တွန်းလိုက်တဲ့အခါ အရွေ့တစ်ခု ၊ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်တယ်ဆိုတဲ့ သဘောပါပဲ ၊ ကျနော်တို့ စိတ္တသုခကျောင်းတော်ရဲ့ လုပ်ဆောင်မှုတွေကတော့ ရွေ့ယုံတွင်မကတော့ပဲ အရှိန်တောင်ရနေပါပြီ ၊ အရှိန်မပျက်အောင် ဆက်တွန်းပေးနေဖို့သာ လိုပါတော့တယ် ၊ နိုင်ငံတစ်ခုမှာပဲ ဖြစ်စေ အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်စေ ခေါင်းဆောင်ကောင်း တစ်ဦးဦးကို ရထားပြီဆိုရင် နောက်လိုက်တွေက စည်းစည်းလုံးလုံး နဲ့ အားစိုက်ပြီး ပံ့ပိုးပေးဖို့လိုပါတယ် ၊ ဒါမှသာ အကျိုးကျေးဇူး များမှာ ဖြစ်ပါတယ် ၊ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေကို နမူနာတင်ပြီး ကြည့်နိုင်ပါတယ် ၊ အခု ကျနော်တို့ စိတ္တသုခ ကျောင်းတော်မှာလည်း ဆရာသမားကောင်းကို ရထားပြီးပါပြီ ၊ ကျနော်တို့ဘက်က စဉ်ဆက်မပြတ် ပံ့ပိုးအားဖြည့် ပေးဖို့သာ လိုပါတော့တယ် ၊ ဒါကြောင့်မို့ နောက်ဆုံး ကျနော်ပြောချင်တာက.. “သူငယ်ချင်းတို့ရေ ပြိုင်တူတွန်းလိုက်ကြပါဦးစို့” လို့ …………………….

အဓိကအသိပေးဖို့ဟာ မေ့နေတော့မလို့

နှစ်ပတ်လည်ပွဲအတွက် အလှူငွေများကို ဆုံဆောဇုံအတွက်

(၁) ကိုမင်းနိုင် (ဦးတပ်ပြီးရေးရင် အသက်ကြီးသလို ဖြစ်သွားမှာစိုးလို့)
(၂) ကိုလင်းထိန်ဝင်း
(၃) ကိုသူရအောင် (ကိုကာကာကြီး Star light မြန်မာဆိုင်)
(၄) ကိုဝင်းသန်း
(၅) ကိုဇင်ကိုအောင် .. တို့က စုစည်း လက်ခံမှာ ဖြစ်ပါတယ်ခင်ဗျာ ။

နှစ်သစ်မှာ သူငယ်ချင်းများအတွက် ..

Bonus တွေများများရ ၊ လစာတွေတိုး အမျိုးမျိုးရ
အလုပ်မှာ မပင်ပန်း ၊ အလန်းလေးနဲ့ အဆင်ပြေ
အခြေအနေတွေကောင်း ၊ ကျောင်းအတွက် များများလှူ
မပူမပင်နဲ့အေးဆေး ၊ ကျနော် ၀င်းနိုင်ဦးကိုလည်း ကျွေးမွေးနိုင်ကြပါစေဗျာ ။

မေတ္တာဖြင့်..

(မှတ်ချက် ။ ။ ရေးခဲ့တဲ့အထဲမှာ မပြေမချောတာတွေလည်းရှိမယ် ၊ လေဖေါတာတွေလည်းရှိမယ် ၊ ဒါပေမယ့် ရေမရောတဲ့ ခံစားချက်တွေသာ ဖြစ်ကြောင်း အာမခံပါတယ် )

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster