Tuesday, January 10, 2012

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း တတိယအကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ အစီအစဉ်

ကိုရီးယား နှစ်ကူးရက်မှာ ကျရောက်မယ့် ကျနော်တို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း နှစ်ပတ်လည် အလှူပွဲတော်အတွက် အလှူရှင်များနဲ့ အစီအစဉ်များကို တင်ပြအပ်ပါတယ် ၊

နေ့ရက် = ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၂၂ ရက်
ကျွေးမွေးဧည့်ခံချိန် = နေ့လယ် ၂ နာရီအထိ
တရားနာချိန် = နေ့လယ် ၁ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အရုဏ်ဆွမ်း အလှူတော် = ကြာဇံချက်
အရုဏ်ဆွမ်း အလှူရှင် = ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် မိသားစု

နေ့ဆွမ်း အလှူတော် = သီးစုံ ထောပတ်ထမင်း
နေ့ဆွမ်း အလှူရှင် = United Brothers ရွှေညီအစ်ကိုများ

ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ် ဘောဇဉ် နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း နံနက်ခင်းမှ စ၍ နေ့လည်ခင်းထိ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည် ။ အထက်ဖေါ်ပြပါ စားသောက်ဖွယ်ရာများ အပြင် လက်ဖက်ရည် ကော်ဖီ ဖျော်ရည် ကိတ်မုန့် သစ်သီး စသည့် ကောင်းနိုးရာရာ ရသာစုံလင်စွာ တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် စီစဉ်တည့်ခင်း မည်ဖြစ်ပါသည် ၊ သို့ပါ၍ မင်္ဂလာရှိသော ကုသိုလ်တရားများနဲ့ အတူ နှစ်သစ်ကို ဖွင့်လှစ်နိုင်ကြဖို့ အလှူတော်ပွဲကို ကြွရောက်ခဲ့ကြပါဦးလို့ ခင်မင်လေးစားစွာ ဖိတ်ကြား အပ်ပါတယ်ခင်ဗျာ.. 

READ MORE......

Sunday, January 8, 2012

မနာပ ဒါယီစာကြည့်တိုက် ဖွင့်ပွဲ မှတ်တမ်းပုံရိပ်များ

မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ၏ ဦးဆောင်မတည် လှူဒါန်းမှု၊ ကိုရီးယားရောက် စိတ္တသုခ ဒကာဒကာမများ၏ အဆောက်အအုံ အလှူ လှူဒါန်းမှုတို့ဖြင့် အကောင်အထည်ဖော် ပေါ်ပေါက်လာခဲ့သည့် မနာပဒါယီ စာကြည့်တိုက်အလှူပွဲနှင့် ဖွင့်ပွဲကို (၁-၁-၂၀၁၂)ရက်နေ့ နှစ်သက်အခါသမယ၌ ဆရာတော်၏ ဇာတိဒိုက်ဦးတွင် အောင်မြင်စွာ ဖွင့်လှစ်လှူဒါန်းနိုင်ခဲ့ပါသည်။ အများပေါင်းစု၍ ကောင်းမှုပြုခဲ့သည့် စာကြည့်တိုက်အလှူ ဖွင့်ပွဲဓာတ်ပုံများကို အများသဒ္ဓါ မုဒိတာပွားနိုင်ဖို့ အသိပေးတင်ပြလိုက်ပါသည်။ အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ...



manapadayi-library - how to create a free slideshow

READ MORE......

Wednesday, December 28, 2011

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း တတိယ အကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ အတွက် ဖိတ်ကြား နှိုးဆော်ခြင်း

ကျနော်တို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း တည်ထောင်လာခဲ့တာဟာ ၂၀၁၂ ခုနှစ် ကိုရီးယား နှစ်သစ်ကူးနေ့မှာ (၃) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ၊ ဒေဂူးမြို့ ဘုန်းတော်ကြီးကျောင်းမှာ အလှူတော်ပွဲ အမြောက်အများကို ကျင်းပခဲ့သလို မြန်မာနိုင်ငံအတွင်းက နေရာ တော်တော်များများ မှာလည်း ထာဝရ အလှူအမျိုးမျိုးကို လှူဒါန်းခဲ့ကြပြီး ဖြစ်ပါတယ် ၊ ဘာသာရေးနဲ့ စပ်ဆိုင်တဲ့ အလှူတော်များအပြင် စာကြည့်တိုက် ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စတဲ့ လူမှုကူညီရေးနဲ့ စပ်ဆိုင်တဲ့ အလှူတော်များလည်း ပါဝင်သွားပြီလို့ ဆိုနိုင်ပါတယ် ။ 

နှစ်စဉ်နှစ်တိုင်းမှာ နှစ်ပတ်လည် အလှူတော်ပွဲ အခမ်းအနားများကို စည်စည်ကားကား ကျင်းပခဲ့သလို ၊ ပြီးခဲ့တဲ့ နှစ်ကလည်း ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒကို ပင့်ဖိတ်ပြီး အထူးတရားပွဲကို ကျင်းပနာယူ နိုင်ခဲ့ကြပါတယ် ၊ ယခုနှစ်မှာလည်း ယခင်နှစ်များကလိုပဲ နှစ်ပတ်လည် အလှူတော်ပွဲကို ခမ်းခမ်းနားနား ကျင်းပမှာဖြစ်သလို ၊ မြန်မာနိုင်ငံအတွင်းက နေရာတစ်ခုခုမှာ လှူဒါန်းနိုင်ဖို့ အစီအစဉ်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ် ။ 

ယခုနှစ် ကိုရီးယား နှစ်သစ်ကူးနေ့ (၂၂.၁.၂၀၁၂) တနင်္ဂနွေနေ့မှာ နှစ်ပတ်လည် အလှူတော်ပွဲကို ကျင်းပမှာဖြစ်ပါတယ် ၊ စိတ္တသုခကျောင်း ဆရာတော်ဟာလည်း အလှူတော်ပွဲ မတိုင်မီ (၁၉.၁.၂၀၁၂) ရက်နေ့မှာ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ လှူဒါန်းဖို့ အစီအစဉ်ဟာလည်း ဆရာတော် ကြွရောက်လာတဲ့အခါမှာ အတူဆောင်ယူလာမှာဖြစ်ပါတယ် ။ ဆရာတော်က မြန်မာနိုင်ငံအတွင်းမှာ အရှိန်အဟုန်ကောင်းကောင်းဖြင့် ပြုလုပ်နေတဲ့ သာသနာပြု လုပ်ငန်းများဟာ မပြီးပြတ်သေးပဲ ဆက်လက် လုပ်ဆောင်ရန် ရှိနေတဲ့အတွက် ကိုရီးယားနိုင်ငံမှာ ရက်အနည်းငယ်သာ သီတင်းသုံးပြီး မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မှာဖြစ်ပါတယ် ။ 

ကိုရီးယားကို ဆရာတော် ပြန်လည် ကြွရောက်လာတဲ့ အခိုက်မှာ နှစ်ပတ်လည် အလှူပွဲတော် ကျင်းပမှာဖြစ်တဲ့အတွက် ကျနော်တို့ အကျိုးတော်ဆောင် အဖွဲ့အနေဖြင့် ပွဲတော်ကို စည်စည်ကားကား ကျင်းပလိုတာဖြစ်ပါတယ် ၊ သို့အတွက်ကြောင့် ဒေဂူးဝန်းကျင်မှ ရွှေသူငယ်ချင်းများ အားလုံး ၊ ကိုရီးယားရောက် ရွှေမြန်မာများ အားလုံးကို အကျိုးတော်ဆောင် အဖွဲ့မှ လေးလေးစားစား ကြိုတင် အသိပေး ဖိတ်ကြားအပ်ပါတယ် ၊ မသိကြသေးတဲ့ နီးစပ်ရာ သူငယ်ချင်းများကိုလည်း တစ်ဆင့် အသိပေး သတင်းပါးလိုက်ကြပါရန် မေတ္တာရပ်ခံပါတယ် ။ 

အဟာရဒါန အဖြစ် အကျွေးအမွေးဖြင့် တာဝန်ယူ လှူဒါန်းလိုသူများ ကျနော်တို့ အကျိုးတော်ဆောင် အဖွဲ့မှ တစ်ဦးဦးထံ ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ၊ လှူဒါန်းလိုပါသော်လည်း အချက်အပြုတ် နဲ့ ဧည့်ခံကျွေးမွေးမှု အပိုင်းမှာ လုပ်ဆောင်မည့်သူမရှိပါက ကျောင်းအကျိုးဆောင်နှင့် ဝေယျာဝစ္စ အဖွဲ့မှ ဖြစ်စေ ယုံရှင်း ညီအစ်ကို များမှဖြစ်စေ စိတ်တိုင်းကျ ဖြစ်အောင် တာဝန်ယူ လုပ်ဆောင်ပေးပါမယ် ။ ဒါမှမဟုတ် သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနဲ့ သဒ္ဓါတရားအရ လုပ်ဆောင်လိုတဲ့ အခြား မည်သည့် ကုသိုလ်ရေး အစီအစဉ်ကို မဆို ကျနော်တို့က ကူညီဖြည့်ဆီးပေးဖို့ အသင့် ရှိပါကြောင်း ထပ်လောင်း အသိပေးအပ်ပါတယ်ခင်ဗျာ..

READ MORE......

Tuesday, November 15, 2011

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) မြန်မာပိုင်ကျောင်းနေရာ ဝယ်ယူလှူဒါန်းနိုင်ရေး နှိုးဆော်လွှာ

ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စုဖွား ရွှေမြန်မာအပေါင်းတို့... ကိုရီးယားနိုင်ငံရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးသည် မြန်မာအလုပ်သမား အများစုနှင့် ပြည်ထောင်စုဖွား ရွှေမြန်မာများ၏ အမျိုးဘာသာ သာသနာအတွက် အားထားမှီခိုရာ ကျောင်းတော်ကြီးဖြစ်ပါသည်။ ယခုအခါတွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းနေရာကို (ကိုယ်ပိုင်)ဝယ်ယူလှူဒါန်းပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန် အခွင့်အရေးပေါ်ပေါက်နေပြီ ဖြစ်ပါသည်။ ကိုရီးယား အစိုးရထံမှ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (미얀마불교전법사원)ဟူသော အမည်ဖြင့် တရားဝင်ခွင်ပြုချက် မှတ်ပုံတင်လည်း ကျပြီးဖြစ်၍ လှူဒါန်းနိုင်သော ဘဏ်အကောင့်များကိုလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် တစ်တတ်တစ်အား ပါဝင်လှူဒါန်း လိုသူများ အနေဖြင့် အောက်ဖော်ပြပါ ဦးဆောင်ဆရာတော်များနှင့် နီးစပ်ရာ ကျောင်းအကျိုးတော်ဆောင်များထံ ဆက်သွယ်ကာ သင့်လျော်သည့် ဘဏ်အကောင့်များသို့ ပေးပို့လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ 

၁။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ဘူဖြောင်း) ဆရာတော် အရှင်သုမင်္ဂလ (ဝေါဆရာတော်) (ဖုန်း = ၀၁၀-၆၅၅၇-၀၂၂၂) လက်ထောက် ဆရာတော် အရှင်ဥတ္တရ (ဖုန်း = ၀၁၀-၂၃၂၇-၂၄၅၇) ကျောင်းအကျိုးဆောင်အဖွဲ့ (ဖုန်း = ၀၃၂-၅၁၁-၂၈၄၁) 

၂။ ဆရာတော် အရှင်ပဏ္ဍိစ္စ (ဘူဆန်ပြည်တော်ဦးဆရာတော်) နှင့် ဆရာတော်၏ တပည့်ကျောင်း အကျိုးတော်ဆောင်များ (ဖုန်း = ၀၁၀-၄၀၄၅-၇၀၀၂) 

၃။ ဆရာတော် အရှင်သုဝဏ္ဏ (ဆိုးလ်ဆရာတော်) (ဖုန်း = ၀၁၀-၅၁၈၄-၃၅၇၈) 

၎။ ဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီဆရာတော်) နှင့် ဆရာတော်၏ တပည့်ကျောင်း အကျိုးတော်ဆောင်များ ဒယ်ဂူးစိတ္တသုခ မြန်မာကျောင်း (ဖုန်း = ၀၁၀-၃၇၈၇-၉၆၉၃) 

ဘဏ်အကောင့်များ 
1) KB (국민은행) 839801-01-472034 (미얀마불교전법사원) 
2) IBK (기업은행) 370-044956-01-011 (미얀마불교전법사원) 
3) NH (농협은행) 351-0396-3090-93 (미얀마불교전법사원) 

မှတ်ချက်။ ကျောင်းတော်ကြီး ဝယ်ယူရာတွင် အားလုံးအတွက် သွားလာရေး လွယ်ကူသည့် နေရာကို ရွေးချယ်ပြီး ဝယ်ယူရန် ရည်ရွယ်ထားပါသဖြင့် တစ်နှစ်အတွင်း ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် ခန့်မှန်း ကိုရီးယားဝမ် သိန်းခြောက်ထောင်ခန့် စုဆောင်းရရှိရန် ရန်မှန်းထားပါ၍ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စေတနာသဒ္ဓါ ထက်သန်စွာဖြင့် တတ်စွမ်းသမျှ လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူရှင်များအားလုံးကို ကမ္ဗည်းမှတ်တမ်းတင်၍ ကျောင်းတော်ကြီး၌ သမိုင်းမှတ်တိုင် ထာဝရစိုက်ထူပေးမည် ဖြစ်ပါကြောင်း....။ 

ဦးဆောင်ဆရာတော်များနှင့် အကျိုးတော်ဆောင်များ 

ဟန်းဂုရွာမှ ကူးယူဖေါ်ပြပါသည် ။

READ MORE......

ဓမ္မဒူတ (ကိုရီးယား) မြေနေရာဝယ်ယူရေးအလှူတော်ငွေ အတွက် ဓမ္မဒူတ ဘဏ်စာရင်း


ဓမ္မဒူတ (ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပဓါနနာယက ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ သြဝါဒနှင့် လမ်းညွှန်ပံ့ပိုးမှုကိုခံယူလျက် ၊ ဆရာတော် ဒေါက်တာ အရှင်နန္ဒက နှင့် အရှင်ကိတ္တိသာရ တို့၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ၊ ကိုရီးယားနိုင်ငံအတွင်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဓမ္မဒူတ မြေနေရာဝယ်ယူရေး နှင့် မြန်မာဘုန်းတော်ကြီးကျောင်းဆောက်လုပ် လှူဒါန်းရေး အစီအစဉ် အတွက် အလှူတော်ငွေများ ပေးပို့လှူဒါန်းလိုကြကြောင်း အနယ်နယ်အရပ်ရပ်မှ မေးမြန်းကြသည့် ပါရမီရှင်များအား ဓမ္မဒူတ (ကိုရီးယား) က ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မေတ္တာစကား ပါးအပ်ပါသည် ။

အဆိုပါ မေးမြန်းထားကြသည့် မြန်မာမိတ်ဆွေ ပါရမီရှင် တို့အနေဖြင့် မိတ်ဆွေတို့၏ အလှူတော်ငွေများကို အောက်ပါဘဏ်စာရင်းအတိုင်း ပေးပို့လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -

ဘဏ်အမည် - 신한은행 (SHINHAN BANK)
စာရင်းအမှတ်- 100-027-690153
ဘဏ်စာရင်းအမည်- 담마두따문화협회(DHAMMADUTA CULTURE ASSOCIATION)

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)

ဟန်းဂုရွာမှ ကူးယူးဖေါ်ပြပါသည် ။


READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster