ယနေ့မနက် ရရှိသည့် သတင်းအရ ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် ကိုမိုးကောင်း (ခ) ကိုမြတ်ဇော်ဝင်း၏ ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ အကြောင်းကြားသင့်သည့် ပုဂ္ဂိုလ်များအား အကြောင်းကြားရန်နှင့် နောက်ဆုံးခရီးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း တာဝန်ခံ ဆရာဝန်များက ဆိုပါသည်။ ယခုလောလောဆယ် အခြေအနေမှာ ကိုမိုးကောင်းတွင် ပိုက်ပေါင်း (၂၀)လောက် ချိတ်ထားရပြီး သတိမှာလည်း မျှောနေသည့် အနေအထားတွင်ရှိကြောင်း၊ ချိတ်ထားသည့် ပိုက်တစ်ခုခုကို ဖြုတ်လိုက်ရင်ကိုပင် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ အသက်ရှုနေမှု အနေအထားမှာလည်း အပြင်းအထန် လုယူရှုနေရတဲ့ အနေအထားဖြစ်ကြောင်း စိတ္တသုခ လူမှုကူညီရေး အသင်းမှာ တာဝန်ခံ ကူညီပေးနေသူများက ဆိုပါသည်။ ထို့ကြောင့် ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေမှန်ကို မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အချိန်နဲ့တပြေးညီ သိရှိနိုင်စေရန် ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ပါသည်။ ကိုမိုးကောင်း၏ နောက်ဆက်တွဲ အခြေအနေကိုလည်း ဆက်လက် တင်ပြပေးပါမည်။
Tuesday, April 5, 2011
ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေ စိုးရိမ်အဆင့်သို့ ရောက်ရှိ
ယနေ့မနက် ရရှိသည့် သတင်းအရ ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် ကိုမိုးကောင်း (ခ) ကိုမြတ်ဇော်ဝင်း၏ ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ အကြောင်းကြားသင့်သည့် ပုဂ္ဂိုလ်များအား အကြောင်းကြားရန်နှင့် နောက်ဆုံးခရီးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း တာဝန်ခံ ဆရာဝန်များက ဆိုပါသည်။ ယခုလောလောဆယ် အခြေအနေမှာ ကိုမိုးကောင်းတွင် ပိုက်ပေါင်း (၂၀)လောက် ချိတ်ထားရပြီး သတိမှာလည်း မျှောနေသည့် အနေအထားတွင်ရှိကြောင်း၊ ချိတ်ထားသည့် ပိုက်တစ်ခုခုကို ဖြုတ်လိုက်ရင်ကိုပင် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ အသက်ရှုနေမှု အနေအထားမှာလည်း အပြင်းအထန် လုယူရှုနေရတဲ့ အနေအထားဖြစ်ကြောင်း စိတ္တသုခ လူမှုကူညီရေး အသင်းမှာ တာဝန်ခံ ကူညီပေးနေသူများက ဆိုပါသည်။ ထို့ကြောင့် ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေမှန်ကို မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အချိန်နဲ့တပြေးညီ သိရှိနိုင်စေရန် ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ပါသည်။ ကိုမိုးကောင်း၏ နောက်ဆက်တွဲ အခြေအနေကိုလည်း ဆက်လက် တင်ပြပေးပါမည်။
Posted by cittasukha at 7:18 PM 0 comments
စုစည်းထားမှု = ၇။ သာရေး/ နာရေး / လူမှုရေး
ကိုမိုးကောင်း(ခ)ကိုမြတ်ဇော်ဝင်း လက်ရှိကျန်းမာရေးအခြေအနေ
Posted by cittasukha at 6:28 AM 0 comments
စုစည်းထားမှု = ၇။ သာရေး/ နာရေး / လူမှုရေး
Monday, April 4, 2011
လစဉ်ဟောကြား မြတ်တရား (၂)
လစဉ်ပြုလုပ်လာခဲ့တဲ့ တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲမှာ (၃)လပိုင်းရဲ့ တရားပွဲကို ပြီးခဲ့တဲ့ ၂၇-၃-၂၀၁၁ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ထုံးစံအတိုင်း တရားခေါင်းစဉ်လေး တစ်ခုပေးပြီး ဓမ္မလက်ဆောင်အဖြစ် ဟောကြား ချီးမြှင့်ပေးဖြစ်ခဲ့ပါတယ်။ တရားနာပရိတ်သတ် အများစုဟာ လူငယ်အမျိုးသားတွေပဲ ဖြစ်နေတဲ့အတွက် ဒီပရိတ်သတ်နဲ့ ကိုက်ညီမယ့် တရားတော်နဲ့ ဟောကြားမယ့် အကြောင်းအရာကိုလည်း ဘုန်းဘုန်းအနေနဲ့ ကြိုတင်စဉ်းစားရပါတယ်။ အများစုဟာ ဘာသာတရားနဲ့ အလှမ်းဝေးကြတဲ့ သူတွေဖြစ်သလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့သာ ကျင်လည်နေကြရတာ ဖြစ်တဲ့အတွက် ဝိပဿနာဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ တရားတော်တွေ ဟောပေးဖို့ကျတော့ တော်တော်စဉ်းစားရပါတယ်။ ဟောမယ်ဆိုလည်း နားလည်လွယ်စေမယ့် အကြောင်းအရာကိုပဲ ရွေးချယ်ဟောပေးရပါတယ်။ တရားနာပရိတ်သတ်ဟာ ဒီပရိတ်သတ်တွေပဲ အဖြစ်များ နေတာကြောင့်လည်း သူတို့အတွက် မှတ်မိတာ မမှတ်မိတာ အသာထား။ ကိုယ့်အတွက်ကတော့ ဟောပြီးသားတရား ထပ်ဟောလို့ မဖြစ်ပြန်ပါဘူး။ ဒါကြောင့် မဟောဖူးသေးတဲ့ တရားကို ရွေးချယ်ပြီး သူတို့သူတို့လေးတွေနဲ့ သင့်လျော်တဲ့ တရားအမည်တစ်ခုပေးကာ နားလည်လွယ်အောင်ပဲ ဟောကြားပေးရတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တရားပွဲမှာ ဟောကြားပေးဖြစ်ခဲ့တဲ့ တရားတော်ရဲ့ အမည်က “အကောင်းဆုံးဘဝ အရတော်ကြပါစေ” ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။
အကောင်းဆုံး ဘဝဆိုတာ အကောင်းဆုံးတွေ ရနေတဲ့ဘဝ၊ ရခဲတဲ့ အရာကို ရနေတဲ့ဘဝကို အကောင်းဆုံလို့ ဒီနေရာမှာ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီရခဲခြင်းဆိုတဲ့ စကားကို ပါဠိလို ဒုလ္လဘဆိုတဲ့ စကားလုံးနဲ့ ညွန်းဆိုပြီး ဒုလ္လဘတရား ငါးပါးရှိကြောင်းလည်း ဗုဒ္ဓဘုရား ဟောကြားတော်မူါတယ်။ ဒီငါးပါးကတော့
၁။ ဘုရားပွင့်တော်မူရန် ရခဲခြင်း (ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော)
၂။ လူအဖြစ်ကို ရခဲခြင်း (မနုဿဿဘာဝေါ ဒုလ္လဘော)
၃။ သဒ္ဓါတရားနဲ့ ပြည့်စုံရန် ရခဲခြင်း (ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ)
၎။ ရဟန်းအဖြစ်ကို ရခဲခြင်း (ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော)
၅။ သူတော်ကောင်းတရား ကြားနာဖို့ရန် ရခဲခြင်း (သဒ္ဓမ္မဿဝနံ ဒုလ္လဘံ) တို့ပဲ ဖြစ်ပါတယ်။
ဒီငါးပါးမှာ အခုလူ့ဘဝကို ရနေကြတဲ့ သူတွေဟာ ရခဲခြင်းတရားကို ရနေကြတဲ့ သူတွေဖြစ်တဲ့အတွက် အကောင်းဆုံးဘဝကို ရနေကြတဲ့ သူတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူ့ဘဝဟာ တခြားတခြား ဘုံသားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်ရခဲ့တဲ့ ဘဝဖြစ်ပါတယ်။ ကမ္ဘာမှာ လူတွေသန်းပေါင်း မြောက်များစွာ ရှိနေပေမယ့် နေ့စဉ်သတ်ဖြတ် စားသောက်နေကြတဲ့ သတ္တဝါတွေ၊ ပြိတ္တာဖြစ်နေကြတဲ့ သတ္တဝါတွေ၊ ငရဲခံနေရတဲ့ သတ္တဝါတွေ စတဲ့ အပါယ်ဘုံသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် လူ့ဘဝ ရနေတဲ့သူတွေဟာ အလွန်အမတန် နည်းပါးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လူ့ဘဝဟာ ရခဲတဲ့ဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ လူ့ဘဝဟာ လိုချင်တာတွေကို အရယူနိုင်တဲ့ ဘဝလည်း ဖြစ်ပါတယ်။ လူအဖြစ်နဲ့ အကောင်းဆုံးအရာတွေကို ပြုလုပ်အားထုတ်ပြီး အကောင်းဆုံးဘဝတွေကို ရောက်အောင် ရွေးချယ်သွားနိုင်သလို အမြင့်ဆုံးဖြစ်တဲ့ ဘုရားအဖြစ်၊ ရဟန်းအဖြစ်တွေကိုလည်း လူ့ဘဝနဲ့ အရယူနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ရခဲတဲ့ဘဝ၊ ရချင်တဲ့အရာတွေကို ရွေးချယ်ရယူနိုင်တဲ့ ဘဝ ဖြစ်တဲ့အတွက် လူ့ဘဝဟာ အကောင်းဆုံးဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။
လူ့ဘဝနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေမှာလာတဲ့ သုတ္တန်တစ်ခုကတော့ လူ့ဘဝဟာ အကောင်းဆုံးဘဝ၊ သုဂတိဘဝ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြထားပါတယ်။ ဒီသုတ်တော်ဟာ ပုဗ္ဗပဉ္စနိမိတ္တသုတ်ပဲ ဖြစ်ပါတယ်။ နတ်ပြည်က နတ်သား၊ နတ်သမီးတွေထဲမှာ အချို့နတ်သား နတ်သမီးတွေဟာ နတ်သက်ကြွေ စုတေခါနီးအချိန်မှာ နိမိတ်ငါးမျိုး ထင်တတ်တယ်လို့ ဆိုပါတယ်။ စတုမဟာရာဇ်၊ တာဝတိံသာ စတဲ့ နတ်ပြည်လောက နတ်သားနတ်သမီးတွေဟာ လူတွေလို ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်းမရှိဘဲ ကုသိုလ်ကောင်းမှု အရှိန်ကြောင့် နတ်သားနတ်သမီးတွေဟာ အရွယ်ရောက်သူတွေအဖြစ် တစ်ခါတည်း တန်းဖြစ်လာကြပါတယ်။ ဒီလိုအရွယ်ရောက်ပြီး နတ်သားနတ်သမီးအဖြစ်နဲ့ပဲ အိုခြင်းနာခြင်းမရှိ ကုသိုလ်အရှိန် ရှိသမျှ နတ်စည်းစိမ်ချမ်းသာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နတ်သားနတ်သမီးတွေ သေတာတော့ ရှိပါတယ်။ အိုနာတာတွေ မရှိပေမယ့် သေတဲ့အခါ သေခါနီးကာလမှာတော့ နိမိတ်လက္ခဏာတွေ ထင်လာတတ်ပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေမှာ စုတေခါနီး နိမိတ်ငါးမျိုး ထင်လာတတ်ပါတယ်။ အဲဒီ နိမိတ်ငါးမျိုးကတော့
၁။ သူတို့သူတို့ ပန်ဆင်အသုံးပြုထားတဲ့ နတ်ပန်းတွေ ညှိုးနွမ်းလာခြင်း
၂။ သူတို့ဝတ်ဆင်ထားတဲ့ နတ်ဝတ်တန်ဆာတွေ ညစ်နွမ်းလာခြင်း
၃။ လက်ကတီးကြား၊ ဂျိုင်းကြားမှာ ချွေးတွေထွက်လာခြင်း (ပုံမှန်အားဖြင့် နတ်သားနတ်သမီးများ ချွေးထွက်လေ့မရှိ)
၎။ ကိုယ်ရောင်ကိုယ်ဝါတွေဟာ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာခြင်း
၅။ နေနေရတဲ့ နတ်ဘုံဝမှာ မပျော်မွေ့တော့ခြင်း ဆိုတဲ့ နိမိတ်ငါးမျိုးပဲ ဖြစ်ပါတယ်။
ဒီလို နိမိတ်တွေ ထင်လာတာကို တွေ့ရတဲ့အခါ တစ်ခြားနတ်သားနတ်သမီးတွေက ဒီနိမိတ်တွေကိုကြည့်ပြီး အဲဒီနတ်သား နတ်သမီးတွေ နတ်သက်ကြွေကာ စုတေတော့မယ်ဆိုတာ သိကြပါတယ်။ အဲဒီလို နိမိတ်ထင်လာတဲ့ နတ်သားနတ်သမီးတွေကို သူတော်ကောင်းနတ်တွေကနေ သွားပြီးတော့ အမှာစကားဆိုကြပါတယ်။ ဒီသုတ်တော်မှာတော့ စကားသုံးခွန်းမှာတယ်လို့ ဆိုပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေကို မှာတဲ့အဲဒီ စကားသုံးခွန်းကတော့
၁။ ဒီဘဝကနေ စုတေပြီးနောက် သုဂတိ ဘဝကို ရောက်အောင်သွား
၂။ သုဂတိဘဝရောက်တဲ့အခါ ရသင့်ရထိုက်တာကို ရအောင်ယူ
၃။ ရသင့်ရထိုက်တာကို ရပြီးရင် အဲဒီအရာကို တည်တံ့ခိုင်မြဲအောင် ကြိုးစား ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
နတ်တွေမှာတဲ့ ဒီစကားသုံးမျိုးမှာ သုဂတိဘဝဆိုတာ လူ့ဘဝကို ဆိုခြင်းဖြစ်ပြီး၊ ရသင့်ရထိုက်တဲ့အရာ ဆိုတာ သဒ္ဓါတရားကို ဆိုခြင်းဖြစ်ကာ အဲဒီအရာကို ခိုင်မြဲအောင် ကြိုးစားဆိုတာ သဒ္ဓါတရားမြဲအောင် ကြိုးစားလို့ ဆိုခြင်းဖြစ်ကြောင်း ဒီသုတ္တန်နဲ့ စာပေအဖွင့်တွေက ဆိုပါတယ်။ ဒါက နတ်တွေကတောင် ပြောဆိုလေ့ရှိတဲ့ လူ့ဘဝအကြောင်း အကောင်းလေးတွေပဲ ဖြစ်ပါတယ်။
ဒီဒေသနာတော်အရ လူ့ဘဝဟာ တကယ့်ကို အကောင်းဆုံး ဘဝဖြစ်တယ်ဆိုတာ သိနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအကောင်းဆုံးဘဝမှာ နတ်တွေပြောသလို ရသင့်ရထိုက်တာကို ရအောင်ယူပြီး၊ မြဲသင့်မြဲထိုက်တာကို မြဲနေနိုင်မှ အကောင်းဆုံးဘဝ အရတော်ကြမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင် အကောင်းဆုံး ဘဝကို ရထားပေမယ့် အရမတော်တဲ့ အဖြစ်တွေနဲ့လည်း ကြုံတွေ့တတ်ပါတယ်။ လက်ရှိရထားတဲ့ အကောင်းဆုံး လူ့ဘဝမှာ အရတော်ကြဖို့ စာပေတွေက ပြောတဲ့အတိုင်း သဒ္ဓါတရားကို ရရှိအောင် ကြိုးစားပြီး သဒ္ဓါမြဲဖို့လည်း အထူးလိုအပ်လှပါတယ်။ သိတဲ့အတိုင်း သဒ္ဓါတရား ရှိဖို့၊ သဒ္ဓါတရား ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ပုထုဇဉ်သဘာဝ စိတ်တွေကလည်း ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်တဲ့ အတွက်ကြောင့် သဒ္ဓါတရားကို ထိန်းဖို့ခက်နေကြခြင်းလည်း ဖြစ်ပါတယ်။
သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှုလို့ ယေဘုယျ နားလည်ထားနိုင်ပါတယ်။ ဒီအဖွင့်တွေအရ ပုထုဇဉ်တွေမှာ ရတနာသုံးပါးနဲ့ ပတ်သက်ပြီး ယုံကြည်မှုမြဲဖို့၊ ကံတရားနဲ့ ပတ်သက်ပြီး ယုံကြည်မှုခိုင်ဖို့ အတော်ခဲယင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိုယ့်မှာရှိနေတဲ့ သဒ္ဓါတရားဟာ တစ်ခါတလေ အကောင်းဆုံးအလုပ်တစ်ခုခုကို လုပ်ဖို့ဆုံးဖြတ်ထားပေမယ့် တော်ကြာပြောင်းရင် ပြောင်းသွားတတ်သလို ဘယ်နေ့ဘယ်အချိန်မှာ ဒါနလုပ်လိုက်မယ်၊ သီလဆောက်တည်လိုက်မယ်၊ ဘာဝနာ တစ်ခုခုကို အားထုတ်လိုက်မယ်၊ ဘယ်သူ့ကို ဘာလေးကူညီလိုက်မယ်၊ ဘာလေးလုပ်ပေးလိုက်မယ် စတဲ့အတွေးအကြံ ရည်ရွယ်ချက်တွေ ရှိနေပေမယ့် တကယ်လုပ်မယ်ဆိုတော့ ပျက်ပြယ်သွားတာတွေလည်း ရှိတတ်ပါတယ်။ မရခင်တုန်းကတော့ ရလာရင် ဘာလုပ်လိုက်မယ်လို့ ရည်ရွယ်ထားတတ်ပေမယ့် တကယ်ရလာတဲ့အခါကျတော့ စိတ်ပြောင်းသွားတတ်တာ၊ သဒ္ဓါတရား လျော့သွားတတ်တာတွေလည်း အများကြီး ဖြစ်တတ်ကြပါတယ်။ ဒီလို အဖြစ်မျိုးကတော့ ပုထုဇဉ် မှန်သမျှ သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ သဘောဆိုတာထက် ဒါဟာ သဒ္ဓါတရား မခိုင်မြဲတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရားဟာ ရှိဖို့ခဲရင်းသလို၊ မြဲဖို့လည်း ခဲရင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
လူအတော်များများမှာ သဒ္ဓါတရား ရှိဖို့ခဲယင်းတတ်သလို ရှိပြီးသား အရာကို မြဲဖို့အတွက်လည်း ကိုယ်ကိုယ်တိုင်ပဲ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရား တည်တံ့ဖို့အတွက် ဘယ်တန်ခိုးရှင်ကမှ လုပ်ဆောင်ပေးလို့ မရပါဘူး။ ဗုဒ္ဓလက်ထက်က တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးတောင်မှ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံတည်တံ့အောင် တန်ခိုးတော်နဲ့ မလုပ်ပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒီစကားတော်ကို အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ကိုယ်တော်တိုင် အလုပ်အကျွေး ဒကာကြီးတစ်ယောက်ကို မိန့်တော်မူဖူးပါတယ်။
တစ်ခါက မြတ်စွာဘုရားရှင်မှာ ဆွမ်းကိစ္စ အလှူနှစ်ခုနဲ့ ကြုံခဲ့ရဖူးပါတယ်။ တစ်ဦးက အရှင်သီဝလိလောင်းကို (၇)နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ မယ်တော် သုပ္ပဝါသာ ဒကာမဖြစ်ပြီး တစ်ဦးက အရှင်မောဂ္ဂလာန်မထေရ်ရဲ့ အလုပ်အကြွေး ဒကာကြီးပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် အနေဖြင့် အလုပ်အကျွေးဒကာကြီးက အရင်ဆွမ်းပင့်ထားတာ ဖြစ်ပေမယ့် ကိုယ်တိုင်ချီးမြှောက်ရမယ့် အကြောင်းရှိနေတဲ့အတွက် သုပ္ပဝါသာ ဒကာမကြီးရဲ့ ဆွမ်းကို အရင်ချီးမြှောက်လိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က အလုပ်အကျွေး ဒကာကြီးရဲ့ ခွင့်ပြုချက်ကိုယူဖို့ အရှင်မဟာမေဂ္ဂလာန် မထေရ်ကို အမိန့်ရှိတော်မူပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်လည်း ဒကာကြီးဆီရောက်ပြီး အကျိုးအကြောင်းပြောပြတော့ ဒကာကြီးက “ကောင်းပါပြီဘုရား အရှင်ုဘရားအနေနဲ့ ဒီခုနှစ်ရက်အတွင်းမှာ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာရယ်၊ တပည့်တော်ရဲ့ အသက်ရယ်၊ တပည့်တော်ရဲ့ သဒ္ဓါတရားရယ် ဒီသုံးမျိုး မပျက်အောင်၊ မပြောင်းအောင် တာဝန်ယူပေးပါဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ မထေရ်မြတ်က “ဒကာကြီးရေ စည်းစိမ်ဥစ္စာနဲ့ အသက်ကိုတော့ တာဝန်ယူပေးလို့ရတယ်၊ သဒ္ဓါတရားကိုတော့ ဒကာကြီးကိုယ်တိုင်ပဲ တာဝန်ယူပါ”လို့ ပြန်မိန့်လိုက်ပါတယ်။ နောက်ဆုံးတော့ သူ့သဒ္ဓါတရားကို သူယုံကြည်တဲ့ ဒကာကြီးက ဘုရားရှင် အမိန့်ရှိတော်မူတဲ့အတိုင်း လိုက်နာဆောင်ရွက် သွားခဲ့ပါတယ်။
ဒီမှာ အဓိက ပြောချင်တာက သဒ္ဓါတရားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးကိုယ်တိုင်တောင် တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံအောင် လုပ်မပေးနိုင်ဘဲ သဒ္ဓါတရားမြဲဖို့ ကိုယ်တိုင်ပဲ လုပ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သဒ္ဓါတရားဟာ အဲဒီလောက်ကို တည်တံ့ဖို့ ခဲယင်းတာဖြစ်ပါတယ်။ ဘယ်တန်ခိုးရှင်ကမှ သဒ္ဓါတရားမြဲအောင် လုပ်မပေးနိုင်သလို ဖြစ်ဖို့ရဖို့ ခဲရင်းတဲ့ ဒီသဒ္ဓါတရားကိုလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နတ်တွေမှာသလို ရခဲတဲ့ သဒ္ဓါကို ရအောင်လုပ်ဖို့က ကိုယ်ကိုင်တိုင်ပဲ လုပ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။
နောက် အဲဒီလို ရလာတဲ့ သဒ္ဓါတရားကို ကောင်းစွာတည်တံ့အောင် ထာဝရမပျောက်အောင် လုပ်ဖို့အတွက်ကလည်း အနည်းဆုံး သောတာပန်အဆင့်ကို ရောက်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။ သောတာပန်ဖြစ်သွားရင်တော့ သဒ္ဓါတရား လုံးဝမြဲသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘဝ သောတာပန် ဖြစ်အောင် မလုပ်နိုင်သေးပေမယ့်လည်း သောတာပန်အလား သရဏဂုံနဲ့ ကံငါးပါးလုံထားမယ်ဆိုရင်တော့ သဒ္ဓါတရားလည်း ကောင်းကောင်းမြဲနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ သောတာပန် အဖြစ်ကို မရနိုင်သေးတာတောင်မှ အနည်းဆုံး သရဏဂုံနဲ့ ငါးပါးသီလလောက်တော့ လုံထားမှ ဖြစ်မှာလို့ ဆိုခြင်းဖြစ်ပါတယ်။
ပြောချင်တာက အကောင်းဆုံးဘဝ အရတော်ကြစေဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကောင်းဆုံးဘဝ တစ်ခုအဖြစ် ရရှိလာတဲ့ လူ့ဘဝမှာ ရသင့်ရထိုက်တဲ့ သဒ္ဓါတရားကို ရအောင်ကြိုးစားပြီး အဲဒီသဒ္ဓါတရားကို တတ်နိုင်သမျှ မြဲမြံအောင်ကြိုးစားကာ အရတော်တဲ့ ဘဝဖြစ်အောင် ကြိုးစားကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ရရှိထားတဲ့ အကောင်းဆုံးဘဝ ထာဝရကောင်းစေဖို့၊ သဒ္ဓါတရား ထာဝရတည့်တံ့စေဖို့ ဆိုတာဟာ အရိယာအဖြစ်ကို ရရှိထားမှ စိတ်ချရနိုင်ပေမယ့် ဒီဘဝမှာ ကံငါးပါးကို လုံအောင်ထိန်းပြီး ဒါနအလုပ်၊ ဘာဝနာအလုပ်တွေကို ကြိုးစားအားထုတ် ထားနိုင်မယ်ဆိုရင်တော့ သောတာပန်အလား သဒ္ဓါတရားအားကောင်းကာ လားရာဂတိလည်း ကောင်းနေနိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိရရှိထားတဲ့ လူ့ဘဝမှာ အနည်းဆုံးတော့ ကံငါးပါးကို လုံအောင်ကြိုးစားကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် အကောင်းဆုံးဘဝ အရတော်ကြပါစေ ဆိုတဲ့ ဒီနေ့တရားတော်အရ အကောင်းဆုံးဘဝဖြစ်တဲ့ လူ့ဘဝကို ရရှိထားကြတဲ့ သူတွေအနေနဲ့ လူလည်းဖြစ်၊ ဘုရားသာသနာနဲ့လည်းကြုံ၊ အထိုက်အလျောက် သဒ္ဓါတရားလေးတွေလည်း ရှိနေကြပြီ ဖြစ်တဲ့အတွက် ကိုယ်လက်ရှိရထားတဲ့ အကောင်းဆုံး အခြေအနေကို ဒီထက်ပိုတဲ့ အရတော်တဲ့ အကောင်းဆုံး ဘဝမျိုးဖြစ်အောင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းတဲ့ဘဝ အရကောင်းတဲ့ သူတွေဖြစ်အောင်လည်း ဆထပ်ပိုပြီး အားထုတ်လိုက်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး အကောင်းဆုံးဘဝ အရတော်ကြပါစေ…
READ MORE......
Posted by cittasukha at 7:24 PM 0 comments
စုစည်းထားမှု = လစဉ်ဟောကြား မြတ်တရား
ကိုမိုးကောင်း၏ ကျန်းမာရေးအတွက် ကူညီငွေ ဆက်လက်ကောက်ခံရရှိသော စာရင်း
ကိုမိုးကောင်း၏ ကျန်းမာရေးအတွက် ကူညီငွေ ဆက်လက်ကောက်ခံရရှိသော စာရင်း
ဝမ်ငါးသောင်း အလှူရှင်များ
(၁)ကိုနေလင်း(ရွှေကမ္ဘာမြန်မာစတိုး)
(၂)ကိုရွှန်းဝင့်နွယ်
ဝမ်နှစ်သောင်း အလှူရှင်များ
(၁)ကိုစိန်ချွန်
(၂)ကိုဇော်ကြီး
(၃)ကိုဟန်ထွန်းမောင်
ဝမ်တစ်သောင်း အလှူရှင်များ
(၁)ကိုခင်ဇော်
(၂)ကိုစိုးမင်းသိန်း
(၃)ကိုတင်မျိုးအောင်
(၄)ကိုနိုင်လင်းထွန်း
(၅)ကိုကျော်စိုးဦး
(၆)ကိုလင်းဇင်ဦး
(၇)ကိုဇော်ထက်ဦး
(၈)ကိုရဲစည်သူဇော်
(၉)ကိုဗိုလ်ဇာစိုး
(၁၀)ကိုဇော်မင်းသူ
(၁၁)ကိုကျော်ဇောလင်း
(၁၂)ကိုအောင်မျိုးမင်း
(၁၃)ကိုစိုးမိုးထက်
Posted by cittasukha at 4:56 AM 0 comments
စုစည်းထားမှု = ၂။ ပြန်ကြားရေးဆိုင်ရာများ, ၇။ သာရေး/ နာရေး / လူမှုရေး
Sunday, April 3, 2011
တနင်္ဂနွေ ဒေဂူး အထူးသတင်းများ...
တနင်္ဂနွေ ဒေဂူးအထူးသတင်းများ...
ရွှေမြန်မာအသိုင်းအဝိုင်းထံမှ ရရှိတဲ့ သတင်းထူးများကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော်၏ကျန်းမာရေး အကူအညီသတင်း
(၂)တစ်ကကြီး၊နှစ်ကကြီး ရွှေမြန်မာများအတွက် ကိုရီးယားလဝက အဖမ်းအဆီးသတင်း
(၃) အီး(၉)ဗီဇာပြည့် မြန်မာပြည်ပြန်သော မြန်မာအလုပ်သမားများအတွက် သတင်း
သတင်းအပြည့်အစုံ
(၁) ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် ၏ကျန်းမာရေး အကူအညီသတင်း
ဒေဂူးမြို့မှ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဖြစ်သော ကိုမိုးကောင်း(ခ) ကိုမြတ်ဝင်းဇော်သည် နာမကျန်းဖြစ်နေပြီး ဆေးရုံတက် ကုသရန်လိုအပ်သောအခြေအနေဖြစ်နေပါသည်။ ထိုက်သင့်သော ကျန်းမာရေးကောင်းမွန်မှုရရှိလျှင် မြန်မာပြည်ပြန်နိုင်ရန်ကိုပါ ဝိုင်းဝန်းကူညီပံ့ပိုးကြမည်ဖြစ်ပါသဖြင့် စိတ္တသုခ လူမှုကူညီရေးအသင်းမှ ဦးဆောင်၍ အောက်ပါပုဂ္ဂိုလ်များထံတွင် ကူညီလှူဒါန်း နိုင်ပါသည်။
(၁)ကိုမော်ကြီး (ဖုန်း- ၀၁၀ ၆၅၅၁ ၄၄၄၀)
(၂) ကိုရွှန်းဝင်းနွယ်(ဖုန်း-၀၁၀ ၅၁၃၂ ၅၂၉၉)
(၃) ကိုဇေယျာတင့် (ဖုန်း-၀၁၀ ၉၈၃၈ ၁၉၈၆)
ကူညီလှူဒါန်းသူများစာရင်း...
ဝမ်ခုနှစ်သိန်းအလှူရှင်များ
(၁)ကိုဖိုးဇော်
(၂)ကိုအောင်ဘု
(၃)အရုပ်သည်
ဝမ် နှစ်သိန်းအလှူရှင်
-ကိုကျော်ဌေး
ဝမ်တစ်သိန်းအလှူရှင်များ
(၁)စိတ္တသုခ ဘုန်းတော်ကြီးကျောင်း
(၂)ကိုလှမျိုး
(၃)ကိုမောင်ဦး
ဝမ်ငါးသောင်းအလှူရှင်များ
(၁)ကိုမော်ကြီး
(၂)ကိုအောင်ကျော်ငြိမ်း
(၃)ကိုမျိုးမင်းသန်း
(၄)ကိုဗိုလ်လင်း
(၅)ကိုဝင်းမြင့်သိန်း
(၆)ကိုသိန်းငွေ
(၇)ကိုဇေယျာတင့်
(၈)ကိုကယား(ဟာဘင်း)
(၉)ကိုလင်းထိန်ဝင်း
(၁၀)ကိုဇော်မင်း(ယုံရှင်း)
(၁၁)ကိုဝင်းနိုင်ဦး(ယုံရှင်း)
(၁၂)ကိုအောင်ဇော်ဝင်း
ဝမ်သုံးသောင်းအလှူရှင်များ
(၁)ကိုလင်းလင်းစိန်
(၂)ကိုဝင်းနိုင်ဦး
(၃)ကိုမျိုးညွန့်သိန်း
(၄)ကိုသက်နိုင
(၅)ကိုကျော်ကျော်မင်း
(၆)ကိုထွန်းထွန်းလင်း
ဝမ်နှစ်သောင်းအလှူရှင်များ
(၁)ကိုသန်းလွင်ဦး
(၂)ကိုသက်ချို
(၃)ကိုကျင်စိန်
(၄)ကိုကျော်မိုးဦး
(၅)ကိုအောင်ကျော်မိုး
(၆)ကိုအောင်ဇော်မင်း
(၇)ကိုချန်ဒူးဝမ်
(၈)ကိုဇော်ဝင်းထွန်း
(၉)ကိုနေမျိုးအောင်စိုး
ဝမ်တစ်သောင်းအလှူရှင်
-ကိုရန်နိုင်ထွန်း
အလှူရှင်အမည်စာရင်း မှားယွင်းနေပါက ပြင်ဆင်ပေးပါမည်။ထပ်မံရရှိသော အလှူရှင်များစာရင်းကို ထပ်မံတင်ပြပါမည်။(ကိုဝင်းလတ်)
(၂)တစ်ကကြီး၊နှစ်ကကြီး ရွှေမြန်မာများအတွက် ကိုရီးယားလဝက အဖမ်းအဆီးသတင်း
အီးပီအက်စ် စနစ်ဖြင့် ကိုရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်လာသောအလုပ်သမားများကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးမှ တင်းကြပ်စွာစီစစ်နေပြီး အရေးယူမှုများ ပြုလုပ်နေပါသည်။ ယခုအခါ မြန်မာ အလုပ်သမားထဲမှ စီစစ်တွေ့ရှိပြီး ဖမ်းဆီးပြန်ပို့နေမှုများ ဖြစ်ပေါ်နေပါသည်။ထို့အပြင် အသစ်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား လေဆိပ်အဝင်မှာ စီစစ်ခံနေရခြင်း၊ပြန်ပို့ခြင်း ဖြစ်ရပ်များရှိနေပါသည်။ သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံတွင်းရောက်ရှိနေသော တစ်ကကြီး၊နှစ်ကကြီး ရွှေမြန်မာများနှင့် လာရောက်ရန် အသင့်ဖြစ်နေကြသော ရွှေမြန်မာအား သိရှိစေနိုင်ရန် တင်ပြလိုက်ပါသည်။
(၃) အီး(၉)ဗီဇာပြည့် မြန်မာပြည်ပြန်သော မြန်မာအလုပ်သမားများအတွက် သတင်း
အီး(၉)ဗီဇာ ဖြင့် ကိုရီးယားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ပြီး နှစ်ပြည့်၍ ဌာနေပြန်ကြသော မြန်မာအလုပ်သမားများအတွက် မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြုပ်နှံလုပ်ကိုင်နေသော ကိုရီးယား လုပ်ငန်းရှင်များမှ လုပ်ငန်းကျွမ်းကျင်မှု ၊ ကိုရီးယားစကား တတ်ကျွမ်းနားလည်မှုများရှိသည့် မြန်မာများကို ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်၍ လုပ်ကိုင်လိုကြပါသည်။ သို့ပါ၍ လိုအပ်သော အချက်အလက်များကို ကိုရီးယားရှိ သက်ဆိုင်ရာ ဌာနများက ရယူမည်ဖြစ်ပါသဖြင့် မြန်မာပြည် ပြန်ဖို့ အစီအစဉ် ရှိသူများက ဖြည့်စွက်ရန် Job Application Form ကို စိတ္တသုခ ဘုန်းတော်ကြီးကျောင်းတွင် ရယူနိုင်ပါသည် ။
Posted by cittasukha at 5:42 AM 0 comments
စုစည်းထားမှု = ၂။ ပြန်ကြားရေးဆိုင်ရာများ, ၇။ သာရေး/ နာရေး / လူမှုရေး

