Tuesday, January 13, 2015

မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ



တောင်ကိုရီးယားနိုင်၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်း (မနာပဒါယီ ပညာရေးစင်တာ)တို့၏ ပဓါနနာယကဆရာတော် ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မကထိက မနာပဒါယီ အရှင်ဝိစိတ္တ (ကိုရီးယား) ၏ သက်တော် (၄၀)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်ကို ကျောင်းအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှု၊ စိတ္တသုခ ညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှု၊ ကိုရီးယားရောက် ရွှေမြန်မာများ၏ သဒ္ဓါကြည်ဖြူ ကုသိုလ်ယူမှုတို့ဖြင့် အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၃၇၆ခု၊ ပြာသိုလ်လပြည့်ကျော် (၁၄)ရက်၊ 18-1-2015 တနင်္ဂနွေနေ့

ဧည့်ခံချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ

တရားနာချိန် = နေ့လယ် (၁) နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့

အာဟာရဒါန အလှူရှင် = စိတ္တသုခရွှေညီအစ်ကိုများ

မှတ်ချက်။ ။ စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့သည် ပဓာန နာယက ဆရာတော်၏ မွေးနေ့အလှူပွဲအား ယခုနှစ်မှစတင်ကာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားပါသဖြင့် စိတ္တသုခနွယ်ဖွား ရွှေမြန်မာများအနေဖြင့် အတူတကွ ပူပေါင်းပါဝင် ကုသိုလ်တော်ပန်ဆင်နိုင်ကြစေရန် အသိပေးဖိတ်ခေါ် တိုက်တွန်းအပ်ပါသည်။

လေးစားစွာဖြင့် ...

ကျောင်းအကျိုးဆောင်အဖွဲ့

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster