Monday, October 27, 2014

ပဉ္စမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော်မှတ်တမ်း တင်ပြခြင်း


တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့  ၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးတော်ဆောင်အဖွဲ့၏ ဦးဆောင်မှု၊ ဆဲလ်ချွန်းစက်မှုဇုံ ရွှေမြန်မာညီအစ်ကိုများနှင့် လုံစိုင်းပရဟိတအဖွဲ့တို့၏ မတည်လှူဒါန်းမှုနှင့်အတူ အဝေးအနီး အသီးသီး၌ ရှိကြကုန်သော စေတနာရှင် ရွှေမြန်မာအပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် ကောင်းမှုအစု ကြိုစားပြုခဲ့ကြသည့် စိတ္တသုခကျောင်းတော်၏ ပဉ္စမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော်ကို ၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၄) ရက် ၊ (26-10-2014) တနင်္ဂနွေနေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။ ပြုလုပ်နိုင်ခဲ့သော ကုသိုလ်များကို သာဓုခေါ်ဆို နိုင်ကြစေရန် တင်ပြအပ်ပါသည် ။ 

စဉ်
ကုသိုလ်အမှု
ပမာဏ
(သောင်း)
အာဂန္တုဆရာတော်များ န၀ကမ္မ ကပ်လှူ
၁၃၀
စိတ္တသုခကျောင်း ဆရာတော်များ န၀ကမ္မ ကပ်လှူ
၁၀၀
စိတ္တသုခကျောင်း ဆရာတော်များ သို့ လေယာဉ်လက်မှတ် ၊ ကွန်ပြူတာ ၊ Sound Box ..စသည် လှူဖွယ်ဝတ္ထုများ ကပ်လှူ
၃၂၀
အဟာရဒါန အတွက်
၁၁၀
စိတ္တသုခကျောင်း ရံပုံငွေစာရင်းသို့ (ငွေသား+ဘဏ်)
၄၀၄




စုစုပေါင်း (တစ်ရာ့ခြောက်သိန်းလေးသောင်းတိတိ)
၁၀၆၄

ဤသို့ အောင်မြင်စွာ ကျင်းပပြီးစီးရန်အတွက် အဖက်ဖက်မှ ကူညီခဲ့ကြသူများ ၊လှူဒါန်းခဲ့ကြသူများ အားလုံးကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ၊ အထူးအားဖြင့်

(၁) ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော် အရှင်သူမြတ်တို့အားလည်းကောင်း
(၂) ပင်မအလှူရှင်များဖြစ်ကြသော ဆဲချွန်းရွှေညီအစ်ကိုများနှင့် လုံစိုင်းအဖွဲ့တို့အားလည်းကောင်း
(၃) ကထိန်ပင်မ ဉတ်သင်္ကန်း ၊ ရေစက်ခွက်(၂)စုံ ၊ အလှူအတွက် သရက်ချဉ် ၊ ဆနွင်းမကင်း စသည်တို့ မှာယူလှူဒါန်းပေးခဲ့သော ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် တို့အားလည်းကောင်း
(၄) လစဉ်အလှုငွေများကို စည်းရုံး အလှူခံပေးကြသော ဒါဆန်းစက်မှုဇုန် ၊ ဂယောင်ဆန်းစက်မှုဇုံ ၊ ၀ှီးဆောင်း Global ၊ ကိုမျိုးကျော်ဆန်းအဖွဲ့ ၊ ကိုဇော်မင်းဦးအဖွဲ့ ၊ သုခအဖွဲ့ ၊ စိတ္တသုခလူငယ်များ .. စသည်တို့အား လည်းကောင်း
(၅) လာရောက် ကုသိုလ်ယူခဲ့ကြသော ဂယောင်ဘုတ် ၊ ယောင်နန် ၊ ဂယ်မြောင် .. တက္ကသိုလ် စသည်တို့မှ မြန်မာ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ အားလည်းကောင်း
(၆) ချက်ပြုတ်ပြင်ဆင် သိမ်းဆည်းဧည့်ခံ စီမံပေးကြသော လုံစိုင်းနှင့် စိတ္တသုခ လူငယ်များအားလည်းကောင်း
(၇) အရသာရှိလှသော နံနက်ခင်းစားဖွယ်ရာ ပေါင်မုန့်ကြော်နှင့် လက်ဖက်ရည်ကို စီမံပေးသော ကိုဌေးလှိုင်ဦး အားလည်း ကောင်း ..
အားလုံးအားလုံး ကို တစ်ယောက်မကျန် အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်..
.
လေးစားစွာဖြင့် ..




0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster