Monday, July 7, 2014

စိတ္တသုခကျောင်းတော် ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူစာရင်းများ တင်ပြခြင်း



ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့စိတ္တသုခကျောင်းတော်တွင် ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။ ဒါဆန်းရွှေညီအစ်ကိုများက အဟာရဒါနနှင့်တကွ လိုအပ်သည်များကို ပင်မအလှူရှင်များအဖြစ် တာဝန်ယူ၍ ဦးဆောင်လှူဒါန်းခဲ့ကြသည်မှာ ဂုဏ်ယူ ပီတိ ဖြစ်ဖွယ်ရာပင် ဖြစ်ပါသည် ။ ဒါဆန်းညီအစ်ကိုများမှာ စည်းစည်းလုံးလုံးနှင့် သဒ္ဓါတရား ထက်သန်လှပါသည် ၊ တစ်နှစ်ထက်တစ်နှစ် ပို၍ ကုသိုလ်ရေး လုပ်ငန်းများ ပိုပြီး အားကောင်းလာသည်ကို တွေ့မြင်ကြရပါသည် ။ အနယ်နယ် အရပ်ရပ်မှ စိတ္တသုခ မိသားစုဝင် ကုသိုလ်ရှင်များကလည်း အတူတကွ ကုသိုလ်ပါဝင် လှူဒါန်းကူညီခဲ့ကြပါသည် ။
ပြုလုပ်နိုင်ခဲ့သောလှူဒါန်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။ ၀မ်းမြောက်သာဓုခေါ်နိုင်ကြစေရန် ဖြန့်ဝေလိုက်ပါသည် ။



စဉ်
လှူဒါန်းမှုများ
စုစုပေါင်း
(သောင်း)
သံဃာတော် (၅) ပါးသို့ န၀ကမ္မကပ်လှူငွေ
၁၂၅
မနာပဒါယီ ဖောင်ဒေးရှင်း အတွက် လှူဒါန်းငွေ
၅၀
ဓမ္မရိပ်ငြိမ် ဖောင်ဒေးရှင်း အတွက် လှူဒါန်းငွေ
၅၀
မနာပဒါယီ ပညာဒါနကျောင်းအတွက် လှူဒါန်းငွေ
၃၀
ဓမ္မရိပ်ငြိမ်ဆရာတော် ဦးဆောင်သည့် ဓမ္မစကူးလ် အတွက် လှူဒါန်းငွေ
၃၀
အဟာရဒါန အတွက် ကုန်ကျငွေ
၁၀၆
စိတ္တသုခကျောင်း အထွေထွေ ငွေပဒေသာပင် စာရင်းသို့ ထည့်သွင်းငွေ
၉၂၅




ကိုနေ၀င်း (ယုံရှင်း) က သီးခြားလှူဒါန်းငွေ


သံဃာတော် (၅) ပါးသို့ န၀ကမ္မကပ်လှူငွေ
၂၅

မနာပဒါယီ ပညာဒါနကျောင်းအတွက် …. …………. US$ 200.





စုစုပေါင်း ( တစ်ရာသုံးဆယ့်လေးသိန်း တစ်သောင်းတိတိ)
၁၃၄၁


 အလှူရှင်များ စာရင်းချုပ်ကို ဆက်လက်တင်ပြအပ်ပါသည် ။ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။


စဉ်
အလှူရှင်များ
စုစုပေါင်း
(သောင်း)
ဒါဆန်းညီအစ်ကိုများ
၈၁၈
အရပ်ရပ် အလှူရှင်များ
၅၂၃




စုစုပေါင်း  ( တစ်ရာသုံးဆယ့်လေးသိန်း တစ်သောင်းတိတိ)
၁၃၄၁



အဖက်ဖက်မှ နည်းမျိုးစုံဖြင့် ကူညီခဲ့ကြသူများအားလုံးကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျာ ..

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster