ကိုရီးယားနိုင်ငံ
ဒယ်ဂူးမြို့စိတ္တသုခကျောင်းတော်တွင် ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။ ဒါဆန်းရွှေညီအစ်ကိုများက အဟာရဒါနနှင့်တကွ
လိုအပ်သည်များကို ပင်မအလှူရှင်များအဖြစ် တာဝန်ယူ၍ ဦးဆောင်လှူဒါန်းခဲ့ကြသည်မှာ ဂုဏ်ယူ
ပီတိ ဖြစ်ဖွယ်ရာပင် ဖြစ်ပါသည် ။ ဒါဆန်းညီအစ်ကိုများမှာ စည်းစည်းလုံးလုံးနှင့် သဒ္ဓါတရား
ထက်သန်လှပါသည် ၊ တစ်နှစ်ထက်တစ်နှစ် ပို၍ ကုသိုလ်ရေး လုပ်ငန်းများ ပိုပြီး အားကောင်းလာသည်ကို
တွေ့မြင်ကြရပါသည် ။ အနယ်နယ် အရပ်ရပ်မှ စိတ္တသုခ မိသားစုဝင် ကုသိုလ်ရှင်များကလည်း အတူတကွ
ကုသိုလ်ပါဝင် လှူဒါန်းကူညီခဲ့ကြပါသည် ။
ပြုလုပ်နိုင်ခဲ့သောလှူဒါန်းမှုများမှာ
အောက်ပါအတိုင်း ဖြစ်ကြပါသည် ။ ၀မ်းမြောက်သာဓုခေါ်နိုင်ကြစေရန် ဖြန့်ဝေလိုက်ပါသည် ။
စဉ်
|
လှူဒါန်းမှုများ
|
စုစုပေါင်း
(သောင်း)
|
၁
|
သံဃာတော် (၅) ပါးသို့
န၀ကမ္မကပ်လှူငွေ
|
၁၂၅
|
၂
|
မနာပဒါယီ ဖောင်ဒေးရှင်း
အတွက် လှူဒါန်းငွေ
|
၅၀
|
၃
|
ဓမ္မရိပ်ငြိမ် ဖောင်ဒေးရှင်း
အတွက် လှူဒါန်းငွေ
|
၅၀
|
၎
|
မနာပဒါယီ ပညာဒါနကျောင်းအတွက်
လှူဒါန်းငွေ
|
၃၀
|
၅
|
ဓမ္မရိပ်ငြိမ်ဆရာတော်
ဦးဆောင်သည့် ဓမ္မစကူးလ် အတွက် လှူဒါန်းငွေ
|
၃၀
|
၆
|
အဟာရဒါန အတွက် ကုန်ကျငွေ
|
၁၀၆
|
၇
|
စိတ္တသုခကျောင်း အထွေထွေ
ငွေပဒေသာပင် စာရင်းသို့ ထည့်သွင်းငွေ
|
၉၂၅
|
ကိုနေ၀င်း (ယုံရှင်း)
က သီးခြားလှူဒါန်းငွေ
|
||
သံဃာတော် (၅) ပါးသို့
န၀ကမ္မကပ်လှူငွေ
|
၂၅
|
|
မနာပဒါယီ ပညာဒါနကျောင်းအတွက်
…. …………. US$ 200.
|
||
စုစုပေါင်း ( တစ်ရာသုံးဆယ့်လေးသိန်း
တစ်သောင်းတိတိ)
|
၁၃၄၁
|
အလှူရှင်များ စာရင်းချုပ်ကို ဆက်လက်တင်ပြအပ်ပါသည် ။ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။
စဉ်
|
အလှူရှင်များ
|
စုစုပေါင်း
(သောင်း)
|
၁
|
ဒါဆန်းညီအစ်ကိုများ
|
၈၁၈
|
၂
|
အရပ်ရပ် အလှူရှင်များ
|
၅၂၃
|
စုစုပေါင်း ( တစ်ရာသုံးဆယ့်လေးသိန်း တစ်သောင်းတိတိ)
|
၁၃၄၁
|
အဖက်ဖက်မှ နည်းမျိုးစုံဖြင့် ကူညီခဲ့ကြသူများအားလုံးကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျာ ..
0 comments:
Post a Comment