Sunday, May 18, 2014

ဓမ္မယာနပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်ကျောင်းတော် ကျောင်းသစ်ဖွင့်ပွဲ နှင့် သီတဂူဆရာတော်ဘုရားကြီး၏ ဓမ္မသဘင်ကို စိတ္တသုခ မိသားစုက ဂုဏ်ယူဝမ်းမြောက်စွာ သွားရောက် ကြည်ညို ပူဇော်ခဲ့ခြင်း



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (18.5.2014) က ဒေဂူးမြို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှ မိသားစုဝင် ကုသိုလ်ရှင်များသည် ဘူဆန်မြို့ရှိ ဓမ္မယာနပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်ကျောင်းတော် ကျောင်းသစ်ဖွင့်ပွဲ နှင့် သီတဂူဆရာတော်ဘုရားကြီး၏ ဓမ္မသဘင်ကို ဂုဏ်ယူဝမ်းမြောက်စွာ သွားရောက် ကြည်ညို ပူဇော်ခဲ့ပြီး တရားဓမ္မများ နာယူခြင်း နှင့် တတ်စွမ်းသမျှ ကုသိုလ်အမှုတို့ကို ပြုလုပ်ပါဝင် ခဲ့ကြပါသည် .. ပြုလုပ်နိုင်ခဲ့သောလှူဒါန်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။ ၀မ်းမြောက်သာဓုခေါ်နိုင်ကြစေရန် ဖြန့်ဝေလိုက်ပါသည် ။ 



စဉ်
လှူဒါန်းမှု
စုစုပေါင်း
သီတဂူဆရာတော်ဘုရားကြီး ဓမ္မပူဇာ အလှူတော်ငွေ
၁၀,၀၀,၀၀၀
ဓမ္မယာန ပြည်တော်ဦးကျောင်း အထွေထွေသုံး ငွေပဒေသာပင်
၄၀၀,၀၀၀
ပင့်သံဃာ (၄) ပါး န၀ကမ္မ အလှူတော်
၄၀၀,၀၀၀
စိတ္တသုခကျောင်းတော် အထွေထွေသုံး ငွေပဒေသာပင် (နောက်ဆုံးလက်ကျန် ပိုငွေကို လှူဒါန်းလိုက်ခြင်းဖြစ်ပါသည်)
၂၀၀,၀၀၀




(၀မ် နှစ်ဆယ်သိန်းတိတိ)
၂၀,၀၀,၀၀၀

ကိုလင်းထိန်ဝင်း နှင့် ကိုဖြိုးေ၀၀င်းတို့က ..စိတ္တသုခ ညီအစ်ကိုများ ခရီးသွားစဉ်အတွင်း အဆင်ပြေပြေ စားသောက် သုံးဆောင်နိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို စီမံချက်ပြုတ် ထုပ်ပိုး ပြင်ဆင်၍ အဟာရဒါန ပြုခဲ့ကြပါသည် ။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ..


0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster