Monday, April 7, 2014

မြန်မာ့နှစ်ကူးအလှူပွဲတော်နှင့် တိပိဋကဓရဆရာတော်ပူဇော်ပွဲ ရေစက်ချအနုမောဒနာတရားပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ၊ ဒယ်ဂုမြို့၊ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုရီးယားရောက် ရွှေမြန်မာများ စုပေါင်း၍ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် မြန်မာ့နှစ်သစ်ကူးအလှူပွဲတော်ကို ယခုနှစ်လည်း အောက်ပါအစီအစဉ်အတိုင်း စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ယခုနှစ်၏ အထူးအစီအစဉ်အနေဖြင့် ဆဌမြောက်တိပိဋကဓရသာသနာ့အာဇာနည် အရှင်သူမြတ်ဖြစ်သော ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသအရှင်သူမြတ် ကြွရောက်၍ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြှင့်မည် ဖြစ်ပါသောကြောင့် အနီးအဝေးမှ ကိုရီးယားရောက်ရွှေမြန်မာများ ကြွရောက်နိုင်ကြဖို့ရန် မေတ္တာရှေ့ထား ဖိတ်ကြားပါသည်။

ကျောင်းအကျိုးဆောင် အဖွဲ့များ၊ ဝေယျာဝစ္စအဖွဲ့များအနေဖြင့် ထူးထူးကဲကဲ ကုသိုလ်ပွဲဝယ် တူညီဝတ်စုံများ ၀တ်ဆင်၍ စုံညီစွာတက်ရောက်ကုသိုလ်ယူနိုင်ကြပါရန်လည်း ဆရာတော်မှ တိုက်တွန်း နှိုးဆော်ထားပါသည်။

အလှူတော်မင်္ဂလာ အစီအစဉ်

နေ့ရက် = ၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း (၁၄)ရက်(၁၃-၄-၂၀၁၄) တနင်္ဂနွေ၊ မဟာသင်္ကြန် အကြိုနေ့

ဧည့်ခံချိန် = နံနက် (၉)နာရီမှ (၁၂)နာရီ တရားနာချိန် = နေ့ (၁) နာရီတိတိ

အကျွေးအမွေး = မြန်မာ့ရိုးရာ အစားအစာများ

 အလှူရှင် = ဂယောင်ဆန်၊ ဂျီလျန်း ရွှေညီအစ်ကိုများ


 စည်းလုံးညီညာ ကုသိုလ်ရှာ မြန်မာကမ္ဘာသိပါစေ ၊ စိတ္တသုခ ပြည့်စုံကြ ဒုက္ခထွေထွေ ကင်းပါစေ။

 

1 comments:

Unknown said...

သာဓု သာဓု သာဓု၊ တရားကုသိုလ်​များ ပြည့်​ဝ ရကြပါ​စေ။

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster