Sunday, February 2, 2014

(၅)နှစ်ခရီး အားသစ်တွေနီးခဲ့ပါပြီ


ပြီးခဲ့တဲ့ (၃၁၊ ၁၊ ၂၀၁၄)ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းတည်ထောင်ခြင်း ()နှစ်ပြည့် အထိမ်းအမှတ် အလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ ကျောင်းတည်ထောင်ခြင်း ()နှစ်ပြည့်အလှူပွဲကို ဦးဆောင်ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မကထိက) ဆရာတော်၊ လက်ထောက်ကျောင်းထိုင် ဆရာတော် အရှင်ဝေဠုရိယ (ဓမ္မရိပ်ငြိမ်)နှင့် ကျောင်းအကျိုးဆောင်အဖွဲ့များ၊ အဟောင်းအသစ် ပေါင်းဖြစ်ခဲ့တဲ့ ရွှေမြန်မာညီအစ်ကိုများ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာပြည်တွင်း တရားပွဲများ၊ သာသနာပြု ပရဟိတလုပ်ငန်းများနှင့် မအားလပ်သည့်ကြားက ကြွဖြစ်အောင် ကြွခဲ့သည့် ဆရာတော်နှင့် ကျောင်းအတွက် အကောင်းဆုံးဖြစ်အောင် အကျိုးဆောင်နေကြတဲ့ အကျိုးဆောင်များလည်းဖြစ် မီးဖိုချောင်နဲ့ အချက်အပြုတ်ဆိုလည်း သူတို့သာ ဖြစ်နေကြတဲ့ ကျောင်းအကျိုးဆောင်အဖွဲ့တွေ အားတက်သရော ပါဝင်ဖြစ်ခဲ့တဲ့ ပွဲလေးဆိုလည်း မမှားပါဘူး။

သေချာတွေးကြည့်ရင် ဘာမှအကြာကြီး မဟုတ်ဘူးဆိုတာ ဒီ()နှစ်ကာလက သက်သေပြခဲ့ပါတယ်။ ကျောင်းစတည်ထောင်ခါစ အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ကြရပေမယ့် အခုအချိန်မှာတော့ သူ့အတိုင်းအတာနဲ့သူ အထိုင်ကျပြီး လည်ပတ်နေနိုင်ပြီ ဖြစ်ပါတယ်။ ကျောင်းတည်ကာစက အားတက်သရော ပါဝင်ခဲ့ကြသည့် အကျိုးဆောင် အချို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အတူမရှိခဲ့ကြပေမယ့် ကျန်ခဲ့တဲ့သူတွေရဲ့ နှလုံးသားမှာရော၊ ကျောင်းတော်ရဲ့ သမိုင်းမှတ်တမ်းမှာပါ ထာဝရ ကမ္ဗည်းထိုး မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ စီနီယာကြီးတွေ အနီးမှာ မရှိတော့ပေမယ့် ဆရာတော် အပါအဝင် ကျန်နေရစ်ခဲ့တဲ့ သူတွေရဲ့ နှလုံးသားထဲမှာရော၊ ပါးစပ်ဖျားမှာပါ စကားစပ်တိုင်း ကျေးဇူးတရား ပြောကြားဖြစ်ခဲ့တယ်ဆိုတာ အထူးသက်သေပြုစရာ မလိုလောက်အောင်ပဲ ဖြစ်ပါတယ်။ 

အဟောင်းအသစ်ဆိုတာ အမြဲလိုလို ပြောင်းဖြစ်နေကြတာ ဖြစ်တဲ့အတွက် ဒီ()နှစ်တာကာလမှာလည်း အကြောင်းအမျိုးမျိုးနဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုအခြေအနေနဲ့ ဘယ်လိုပဲပြောင်းပြောင်း ဒယ်ဂူးမြို့ရဲ့ စိတ္တသုခကျောင်းရဲ့ အကျိုးဆောင်မှုနဲ့ နွေးထွေးမှုကတော့ ပြောင်းသွားမှာ မဟုတ်ပါဘူး။ ကျောင်းစတည်ကတည်းက စနစ်ကောင်းကောင်း၊ ညီညွတ်မှုကောင်းကောင်း၊ စေတနာကောင်းကောင်းနဲ့ အစပြုခဲ့တာ ဖြစ်တဲ့အတွက် စိတ္တသုခကျောင်းရဲ့ ဆရာဒကာ ညီညွတ်မှုဟာ ဒကာဆရာအဖြစ် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်သလို ဆရာကလည်း ဆရာ့အလုပ်၊ ဒကာကလည်း ဒကာ့အလုပ်ကို စေတနာအဟုတ်နဲ့ အမှန်လုပ်နေကြပြီဆိုတာ ()နှစ်မြောက် နှစ်ပတ်လည်အလှူပွဲက သက်သေပြခဲ့ကြပြီ ဖြစ်ပါတယ်။

ကိုရီးယားရောက် ရွှေမြန်မာများရဲ့ သာရေးနားရေး အမျိုးဘာသာ သာသနာရေးများမှာ အထောက်အကူဖြစ်ဖို့၊ ထေရဝါဒ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြသည့် ကိုရီးယားနိုင်ငံသားများအား စွမ်းနိုင်သမျှ ဓမ္မအသိ မျှကြည့်ကြဖို့နဲ့ မြန်မာပြည်တွင်းရှိ လိုအပ်ရာနေရာများတွင် အများပေါင်းစုကာ ကောင်းမှုပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ အကောင်အထည် ဖော်ခဲ့ကြတဲ့ စိတ္တသုခ မိသားစုများရဲ့ စီမံကိန်းဟာလည်း အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်ခဲ့မိကြပါပြီ ဖြစ်ပါတယ်။ 

အခုဆိုရင် ကျောင်းတော်ကြီး အထိုက်အလျောက် အထိုင်ကျနေပြီ ဖြစ်တာကတစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာခဲ့တဲ့ မြန်မာပြည်ရဲ့ လိုအပ်ချက်တွေကို ကျရာကဏ္ဍက ပံ့ပိုးပေးလိုသည်ကတစ်ကြောင်း စသည်စသည်များကြောင့် ဦးဆောင်ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ အနေဖြင့် မြန်မာပြည်တွင်းမှာ အချိန်ပေးဖြစ်ခဲ့ပေမယ့် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရဲ့ စိတ္တသုခကျောင်းတော်ကြီးမှာတော့ လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ဝေဠုရိယက လက်ဆင့်ကမ်းတာဝန်ယူရင်း ကျောင်းအကျိုးဆောင်များနဲ့ ပေါင်းစပ်ကာ အကောင်းတွေထပ်ကာထပ်ကာ ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။ ဘယ်ဆရာတော်တွေ ဘယ်လိုပဲ ကြွကြွ တာဝန်ကျေအောင် ဆောင်ရွက်နေကြတဲ့ ကျောင်းအကျိုးဆောင်အဖွဲ့နဲ့ ဒယ်ဂူးမြို့ရဲ့ ရွှေမြန်မာများရဲ့ တွဲလက်ညီတဲ့ ပေါင်းစပ်မှုဟာလည်း ဆရာတော်နဲ့ လက်ထောက်ဆရာတော်တို့အတွက် ကားမရှိပေမယ့် အားရှိခဲ့ပါတယ်။ ရှေ့ကစီနီယာတွေက လမ်းပြ၊ နောက်က ဂျူနီယာတွေက လှမ်းကြွရင်း ညီအစ်ကိုရင်းပမာ ညီညွတ်မှုနဲ့ လက်ဆင့်ကမ်းခဲ့ကြတဲ့ စိတ္တသုခ မိသားစုများရဲ့ ()နှစ်တာ တွဲလက်ခရိး မြဲသထက်နီးနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီခရီး ပြီးပြီလားဆိုတော့ ကမ္ဘာတည်သရွေ့ ၊ သာသနာတည်သရွေ့  မပြီးသေးဘဲ ရွေ့ နိုင်သမျှရွေ ဈ့ နေကြရမှာ ဖြစ်တဲ့အတွက် လက်ရှိအနေအထားကို ထိန်းသိမ်း၊ ကောင်းသထက်ကောင်းအောင် ပြုပြင်ဖန်တီးရင်း အမျိုးဘာသာ၊ သာသနာနဲ့ နိုင်ငံအတွက် ရှေ့ ဆက်ပြီး ခရီးဆက်ကြရဦးမှာ ဖြစ်တဲ့အတွက် ဆရာဒကာလက်တွဲကာ ကောင်းမွေများ လက်ဆင့်ကမ်းရင်း စုပေါင်းညီညာ ထိန်းသိမ်းကြရဦးမှာပဲ ဖြစ်ပါတယ်။ အချိန်တန်ရင် သွားရမယ့်သူတွေက သွားရမှာ ဖြစ်သလို နောက်နောက်ရောက်လာမယ့်သူတွေကလည်း အစားထိုးလာကြမှာ ဖြစ်တဲ့အတွက် ဘယ်သူတွေသွားပြီး ဘယ်သူတွေ ရောက်လာပါစေ စိတ္တသုခကျောင်းရဲ့ မူဝါဒလမ်းစဉ်နဲ့ အကျိုးဆောင်မှုများကိုတော့ ပျောက်ပျက်မသွားရအောင် ထိမ်းသိမ်းနေကြရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အတွက်မဟုတ်၊ သူ့အတွက်လည်းမဟုတ် အမျိုးဘာသာ၊ သာသနာနဲ့ နိုင်ငံအတွက်ပဲ ဖြစ်တဲ့အတွက် အလှည့်ကျရင် မနွဲ့စတမ်း ရှေ့ ဆက်လျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် စိတ္တသုခကျောင်းရဲ့  ()နှစ်ပြည့် နှစ်ပတ်လည် အလှူပွဲကို အကြောင်းပြုပြီး အားလုံးအတွက် အကောင်းတွေ စုနိုင်ကြပါစေ၊ ကိုရီးယားရောက် ရွှေမြန်မာများနဲ့ မြန်မာပြည်ပြန်ရောက် သွားကြတဲ့ စိတ္တသုခကျောင်းနဲ့ ဆက်စပ်သူအပေါင်း ဘေးဘယာတွေ ဝေးကွာလို့ လိုအင်ဆန္ဒပြည့်ဝကြပါစေ၊ မြန်မာနိုင်ငံသားများနဲ့ ကိုရီးယားနိုင်ငံသားများ အပါအဝင် ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများ ဘေးရန်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း ကျောင်းတည်ထောင်ခြင်း ()နှစ်ပြည့်အတွက် အမှတ်တရ စာပေဆက်လို့ ဦးဆောင်ဆရာတော် တစ်ပါးအနေနဲ့ ဦးဆောင်ဒကာတော်များကိုယ်စား ဝမ်းမြောက်စကား ပါးလိုက်ရပါတယ်။

စိတ္တသုခ ပြည့်စုံကြ၊ ဒုက္ခထွေထွေ ကင်းပါစေ

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster