Thursday, February 20, 2014

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း ရွှေမြန်မာ တွေ့ဆုံပွဲနှင့် လစဉ်စုံညီ အစည်းအဝေး ဖိတ်ကြားလွှာ


ဒယ်ဂူးမြို့ စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့ဝင်များ ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ ၊ ဝတ်အဖွဲ့ဝင်များနှင့် ကျောင်းတော်ကြီး လစဉ်ဝေယျာဝစ္စ အလှူရှင်များ၏ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီအစည်းအဝေးနှင့် အလှူတော်ကို တူပျော်ညီညာ ပြုလုပ်ကြမည် ဖြစ်ပါသဖြင့် စိတ္တသုခ အဖွဲ့သားများနှင့် ရပ်နီးရပ်ဝေးရှိ ချစ်ညီအစ်ကို အပေါင်းတို့အား  ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၃ -၂ -၂၀၁၄ (၁၃၇၅ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၉)ရက်)၊ တနင်္ဂနွေနေ့

တရားနာချိန် = နေ့လယ် (၁)နာရီ

ဧည့်ခံချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၃)နာရီအထိ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အကျွေးအမွေး = မြန်မာထမင်းဟင်း 


မြန်မာထမ်းဟင်းကို  ဆိတ်သားနှပ် ၊ ဘဲသားအချိုချက် ၊ ယိုးဒယားချဉ်ဟင်း ၊ ပဲနှပ်အဆိမ့်  စသည့် ကောင်းနိုးရာရာ ဟင်းလျာပေါင်း မြောက်များစွာကို နာမည်ကောင်း လက်မှတ်ရ စိတ္တသုခ စားဖိုမှူးကြီးများက မေတ္တာ စေတနာ စသည့် အရသာများ ပေါင်းစပ် ချက်ပြုတ်ပြီး တည်ခင်းဧည့်ခံကြမည် ဖြစ်ပါသည် ၊ သို့ပါ၍ ကြွရောက်ကြပါရန် ထပ်မံနှိုးဆော်အပ်ပါသည်။

1 comments:

Unknown said...

စားချင့်​စဖွယ်​ ​ကြော်​ငြာပါလား

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster