ဒယ်ဂူးမြို့ စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့ဝင်များ ၊
ဝေယျာဝစ္စအဖွဲ့ဝင်များ ၊ ဝတ်အဖွဲ့ဝင်များနှင့် ကျောင်းတော်ကြီး လစဉ်ဝေယျာဝစ္စ
အလှူရှင်များ၏ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီအစည်းအဝေးနှင့် အလှူတော်ကို
တူပျော်ညီညာ ပြုလုပ်ကြမည် ဖြစ်ပါသဖြင့် စိတ္တသုခ အဖွဲ့သားများနှင့် ရပ်နီးရပ်ဝေးရှိ
ချစ်ညီအစ်ကို အပေါင်းတို့အား ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်
= ၂၃ -၂ -၂၀၁၄ (၁၃၇၅ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၉)ရက်)၊ တနင်္ဂနွေနေ့
တရားနာချိန် = နေ့လယ်
(၁)နာရီ
ဧည့်ခံချိန် = မနက်
(၁၀)နာရီမှ နေ့လယ် (၃)နာရီအထိ
နေရာ = စိတ္တသုခ
မြန်မာဘုန်းတော်ကြီးကျောင်း
အကျွေးအမွေး = မြန်မာထမင်းဟင်း
မြန်မာထမ်းဟင်းကို
ဆိတ်သားနှပ် ၊ ဘဲသားအချိုချက် ၊ ယိုးဒယားချဉ်ဟင်း ၊ ပဲနှပ်အဆိမ့် စသည့် ကောင်းနိုးရာရာ ဟင်းလျာပေါင်း
မြောက်များစွာကို နာမည်ကောင်း လက်မှတ်ရ စိတ္တသုခ စားဖိုမှူးကြီးများက မေတ္တာ စေတနာ
စသည့် အရသာများ ပေါင်းစပ် ချက်ပြုတ်ပြီး တည်ခင်းဧည့်ခံကြမည် ဖြစ်ပါသည် ၊ သို့ပါ၍ ကြွရောက်ကြပါရန် ထပ်မံနှိုးဆော်အပ်ပါသည်။
1 comments:
စားချင့်စဖွယ် ကြော်ငြာပါလား
Post a Comment