Monday, December 23, 2013

ကိုလေးနိုင် (ယုံအန်း) ၏ ဖခင်ရည်စူးကုသိုလ်ထူးနှင့် လစဉ်ရွှေမြန်မာ စုံညီပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအတွက် ကျေးဇူးတင်ရှိခြင်း

ကိုလေးနိုင် (ယုံအန်း) ၏ ဖခင်ရည်စူးကုသိုလ်ထူးနှင့် ရွှေမြန်မာ လစဉ်စုံညီပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ၊ အဖက်ဖက်မှ ကူညီခဲ့ကြသူများ ၊ နည်းအမျိုးမျိုးဖြင့် ကုသိုလ်ပါဝင် ခဲ့ကြသူများ ၊ ကြွရောက်ချီးမြှင့်ခဲ့ကြသူများ အားလုံးကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှလည်းကောင်း ၊ ပင်မ အလှူရှင်ဖြစ်သော ကိုလေးနိုင်မှ လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 

ပြုလုပ်နိုင်ခဲ့သော ကုသိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် ။

စဉ်
အလှူအမျိုးအစား
လှူဒါန်းငွေ
မြန်မာဗုဒ္ဓဘာသာ ကျောင်းတော်မြေနေရာအတွက်
၁၀၀,၀၀၀
ဆရာတော် အရှင်ဝိစိတ္တသို့ န၀ကမ္မ အလှူတော်
၁၀၀,၀၀၀
ဆရာတော် အရှင် ဝေဠုရိယသို့ န၀ကမ္မအလှူတော်
၁၀၀,၀၀၀
ဆရာတော် အရှင်ဝေဠုရိယ ကိုရီးယားပညာရေးအတွက်
၅၀၀,၀၀၀
စိတ္တသုခကျောင်း အထွေထွေ ဝေယျာဝစ္စအတွက်
၂၉၀,၀၀၀
အဟာရဒါနအတွက်
၅၀၀,၀၀၀

စုစုပေါင်း
၁,၅၉၀,၀၀၀

အလှူရှင်များစာရင်းကို ဆက်လက်တင်ပြအပ်ပါသည် ။

စဉ်
အလှူရှင်များ
လှူဒါန်းငွေ
ကိုလေးနိုင်
၆၂၀,၀၀၀
ယုံရှင်းညီအစ်ကိုများ
၇၆၀,၀၀၀
ဦးမင်းနိုင် + ဒေါ်အေးယုနွယ် မိသားစု
၅၀,၀၀၀
ကိုဘုန်းနိုင် + Ms. Dimple
၃၀,၀၀၀
ကိုသျှိုင်းမင်းသူ
၃၀,၀၀၀
ကိုစိန်ချွန်
၃၀,၀၀၀
ကိုမင်းမင်း ၊ ကိုတင်ထွန်းမောင်
၃၀,၀၀၀
ကိုအောင်ဝင်း
၂၀,၀၀၀
ကိုဇာနည်ထွန်း
၁၀,၀၀၀
၁၀
ကိုအောင်ကိုဦး
၁၀,၀၀၀




စုစုပေါင်း
၁,၅၉၀,၀၀၀


ကုသိုလ်ရှင်အပေါင်း ရွှေညီအစ်ကိုမောင်နှမ အပေါင်း စိတ္တသုခ ကာယသုခ ပြည့်စုံကြ၍ ဒုက္ခထွေထွေ ငြိမ်းအေးကြပါစေ..လို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ..

READ MORE......

Sunday, December 15, 2013

ကိုလေးနိုင်(ယုံအန်း) ၏ ဖခင်ရည်စူးကုသိုလ်ထူး နှင့် လစဉ်ရွှေမြန်မာစုံညီပွဲ ဖိတ်ကြားခြင်း

စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် လစဉ် ကျင်းပမြဲဖြစ်သော ရွှေမြန်မာတွေ့ဆုံပွဲကို (၂၂-၁၂-၂၀၁၃) (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်ပါသည် ။ ယင်းရွှေမြန်မာတွေ့ဆုံပွဲတွင် ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးမောင်ကျော်အား ရည်စူး၍ သားဖြစ်သူ ကိုလေးနိုင် (ယုံအန်းစက်မှုဇုန်) ၏ ဖခင်ရည်စူး ကုသိုလ်အလှူထူးတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းလျက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း အထူးစပါယ်ရှယ် ကြာဇံချက်ဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမည်ဖြစ်ပြီး လှူဒါန်းမှု အစုစုတို့ကို ဖခင်ကြီးနှင့်တကွ (၃၁)ဘုံ ရှိရှိသမျှ သတ္တဝါအပေါင်းတို့အား ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေး မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေဖို့ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက် = ၂၂ - ၁၂ -၂၀၁၃ (တနင်္ဂနွေနေ့)

ဧည့်ခံကျွေးမွေးချိန် = နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီအထိ

တရားနာချိန် = နေ့လယ် (၁)နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

ဖိတ်ကြားသူ လေးစားစွာဖြင့် .. ကိုလေးနိုင် နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster