Sunday, October 20, 2013

စိတ္တသုခကျောင်း စုပေါင်း ကထိန်အောင်ပွဲအလှူ ဖိတ်ကြားခြင်း

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ ၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်း ရွှေမြန်မာညီအကိုများ၏ မတည်လှူဒါန်းမှူနှင့် အဝေးအနီး အသီးသီး၌ ရှိကြကုန်သော စေတနာရှင် ရွှေမြန်မာ အပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် ကောင်းမှုအစု ကြိုစားပြုမည့် စိတ္တသုခကျောင်း၏ စတုတ္ထအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်း တို့အား အတူတကွ ကုသိုလ်တော်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = 27-10-2013 
၁၃၇၅ခုနှစ်၊ သီတင်းကျွတ်လပြည့် ()ရက်၊ တနင်္ဂနွေနေ့

ဧည့်ခံချိန် = မနက် ()နာရီမှ၊ နေ့လယ် ()နာရီအထိ

တရားနာချိန် = နေ့လယ် ()နာရီ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့ 

မှတ်ချက်။  ။ အာဟာရ အလှူရှင်များဖြစ်ကြသည့် ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်းရွှေညီအကိုများမှ အထူးစပါယ်ရှင် ထောပတ်ထမင်းဖြင့် အလှူဒါနပြုကာ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကျောင်းအကျိုးဆောင် အဖွဲ့နှင့်
ယူရှင်း၊ ဟာဘင်း၊ ဘုံချွန်းညီအကိုများ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster