Sunday, July 28, 2013

ကျေးဇူးတင် ဂုဏ်ပြုခြင်း

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဉ္စမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၂၈-၇-၂၀၁၃)ရက်၊ တနင်္ဂနွေနေ့က ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ် ဖြစ်ခဲ့ပါသည်။ ဝါဆိုသင်္ကန်းကပ် အလှူပွဲကို ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ ဒါဆန်း-ဝဲဂွန် ရွှေညီအစ်ကိုများမှ မတည်ကာ အနယ်နယ်အရပ်ရပ်မှ ရွှေမြန်မာများ၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် အများပေါင်းစုကာ ကောင်းမှုပြုခဲ့ကြပါသည်။ ထိုနေ့က ကျင်းပခဲ့ကြသည့် စိတ္တသုခကျောင်း၏ ဝါဆိုသင်္ကန်း လှူဒါန်းပွဲတွင် ဝါဆိုသင်္ကန်းအလှူ၊ ကျောင်းအလှူ၊ ပညာဒါနအလှူ၊ နဝကမ္မအလှူ၊ ဝေယျာဝစ္စအလှူနှင့် ထာဝရ ငွေပဒေသာပင်အလှူ အပါအဝင် စုစုပေါင်း ဝမ်(၁၁၅)သိန်းကျော်ကို လှူဒါန်းဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ဒါဆန်း-ဝဲဂွန်ရွှေညီအစ်ကိုများလှူဒါန်းသည့် 

- စိတ္တသုခကျောင်း ဆရာတော်နှင့် ပင့်သံဃာ အရှင်သူမြတ်များအတွက် ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် ခရီးစရိတ်အလှူ
- မြန်မာဗုဒ္ဓသာသနာပြုကျောင်း၏ မြန်မာပိုင်ကျောင်းတော်ကြီး ပေါ်ပေါက်လာရေးအတွက် ဝမ်(၁၇၅၀၀၀၀- ဝမ်တစ်ဆယ့်ခုနှစ်သိန်းငါးသောင်း) အလှူ၊ (ကိုလှထွန်းသန်း မိသားစု ဝမ်တစ်သိန်း၊ ကိုဖုန်းနိုင်နှင့် မောင်နှစ်မတစ်စု ဝမ်တစ်သိန်း၊ စုစုပေါင်း မြန်မာပိုင်ကျောင်းအလှူအတွက် ဝမ်-၁၉ ၅၀၀၀၀ တစ်ဆယ့်ကိုးသိန်းငါးသောင်း)
- သံဃာတော်များနှင့် ဧည့်ပရိတ်သတ် (၂၀၀)ကျော်အတွက် အာဟာရဒါနအလှူ၊ 
- ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ၏ မနာပဒါယီ ဖောင်ဒေးရှင်းအတွက် ရံပုံငွေ ပဒေသာပင် ဝမ် ၅၀၀၀၀၀ (ငါးသိန်း)အလှူ
- ရန်ကုန်မြို့၊ သီရိဇေယျုံကျောင်း ဆောက်လုပ်ရာတွင် ကျောင်းအလှူတော် ဝမ် ၃၀၀၀၀၀ (သုံးသိန်း) အလှူ အပါအဝင်
အနယ်နယ်အရပ်ရပ်မှ အလှူရှင် အသီးသီးတို့က စိတ္တသုခကျောင်း ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းအလှူကို အကြောင်းပြု၍ ကျောင်းထာဝရ ငွေပဒေသာပင်အတွက် အလှူငွေ ဝမ် သိန်း (၆၀)ကျော်ကိုလည်း လှူဒါန်းဖြစ်ခဲ့ကြပါသည်။

အထက်ပါ အလှူရှင်များ၏ စေတနာ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့ကြသည့် အလှူအသီးသီးအတွက် အထူးဝမ်းမြောက်နုမော် သာဓုခေါ်၍ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း ကျွန်တော်များ စိတ္တသုခ ကျောင်းအကျိုးဆောင်အဖွဲ့မှ အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။

ဗုဒ္ဓမြတ်စွာ သာသနာ ရှည်ကြာကာလ တိုင်စေသော်…။

လေးစားစွာဖြင့်
ကျောင်းအကျိုးဆောင်အဖွဲ့
စိတ္တသုခကျောင်း၊ ဒယ်ဂူးမြို့၊ တောင်ကိုရီးယားနိုင်ငံ

မှတ်ချက်။ ။ အလှူမှတ်တမ်း ဓာတ်ပုံများကို  ဒယ်ဂူးအသံ (https://www.facebook.com/voiceofdaegu) တွင် ကြည့်ရှုနိုင်ပြီး၊ အလှူရှင်စာရင်း အသေးစိတ်ကို မကြာမီ တင်ပြပေးပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster