Wednesday, May 1, 2013

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း လက်ထောက်ကျောင်းထိုင် ဆရာတော် အရှင်ဝေဠုရိယ (ဓမ္မရိပ်ငြိမ်) ၏ ထေရုပ္ပတ္တိ အကျဉ်း



ကြည်ညို သဒ္ဓါ ပွားများနိုင်စေရန်အတွက် ဆရာတော်၏ ဘ၀ဖြစ်စဉ် အကျဉ်းကို တင်ပြအပ်ပါသည် ။

ဆရာတော် အရှင်ဝေဠုရိယသည် ၁၃၄၅ ခု ၊ တော်သလင်းလပြည့်ကျော် (၇) ရက် ၊ ( ၂၈-၉-၁၉၈၃ ) ဗုဒ္ဓဟူးနေ့တွင် ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ရွာသစ်စု ကျေးရွာတွင် ခမည်းတော် ဦးညွန့်လှိုင် + မယ်တော် ဒေါ်မြင့်မြင့်ခိုင် တို့မှ ဖွားမြင်သော အငယ်ဆုံးသားရတနာ ဖြစ်ပါသည် ။ 

၁၃၆၀ ပြည့်နှစ် (၁၉၉၈) တွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒ န္တ နန္ဒောဘာသကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည် ။

၁၃၆၅ ခုနှစ် (၂၀၀၃) တွင် အုတ်ဖိုမြို့ သုံးထပ်ကျောင်းတိုက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ ( သာသနဓဇ ဓမ္မာစရိယ ၊ သဒ္ဓမ္မ ဇောတိကဓဇ ) ကို ဥပဇ္ဈာယ်ပြု၍ အုတ်ဖိုမြို့နယ် ရွာသစ်စုရွာနေ ဒေါ်တင်မိသးစု၏ ပစ္စယယနုဂ္ဂဟကို ခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည် ။ 

သာသနာ့ဘောင်သို့ ၀င်ရောက်ပြီးနောက် အုတ်ဖိုမြို့ သုံးထပ်ကျောင်းတိုက် ၊ မြောင်းမြမြို့ တိုက်သစ် ပဇ္ဇောတာရုံ စာသင်တိုက်တို့တွင် ပရိယတ္တိစာပေများကို ဓမ္မာစရိယတန်းအထိ အဆင့်ဆင့် လေ့လာသင်ယူခဲ့ပါသည် ။ 

၁၃၆၆ ခုနှစ် (၂၀၀၄) တွင် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်လျက် ဓမ္မာစရိယ ကျမ်းစာများနှင့် လောကီပညာရပ်များကို လေ့လာသင်ယူကာ ၂၀၀၈ ခုနှစ်တွင် “အဟာရဒါနအလှူ” ဟူသော ကျမ်းစာကို တင်သွင်းလျက် သာသနတက္ကသီလ ဓမ္မာစရိယ B.A ( Buddhism ) ဘွဲ့ကိုရရှိခဲ့ပါသည် ။ 

၂၀၁၀ ခုနှစ်မှစတင်ကာ သာသနတက္ကသီလ ဓမ္မာစရိယ M.A ( Buddhism ) ဘွဲ့အတွက် “မြတ်ဗုဒ္ဓ၏ ကျန်းမာရေး လမ်းညွှန်ချက်များ” ဟူသော ဘွဲ့ယူစာတမ်းကို ရေးသားပြုစုရင်း ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၏ မြန်မာစာနှင့် သာသနာပြုလမ်းညွှန် ဘာသာရပ်ဆိုင်ရာ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည် ။

ပဋိပတ္တိ အလုပ်အနေဖြင့် ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့ ရွှေဥမင် ဓမ္မသုခတောရတွင် တစ်လ တရားစခန်း တစ်ကြိမ် ၊ ၂၀၀၈ ခုနှစ်တွင် ရန်ကန်ုမြို့ မဟာစည် သာသနာ့ရိပ်သာကြီးတွင် ဆယ်ရက် တရားစခန်း တစ်ကြိမ် ၊ ၂၀၀၉ ခုနှစ်တွင် ဆယ်ရက် တရားစခန်း တစ်ကြိမ် ၊ ၂၀၁၁ ခုနှစ်တွင် လေးဆယ့်ငါးရက် တရားစခန်း တစ်ကြိမ် တို့ကို ၀င်ရောက်ကာ ၀ိပဿနာ တရားများ အားထုတ်ခဲ့ပါသည် ။ 

၂၀၀၂ ခုနှစ်မှစ၍ မြောင်းမြမြို့ ပရိယတ္တိစွမ်းအား စာသင်တိုက်တွင် စာချဆရာတော်တာဝန် ထမ်းဆောင်ခြင်း အုတ်ဖိုမြို့ ပါဠိပထပြန်စာမေးပွဲ ကျင်းပရေးကော်မတီ၏ ပု စ္ဆက တာဝန် ၊ အဖြေလွှာစစ်ဆေးရေးတာဝန် ယဉ်ကျေးမှုစာမေးပွဲ ကျင်းပရေး ကော်မတီ၏ သင်တန်းမှုးတာဝန် ၊ ပု စ္ဆက တာဝန် ကြီးကြပ်ရေး တာဝန် ၊ အဖြေလွှာ စစ်ဆေးရေး တာဝန်တို့ကို ထမ်းဆောင်ပြီး ထမ်းဆောင်ဆဲ ဖြစ်ပါသည် ။ 

ထို့ပြင် အရှင်ဝေဠုရိယ (ဓမ္မရိပ်ငြိမ်) ၊ ဇာနည်သွေး (ဓမ္မရိပ်ငြိမ်) ၊ တက္ကသိုလ် မောင်ဝေဠု ၊ တက္ကသိုလ် ရဲရင့်သွေး ဟူသော ကလောင်အမည်များဖြင့် စာတည်းမှူးတာဝန် ထမ်းဆောင်ခြင်း ၊ ဘာသာရေးဆိုင်ရာ ရတု ၊ ကဗျာ ၊ ၀တ္ထု ၊ ဆောင်းပါးများ ရေးသားခြင်း တို့ကို ပြုလုပ်အားထုတ်ခဲ့ပါသည် ။ 

ယခုအခါ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A ( Buddhism ) ဘွဲ့အတွက် ဆိုင်ရာကျမ်းစာကို ရေးသားပြုစုရင်း မိခင်ကျောင်းတိုက်ဖြစ်သည့် အုတ်ဖိုမြို့ သုံးထပ်ကျောင်းတိုက်တွင် Sunday Dhamma School ဖြစ်မြောက်ရေး အတွက် ကြိုးစားအားထုတ်လျက်ရှိပါသည် ။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster