Sunday, March 31, 2013

နှစ်သစ်ကူး တရားပွဲ ၊ နှစ်သစ်ကူး အလှူပွဲ နှင့် ဇီဝိတဒါနငါးလွှတ်ပွဲ ဖိတ်ကြားလွှာ

ဒယ်ဂူးမြို့ ၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည့် နှစ်သစ်ကူး တရားပွဲ နှင့် ရွှေမြန်မာတွေ့ဆုံပွဲ၊ ဂယောင်ဆန်ဂျီလျန်း စက်မှုဇုံ ရွှေမြန်မာညီအကိုများ၏ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် နှစ်သစ်ကူး နှစ်ဦးကုသိုလ်အလှူပွဲ၊ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ နှစ်စဉ်ဦးဆောင် ပြုလုပ်နေကျဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲစသည့် အများပေါင်းစုံ၍ ကောင်းမှုအစုံတို့ကို ပြုလုပ်ကြမည့် အထွေထွေ ကုသိုလ်ပွဲကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကြွရောက်ပါဝင် ကုသိုလ်ဆင်ကြပါရန် အကျိုးဆောင်များနှင့် ကုသိုလ်ရှင် အပေါင်းတို့က လေးစားစွာ အထူးဖိတ်ကြားအပ်ပါသည်။

 
စိတ္တသုခ ကျောင်းထိုင်ဆရာတော် အရှင်ဝိစိတ္တသည်လည်း ယခု နှစ်သစ်ကူး အလှူပွဲတော်မတိုင်မီ (၁၁.၄.၂၀၁၃) နေ့တွင် ပြန်လည်ကြွရောက် လာမည် ဖြစ်ပါသည် ။

နေ့ရက် = ၁၄-၄-၂၀၁၃ ၊ (၁၃၇၅ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ သင်္ကြန်အကျနေ့) ၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀
ဇီဝိတဒါနကုသိုလ်ချိန် = နေ့လည် ၂ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

 မှတ်ချက်။ အလှူရှင် ဂယောင်ဆန်ဂျီလျန်း ရွှေညီအစ်ကိုများမှ အထူးမြန်မာအစားအစာများ၊ ရွှေရင်အေးများဖြင့် ပြည့်စုံလုံလောက်စွာ ကျွေးမွေးလှူဒါန်းမည် ဖြစ်ပါသဖြင့် ချစ်ညီအကိုများ အများအပြား လာရောက်အားပေးကြဖို့ ထပ်မံ၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster