Sunday, March 31, 2013

စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် လက်ထောက်ကျောင်းထိုင် ဆရာတော် ရောက်ရှိသီတင်းသုံးလျက် ရှိနေခြင်း

ကျနော်တို့ စိတ္တသုခကျောင်း ပဓါနနာယက ဆရာတော် အရှင်ဝိစိတ္တသည် မြန်မာနိုင်ငံတွင်လည်း တရားပွဲများ ဟောကြားလျက် ရှိခြင်း ၊ မနာပဒါယီ ပညာဒါနကျောင်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိခြင်း ၊ လူမှုထောက်ကူပြု အစီအစဉ်များတွင် လှူဒါန်းခြင်း စသည့် သာသနာပြု လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း ကိုရီးယားနိုင်ငံရှိ ဒါယကာများ၏ ကုသိုလ်ရေးကိစ္စများကို စဉ်ဆက်မပြတ် ဖြည့်ဆီး လမ်းညွှန်မှုပြုနိုင်ရန်အတွက် လက်ထောက်ဆရာတော် တစ်ပါးထားရှိရန်စီစဉ်ခဲ့ရာ ယခုအခါတွင် အဆိုပါ လက်ထောက် ကျောင်းထိုင်ဆရာတော် အရှင်ဝေဠုရိယ သည် စိတ္တသုခကျောင်းတော်သို့ ရောက်ရှိ သီတင်းသုံးတော်မူလျက် ရှိပါသည် ။ 

သို့ပါ၍ ဆရာတော်အား သွားရောက်ဖူးမြော်လိုသူများ ၊ ဆွမ်းခဲဖွယ် နှင့် လှူဖွယ်ဝတ္ထု စသည်တို့ကို ဆက်ကပ်လှူဒါန်းလိုသူများ ၊ ဘာသာရေးဆိုင်ရာတို့ကို မေးလျှောက်လိုသူများ ၊ ကုသိုလ်ဒါန ပြုလိုသူများ သည် စိတ္တသုခကျောင်းတော်သို့ သွားရောက် ဖူးမြော်နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည် ။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster